အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပုလဲရတုမှသည် အနာဂတ်ဆီသို့ . . .

Type
1

 

သက်ဦးမောင် (ယဉ်ကျေးမှု)

၁၉၉၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့သော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သည်   ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် နှစ် ၃၀ ပြည့်၍  ပုလဲရတုတိုင်ခဲ့ပြီဖြစ်သည်။ ပုလဲရတုအထိမ်းအမှတ်  အခါသမယတွင်  တက္ကသိုလ်ကြီး၏  ပုလဲရတုအကြို အနုပညာစွမ်းရည်ပြပွဲ၊ ပြိုင်ပွဲများ၊ ပုလဲ ရတုအထိမ်းအမှတ်  ရုပ်မြင်သံကြားစကားဝိုင်းများ၊  ရုပ်မြင်သံကြားတေးသီချင်း   ရိုက်ကူး ထုတ်လွှင့်မှုများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပုလဲရတုအထိမ်းအမှတ် တက္ကသိုလ်ဓမ္မာရုံ၊  တက္ကသိုလ်မော်ကွန်းတိုက်၊ Art Gallery  ဖွင့်ပွဲများ၊    ပုလဲရတုအထိမ်းအမှတ်  မဂ္ဂဇင်းထုတ်ဝေဖြန့်ချိခြင်းနှင့်    ဆရာ ကန်တော့ပွဲအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။ 
 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ အတွက်    ပုလဲရတုမှသည်...    အနာဂတ် ဆီသို့ ...     ဟူသော     ပုလဲရတုအထိမ်း အမှတ်ဆောင်ပုဒ်နှင့်အညီ ရတုအဆက် ဆက်၊    ရှေ့သို့ချီတက်နိုင်ရန်    သွားရန် လည်းအသင့်  အားမာန်လည်းဝင့်လျက် ကြိုးပမ်း         ဆောင်ရွက်နေကြပါသည်။ အနာဂတ်ဆီ...    ရောက်ရမည့်    ခရီး ပန်းတိုင်သည်   စိတ္တံ   ဒန္တံ   သုခါ   ဝဟံ (ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်း ကိုဆောင်၏)   ဟူသော    တက္ကသိုလ် ဆောင်ပုဒ်နှင့်အညီ စိတ်လည်းယဉ်ကျေး၊ လူလည်းချမ်းသာ၊ သားကောင်းရတနာ များ ထွန်းပေါက်သည့် နိုင်ငံတော်အဖြစ် တည်ရာသို့ ဖြစ်ပါ၏။


ပုလဲရတုရုပ်မြင်သံကြားစကားဝိုင်း


လွန်ခဲ့သော  နှစ် ၃၀ ခေတ်ကာလက        နိုင်ငံတော်တွင်    တိုင်းကျိုးပြည်ဆောင်   နိုင်ငံထူထောင်ရေးနှင့်  တစ်မျိုးသားလုံး စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားရေး၊   အမျိုးဂုဏ်ဇာတိဂုဏ်    မြင့်မားရေးနှင့်   ယဉ်ကျေးမှုအမွေအနှစ်များ၊   အမျိုးသား ရေးစရိုက်     လက္ခဏာများ    မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊       မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး များ အထူးလိုအပ်နေချိန်တွင်   ယဉ်ကျေး မှု တက္ကသိုလ်ဟူ၍  စတင်ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်၏။ 


သို့ဖြစ်၍    တက္ကသိုလ်သမိုင်းအစ ဦးတည်ချက်များမှာလည်း       မျိုးချစ် စိတ်ဓာတ်      ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား   စည်းလုံးညီညွတ်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု          ဖော်ထုတ် ထိန်းသိမ်းရေးဖြစ်ခဲ့၏။ ဤဦးတည်ချက် နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များထိန်းသိမ်းရေး၊      ထွန်းကား ပြန့်ပွားရေးကို    ဆောင်ရွက်ခဲ့ကြ၏။ သုတေသနလုပ်ငန်းများနှင့်တကွ မြန်မာ့ သုခုမအနုပညာရပ်များ           ထွန်းကား ပြန့်ပွားစေပြီး   ထူးချွန်ထက်မြက်သော မျိုးဆက်သစ်    အနုပညာရှင်များကို သင်ကြားလေ့ကျင့်   မွေးထုတ်ပေးခဲ့ကြ ၏။       သင်ကြားရေးနှင့်   စီမံခန့်ခွဲရေး အမှုထမ်း၊       အရာထမ်းများအားလုံးက တက္ကသိုလ်၏     ရည်မှန်းချက်များကို အနုပညာ          ချစ်မြတ်နိုးသောစိတ်ဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော် ခဲ့ကြသည်။


အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) တွင်  ပါမောက္ခချုပ် တာဝန်        ထမ်းဆောင်ခဲ့သူများမှာ ဦးမောင်မောင်ခိုင်    (၁၉၉၃  -  ၁၉၉၈)၊ ဦးဇော်သန်း(၁၉၉၈-၁၉၉၉)၊ ဦးတင်စိုး (၁၉၉၉-၂၀၀၉)၊ ဒေါ်နန္ဒာမွှန်း (၂၀၀၉-၂၀၁၀)၊   ဒေါ်စန္ဒာခင်  (၂၀၁၀-၂၀၁၁)၊ ဦးကျော်ဦး   (၂၀၁၁-၂၀၁၅)၊   ဦးအောင် နိုင်မြင့်    (၂၀၁၅-၂၀၂၁)၊    ဒေါက်တာ ကေသီထွေး(၂၀၂၁-လက်ရှိ) တို့ဖြစ်ကြ သည်။   လက်ရှိပါမောက္ခချုပ်     ဦးဆောင် လျက်       အငြိမ်းစားပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များက      ရုပ်မြင် သံကြားစကားဝိုင်းတွင်   တက္ကသိုလ်၏ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ အနုပညာ- ပညာရေးတို့နှင့်စပ်လျဉ်းကာ   အတွေ့ အကြုံ၊ အသိအမြင်များကို မျှဝေဆွေးနွေး ပြောကြားပေးခဲ့ကြပါသည်။      ဆွေးနွေး ချက်များထဲကမှ        ဤတက္ကသိုလ်ကို စတင်ဖွင့်လှစ်စဉ်က     ယဉ်ကျေးမှု တက္ကသိုလ်  (ရန်ကုန်)ဟု အမည်ပေးခဲ့ ကြောင်း၊ ဖွင့်လှစ်ပြီး  ၁၄  နှစ်အကြာတွင် အမျိုးသားယဉ်ကျေးမှုနှင့်       အနုပညာ တက္ကသိုလ်   (ရန်ကုန်)   ဟု   အမည် ပြောင်းလဲသတ်မှတ်ခဲ့ကြကြောင်း သိရှိခဲ့ ရပါသည်။


ယဉ်ကျေးမှုဟူသည် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ ဒြပ်မဲ့ယဉ်ကျေးမှုတို့ရှိကြပြီး      လူမျိုး တစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့ကြသောပစ္စည်း များ၊   ပြောဆိုကြသော   ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အတွေး အခေါ်နှင့်   စရိုက်လက္ခဏာများ၊    အနု သုခုမပညာ၊  လက်မှုပညာများ  ပါဝင်ပြီး ယင်းတို့ကို    ပေါင်းစုခေါ်ဝေါ်ခြင်းဖြစ်ရာ အလွန်ကျယ်ပြန့်ပါသည်။ 


ယဉ်ကျေးမှု      တက္ကသိုလ်ဟူသည် ဤမျှများပြားသော   ယဉ်ကျေးမှုရေးရာ များထဲမှ  ဘာတွေသင်သနည်း၊   ဘယ်လို သင်သနည်းဟူသော အမေးများရှိလာခဲ့ သည်။ နိုင်ငံတကာ Art University များ ကို လေ့လာကြည့်လျှင်လည်း သက်ဆိုင်ရာ နိုင်ငံ၏        အမျိုးသားယဉ်ကျေးမှုနှင့် ဆိုင်သော   အနုသုခုမပညာရပ်များကို မေဂျာခွဲလျက်   သင်ကြားပေးနေကြသည် ဖြစ်ရာ       မိမိတို့တက္ကသိုလ်ကိုလည်း ခေတ်စနစ်၊ အခြေအနေနှင့်လျော်ညီစွာ ၂၀၀၇ ခုနှစ်  နိုဝင်ဘာလ  ၂၈  ရက်တွင် ပြည်ထောင်စု   မြန်မာနိုင်ငံတော်အစိုးရ အဖွဲ့  အစည်းအဝေးအမှတ် (၄၀/၂၀၀၇) ၏  သဘောတူညီချက်အရ    အမျိုးသား ယဉ်ကျေးမှုနှင့်   အနုပညာတက္ကသိုလ် (ရန်ကုန်)ဟု အမည်ပြောင်းလဲ သတ်မှတ် ခဲ့ကြခြင်းဖြစ်သည်။  ယင်းပညာသင်နှစ် တွင်ပင် မူလက ဂီတပညာဌာန၊ သဘင် ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာ ဌာနဟု   ဌာနလေးခုရှိခဲ့ရာမှ    ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနကို      တိုးချဲ့ဖွဲ့စည်း သင်ကြားပေးခဲ့ပါသည်။


အနုပညာတက္ကသိုလ်ဟု     ဆိုလိုက် သောကြောင့် အနုပညာ-ပညာရေးသည် အရေးကြီးကြောင်း           စကားဝိုင်းဆွေးနွေး ပွဲတွင်   အဓိကဦးတည်ပြောခဲ့ကြသည်။ အနုပညာဘာသာရပ်တစ်ခုကို သင်ကြား ရာတွင်   ယင်းအနုပညာ၏    အတိတ်-ပစ္စုပ္ပန်-အနာဂတ်များ ပါဝင်လာရမြဲဖြစ် သည်။ ဥပမာအားဖြင့်  ပန်းချီပညာရပ်  သင်ကြားလျှင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့ရှိ ပြဒါးလင်းဂူမှ ကျောက်ခေတ် နံရံဆေးပန်းချီများ၊     ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ နံရံဆေးပန်းချီများ အကြောင်းသည်လည်းကောင်း၊   ဂီတ ပညာရပ်ကို  သင်ကြားသည့်အခါ၌လည်း အေဒီ  ၈၀၂ ခုနှစ် ပျူခေတ်  ကချေသည် အဖွဲ့ အတီးအမှုတ်တူရိယာများနှင့်တကွ တရုတ်ပြည်    ဆီယန်သို့    သွားရောက် ဖျော်ဖြေတင်ဆက်မှုများကို        လည်း ကောင်း သင်ကြားရသည်ဖြစ်ရာ သမိုင်း နှင့်   ယဉ်ကျေးမှုကို    ထက်ကြပ်မကွာ လေ့လာသင်ယူရသည့်သဘောများ တွေ့ ရမည်ဖြစ်သည်။ 


ယင်း အနုပညာအရင်းအမြစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ခြင်း၊   သင်ကြားခြင်း၊ လေ့ကျင့်ခြင်း၊ သုတေသနပြုခြင်း၊  မျှဝေ ခြင်းတို့သည်  အနုပညာ  - ပညာရေးပင် ဖြစ်သည်။   မြန်မာ့ရေမြေတွင်   ခေတ် သမိုင်းအဆက်ဆက် နှစ်ပေါင်းထောင်ချီ ၍   အနုသုခုမပညာရပ်များ    ဖြစ်တည် ရှင်သန်ခဲ့၏။    မြန်မာမှု၊    မြန်မာ့ဟန်၊ မြန်မာ့မာန်ဖြင့်          ကမ္ဘာ့အလယ် ထည်ထည်ဝါဝါရှိခဲ့၏။        မြန်မာ့သွေး၊ မြန်မာ့စိတ်ဓာတ်၊ မြန်မာ့ဇာတိမာန်သတ္တိ ဖြင့် ရဲရဲရင့်ရင့်ရပ်တည်ခဲ့၏။ အမျိုးသား ယဉ်ကျေးမှုနှင့်       အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ဤမြန်မာ့သမိုင်းကြောင်း နှင့်  အစဉ်အလာကောင်းသော   မြန်မာ့ ယဉ်ကျေးမှု  အနုသုခုမပညာရပ်များကို ထိန်းသိမ်းရာ၊  ဖန်တီးရာ၊   မြှင့်တင်ရာ၊ မျှဝေရာ၊    ချစ်မြတ်နိုးရာ    တက္ကသိုလ် ကျောင်းတော်ကြီး  ဖြစ်သည်။ တက္ကသိုလ် မုခ်ဦးမှ   ကျောင်းအတွင်းသို့    ဝင်လိုက် သည်နှင့်       လမ်း၏လက်ဝဲဘက်တွင် ဆေးရောင်စုံစာလုံးကြီးများဖြင့်  ရုပ်ကြွ ပုံဖော်ထားသော We Preserve, We Create, We Promote, We Share, We Love, NUAC  ဟူသည့်    စာတန်းကို   သင်ကြားရေး          လမ်းညွှန်ချက်များ သဖွယ်      ကြည့်ရှုမြင်တွေ့နိုင်ကြမည်ဖြစ်သည်။


ပုလဲရတုစကားဝိုင်းအမှတ်(၂)အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ပညာရပ်ဆိုင်ရာ  ပါမောက္ခ/ ဌာနမှူးများ က ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်း များ၊   စာတွေ့လက်တွေ့သင်ကြားရေး အတွေ့အကြုံများ၊ နိုင်ငံတကာအနုပညာ တက္ကသိုလ်များသို့ သွားရောက်လေ့လာ ပညာသင်ယူခဲ့မှုများကို  အများပြည်သူ သိမြင်နားလည်အောင်         ဆွေးနွေး ပြောကြားခဲ့ကြသည်။ 


အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၏ ဂီတပညာဌာနမှ ဂီတဗေဒ၊ ကမ္ဘာ့ဂီတသင်္ကေတ၊ မြန်မာ ဂီတအဆိုဘာသာရပ်၊   တိုင်းရင်းသားများ ၏   ရိုးရာဂီတများ၊  တူရိယာပစ္စည်းများ လက်တွေ့တီးခတ်ခြင်း၊ တူရိယာကိုးမျိုး ဖြစ်သော စောင်း၊ ပတ္တလား၊ မောင်းဆိုင်း၊ ကြေးဝိုင်း၊   ဗုံ၊   နှဲ၊   တယော၊   စန္ဒရား၊ ဆိုင်းဝိုင်း   (ပတ်ဝိုင်း)   တူရိယာတီးခတ် ခြင်း  စသည်တို့ကို  သင်ကြားပေးသည်။ သဘင်ပညာဌာနမှ အကနှင့် အကဗေဒ၊ ဇာတ်ပို့တေးဂီတ၊ ဇာတ်စင်ညွှန်ကြားမှု နှင့်  ဇာတ်ညွှန်းရေးပညာ၊    မြန်မာ့ရိုးရာ ဇာတ်ကြီးပညာ၊   မြန်မာ့ရိုးရာရုပ်သေး ပညာဘာသာရပ်များကို    သင်ကြားပေး နေသည်။ 


ပန်းချီပညာဌာနမှ   ပန်းချီအနုပညာ သမိုင်း၊ ရသခံစားမှုပညာ၊ အခြေခံပုံဆွဲ ပညာ၊  ပန်းချီနည်းပညာ၊ ဒီဇိုင်းပညာ၊ မြန်မာ့ ရိုးရာပန်းချီ၊ ရသပန်းချီများကို သင်ကြား ပေးနေသည်။ ပန်းပုပညာဌာနမှ   ပန်းပု ပညာသမိုင်း၊ ပန်းပုနည်းပညာ၊   မြန်မာ့ ရိုးရာပန်းပု၊   ခန္ဓာဗေဒ၊  အခြေခံပုံဆွဲ ပညာ၊  ပုံဖော်နည်းပညာ၊  ခေတ်ပြိုင်   ပန်းပုဘာသာရပ်များကို သင်ကြားပေး နေသည်။ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ  ဇာတ်ညွှန်းပညာ၊       စီစဉ်ညွှန်ကြားမှု  (ဒါရိုက်တာ)  ပညာ၊ ရုပ်ရှင်ဓာတ်ပုံပညာ၊ သရုပ်ဆောင်ပညာ၊ တည်းဖြတ်ပညာ၊ ပြဇာတ်ပညာ၊ ရုပ်ရှင်သမိုင်းနှင့်  ရသ ပညာဘာသာရပ်များကို   သင်ကြားပေး နေသည်။    စာပေပညာဌာနမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ မြန်မာ့ယဉ်ကျေးမှုသမိုင်း တို့ကို       သင်ကြားပေးလျက်ရှိသည်။   ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ အထက်ပါ အနုပညာဘာသာရပ်အလိုက်   ပါရဂူတန်းများကို          စတင်ဖွင့်လှစ်တော့ မည်ဖြစ်သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်းမှာပင်     ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာကို       ထပ်မံတိုးချဲ့ ဖွဲ့စည်းကာ      သင်ကြားပေးတော့မည် ဖြစ်ပါသည်။
သက်ဆိုင်ရာ    ဘာသာရပ်အလိုက် ပညာသင်နှစ်ကာလ လေးနှစ်ပြီးဆုံးလျှင်  ဝိဇ္ဇာဘွဲ့ချီးမြှင့်အပ်နှင်းပြီး အရည်အချင်း ပြည့်မီသူများကို      နောက်ထပ်ပညာ သင်နှစ်     နှစ်နှစ်တက်ရောက်စေကာ မဟာဝိဇ္ဇာဘွဲ့များ    ချီးမြှင့်အပ်နှင်းပါ သည်။ ဆက်လက်၍ ပါရဂူဘွဲ့များလည်း ချီးမြှင့်အပ်နှင်းနိုင်တော့မည် ဖြစ်သည်။ ယင်းအပြင်   အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်   (ရန်ကုန်)    တွင် ဘွဲ့လွန်ပြတိုက်ဒီပလိုမာ၊          ဘွဲ့လွန် စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာ၊ ဘွဲ့လွန်ပြက္ခဒိန်ပညာဒီပလိုမာ၊  ဘွဲ့လွန် နှင့်  ဘွဲ့ကြိုအသုံးချရှေးဟောင်းသုတေ သနပညာဒီပလိုမာ၊  ဘွဲ့လွန်နှင့်  ဘွဲ့ကြို အနုပညာ    ဒီပလိုမာသင်တန်းများကို လည်း        သင်ကြားလေ့ကျင့်ပေးပြီး ဒီပလိုမာအောင်လက်မှတ်များ ပေးအပ် ချီးမြှင့်လျက်ရှိပါသည်။
ပုလဲရတုသုတေသနစာတမ်းဖတ်ပွဲ
တက္ကသိုလ်၏အသက်သည် သုတေ သနဖြစ်ပြီး သုတေသနဖက်မှ တက္ကသိုလ် အသက်ရှည်သည်ဟု    ပညာရှင်များက မိန့်ဆိုခဲ့ကြသည်။       ပညာရပ်နယ်ပယ် အသီးသီးမှ     ဘာသာရပ်တစ်ခုချင်းစီကို ခြေခြေမြစ်မြစ်သိရှိစေရန် စူးစမ်းလေ့လာ ခြင်း၊ အကြားအမြင်ဗဟုသုတ ပိုမိုရှာမှီး ဆည်းပူးခြင်း၊ အသိသစ်၊ အမြင်သစ်များ ရှာဖွေလေ့လာတင်ပြခြင်းတို့မှာ   သုတေ သနလုပ်ငန်းအခြေခံများပင်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုနှင့်     အနုပညာ တက္ကသိုလ်  (ရန်ကုန်) တွင် မဟာဝိဇ္ဇာ ဘွဲ့ယူသုတေသနကျမ်းနှင့်    ဝိဇ္ဇာဘွဲ့ သုတေသနစာတမ်းများကို ကျောင်းသား များက      နှစ်စဉ်တင်သွင်းကြရသည်။ ဆရာ ဆရာမများကလည်း သုတေသန စာတမ်းများ နှစ်စဉ်ဖတ်ကြားတင်သွင်း ကြရသည်။ 
ယခုပုလဲရတုသဘင်  အခမ်းအနား တွင်လည်း တက္ကသိုလ်အတွက် အရေးပါ အရာရောက်သော  သုတေသနလုပ်ငန်း ကို    အားပေးမြှင့်တင်ရန်၊    ပညာရပ် နယ်ပယ်          ဘာသာရပ်အသီးသီးမှ သင်ကြားလေ့ကျင့်ရေး   အတွေ့အကြုံ များကို မျှဝေရန်၊ သင်ကြားရေးအထောက် အကူပြု     အသုံးချသုတေသနစာတမ်း ကောင်းများ ပေါ်ထွက်လာစေရန်  ပုလဲ ရတု       သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြင်ပပညာရှင် နှင့် ဆရာ ဆရာမ ၁၄  ဦးတို့က သုတေ သနစာတမ်း    ၁၄   စောင်   ဖတ်ကြားခဲ့ သည်။ ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များ  ထိန်းသိမ်းရေးနှင့်   ဆန်းသစ် တီထွင်နိုင်ရေးအတွက်   အထောက်အကူ ပြုနိုင်မည်ဖြစ်သကဲ့သို့ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားတို့၏ ရိုးရာအနုပညာဂီတ၊ အကများအကြောင်းပါ  ဖတ်ကြားတင်ပြ ခဲ့သဖြင့် တိုင်းရင်းသားယဉ်ကျေးမှုအမွေ အနှစ်များ   ထိန်းသိမ်းစောင့်ရှောက်နိုင် ခြင်းနှင့်အတူ   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို      ဖော်ဆောင်နိုင်သည့် စာတမ်းဖတ်ပွဲဖြစ်ပါသည်။
လှပပြည့်စုံ တက္ကသိုလ်ပရိဝုဏ်
တက္ကသိုလ်    နှစ်    ၃၀     ခရီးတွင် ကျောင်း၏ဥပဓိရုပ်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုသစ်လွင်တောက်ပလာသည်။ ဒဂုံမြို့သစ်တောင်ပိုင်း    မြို့နယ်အဝင်၊ ၁/ဈ၊ အောင်ဇေယျလမ်း၊ (၂၆) ရပ်ကွက် ရှိ မြေဧရိယာ ၅၂ ဒသမ  ၀၇၂  ဧက ပေါ်တွင် စိမ်းလန်းစိုပြည်သော သစ်ပင် ပန်းမန်များ၊  အရွက်ဖားဖား  ပင်စည် မြင့်မြင့်မားမားဖြင့်    ကျွန်းစိုက်ခင်း၊ သရက်စိုက်ခင်းများ၊ လမ်းအချိုးအကွေ့ များ၌      လှပသောပန်းပုရုပ်တုများ၊ ခံ့ညားသော  ရုပ်ရှင်စတူဒီယိုကြီးနှင့် ကုမုဒြာဇာတ်ရုံ၊ ကုမုဒြာဆောင်၊ ကံ့ကော် ဆောင်၊   သဇင်ဆောင်  စသည့်    သုံးထပ် စာသင်     ကျောင်းဆောင်ကြီးများ၊ စွယ်တော်ဆောင်၊    သရဖီဆောင်တို့မှ စီမံခန့်ခွဲရေးရုံးများ၊     စာကြည့်တိုက်၊ အနုပညာခန်းမများ၊        ကျောင်းသား ကျောင်းသူများအဆောင်၊      ဝန်ထမ်း အိမ်ရာဆောင်များ၊         အားကစား (ဘောလုံးကွင်း) တို့ဖြင့် တက္ကသိုလ်၏ ဂုဏ်အင်္ဂါနှင့်အညီ   စိမ်းစိမ်းစိုစို    ခံ့ခံ့ ညားညားတည်လျက်ရှိ၏။ ယခု ပုလဲရတု သဘင်       အခါသမယတွင်     တက္ကသိုလ် ဓမ္မာရုံသစ်ကြီးကို         ထပ်မံတိုးချဲ့ တည်ဆောက်     ဖွင့်လှစ်လိုက်ပြန်ရာ တက္ကသိုလ်၏   အလှူအတန်း    အခမ်း အနားများ၊    ဓမ္မသဘင်ဆင်ယင်မှုများ တွင် ပိုမို၍ထူးမြတ်စွာ ကုသိုလ်ဒါနပြုနိုင် ကြတော့မည်ဖြစ်သည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်၏      နှစ်      ၃၀       ခရီးတွင် တက္ကသိုလ်၏  ကျွမ်းကျင်ပညာရှင်များ အဖြစ်လည်းကောင်း၊ ဧည့်ပါမောက္ခများအဖြစ်လည်းကောင်း၊       တက္ကသိုလ် ပညာရေးကောင်စီ      အဖွဲ့ဝင်များအဖြစ် လည်းကောင်း     တက်တက်ကြွကြွ လက်တွဲပါဝင်      ဆောင်ရွက်ခဲ့ကြသည့် ပြင်ပအနုပညာရှင်၊  အတတ်ပညာရှင်ကြီး များကို  အမိတက္ကသိုလ်က   မမေ့မလျော့ ဦးထိပ်ထားလျက်    မြတ်ဆရာပူဇော် ကန်တော့ပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ကတညုတာ-ကတဝေဒီ မင်္ဂလာတရား တော်နှင့်အညီ ကျေးဇူးသိခြင်း၊ ကျေးဇူး ဆပ်ခြင်းများဖြင့်  ဂါရဝ၊  နိဝါတပြုခဲ့ကြ ပါသည်။
ထို့ပြင်       စွယ်တော်ဆောင်တွင် တက္ကသိုလ်မော်ကွန်းတိုက်     ဖွင့်ပွဲကိုပါ ကျင်းပနိုင်ခဲ့သည်ဖြစ်ရာ     အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊      သင်ကြားရေးတို့နှင့် စပ်လျဉ်းသည့် တက္ကသိုလ်က လက်ခံရရှိ ထားသော             စာရွက်စာတမ်းများ၊ လက်ရေးမူများ၊ အမိန့်ကြေညာချက်များ၊ Print Mediaနှင့် Electronic Mediaတို့မှ အရုပ်၊   အသံမှတ်တမ်းများကို   နေရာ တကျ၊     စနစ်တကျ၊   နှစ်ကာလ ကြာရှည်စွာ   ထိန်းသိမ်းမှတ်တမ်းတင် ထားနိုင်မည်ဖြစ်သည်။   Art   Gallery အနုပညာပြခန်း   ဖွင့်လှစ်ပေးခဲ့သဖြင့် အမိတက္ကသိုလ်မှ         ကျောင်းသား ကျောင်းသူများနှင့်     ပညာရှင်များ၏ ပန်းချီ၊ ပန်းပုလက်ရာအဟောင်း၊ အသစ် များကို  တစုတဝေးတည်း   လေ့လာ ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။
ကျောင်းဆင်းဘွဲ့ယူလက်ရာမွန်ပြပွဲနှင့်စင်တင် တင်ဆက်ပွဲ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၏ ဂုဏ်ထူးဝိသေသ တစ်ခုမှာ        ဘွဲ့နှင်းသဘင်မကျင်းပမီ ပန်းချီ၊   ပန်းပု   ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင် တင်ဆက်ပွဲကို ဘွဲ့ယူမည့်    ကျောင်းသား ကျောင်းသူများက စွမ်းရည်ပြတင်ဆက် ကြခြင်းဖြစ်ပါသည်။   နိုင်ငံတော်အဆင့် အမျိုးသားဇာတ်ရုံကြီးတွင်        ပြင်ပ အနုပညာရှင်ကြီးများ၊     အထူးဖိတ်ကြား ထားသော  ဧည့်သည်တော်များ၊ အနယ် နယ်အရပ်ရပ်မှ ကျောင်းသားမိဘဆွေမျိုး များ၊       အနုပညာချစ်မြတ်နိုးသူများ တက်ရောက်လာကြသည်ဖြစ်ရာ မိမိတို့ ကျောင်းတော်ကြီး၏ ယဉ်ကျေးမှုအဆင့် အတန်းနှင့်   တတ်မြောက်မှုစွမ်းရည်ကို အများပြည်သူ   အကဲဖြတ်နိုင်ရန်    ပြသ သည့်ပွဲကြီးဖြစ်သည်။      ကျောင်းဆင်း တော့မည့် အနုပညာရှင်မျိုးဆက်များ၏ ယုံကြည်ရဲရင့်ပွဲလယ်တင့်မှုကို    ရင်သပ် ရှုမော မျက်ဝါးထင်ထင် ကြည့်မြင်ခံစားရ မည့် ပွဲကြီးလည်းဖြစ်ပါသည်။ ပုလဲရတု ကာလအတွင်း၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထိ ကျောင်းဆင်းစွမ်းရည်ပြတင်ဆက် ပွဲ ၂၆ ကြိမ် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။
ဘွဲ့အပ်နှင်းခြင်း
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်  (ရန်ကုန်)  ၏  နှစ် ၃၀  ပြည့် ပုလဲရတုကာလအတွင်း    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ   ဘွဲ့နှင်းသဘင်  ၂၃ ကြိမ်  ကျင်းပနိုင်ခဲ့ပြီး    ဝိဇ္ဇာဘွဲ့    ၂၅၂၁ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၃၈၄ ဦး၊ မဟာဝိဇ္ဇာ ဘွဲ့ ၅၂ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၃၂၇ ဦး၊ အနုပညာ      ကွန်ပျူတာဒီပလိုမာဘွဲ့ ၂၇၁၄ ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ ၅၉ ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ၁၅ ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့   ၁၁  ဦးတို့ကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့သည်။
ထို့ပြင် တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေးတိုးတက်မြင့်မားစေရေးအတွက်  ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ   နိုင်ငံတကာတက္ကသိုလ်များသို့ ပညာသင် စေလွှတ်ခဲ့ရာ အနုပညာဆိုင်ရာ ပါရဂူဘွဲ့ နှစ်ဦး၊ အနုပညာဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့    ၁၄  ဦး ရရှိခဲ့ကြပြီးဖြစ်သည်။
ထိုင်းနိုင်ငံ၊   တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ အမျိုးသားအနုပညာတက္ကသိုလ် များနှင့် သင်ကြားရေးဆိုင်ရာ  နားလည်မှု စာချွန်လွှာ (MoU)  ရေးထိုးကာ  အပြန် အလှန်ပူးပေါင်းဆောင်ရွက်ရင်း          အမိ တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အနုပညာတက္ကသိုလ်သို့ တက်ရောက်သင်ကြားလိုပါလျှင်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တွင်   အခြေခံပညာ အထက်တန်း      အောင်မြင်ပြီးသူများ၊ အနုပညာဝါသနာပါသူများ တက်ရောက် သင်ကြားနိုင်ပါသည်။  တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက်  ပထမနှစ် ဝင်ခွင့်လျှောက်လွှာများကို     နိုင်ငံပိုင် သတင်းစာများမှ  နှစ်စဉ်  ဇူလိုင်လဆန်း တွင် ကြေညာပေးပါသည်။ ဝင်ခွင့်အရည် အချင်းသတ်မှတ်ချက်၊       ရွေးချယ် သင်ကြားနိုင်မည့်     ဘာသာရပ်များ၊ အရည်အချင်းစစ်     လူတွေ့စစ်ဆေးမှု၊ ဆက်သွယ်ရမည့်  တက္ကသိုလ်တည်ရာ လိပ်စာနှင့်      အချက်အလက်များကို ကြေညာချက်တွင်  အပြည့်အစုံဖော်ပြ ထားပြီးဖြစ်သည်။ အောက်တိုဘာလကုန် တွင် လူတွေ့စစ်ဆေးရွေးချယ်ပြီးနောက် တက္ကသိုလ်ပညာသင်နှစ် တစ်နှစ်၏ အစ       နိုဝင်ဘာလ      ပထမပတ်တွင်         စတင် တက်ရောက်သင်ကြားနိုင်ပြီ ဖြစ်ပါသည်။
အချုပ်အားဖြင့်      အမိတက္ကသိုလ် ဖြတ်သန်းလာရသော    ခရီးရှည်သည် ပန်းမွေ့ရာ ရွှေကော်ဇောခင်းထားသည့် သဖွယ် ချောမွေ့လှသည်ဟု မဆိုသာချေ။ လမ်းသစ်ဖောက်၍        လမ်းကောင်းကို လျှောက်ကြရာဝယ်     အခက်အခဲများ ကြုံရတတ်သည်ချည်း       ဖြစ်သည်။ လောကဓံလှိုင်းဂယက်တို့ကိုလည်း ကြုံရ မြဲဖြစ်သည်။ 
နိုင်ငံတော်၏      အားပေးကူညီ ထောက်ပံ့မှု၊      ပြင်ပအနုပညာရှင်ကြီး များ၏    လက်တွဲပါဝင်ဆောင်ရွက်မှု၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ဆရာ ဆရာမများ၊ အမှုထမ်း၊ အရာထမ်းများ၏ မဆုတ်မနစ်      ကြိုးပမ်းအားထုတ်မှုတို့ ကြောင့်   အောင်မြင်မှုများရရှိလာခဲ့ခြင်း ဖြစ်ပါသည်။       တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးနှင့် ထွန်းကား ပြန့်ပွားရေးဟူသော   လမ်းကြောင်းမှန် ပေါ်တွင်  မျိုးဆက်သစ်အနုပညာရှင်များ ကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးရင်း တိုင်းကျိုးပြည်ဆောင်          နိုင်ငံ တည်ဆောက်ရေးတွင်           ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ    ပါဝင်ဆောင်ရွက်နေ ကြမည်ဖြစ်ပါသည်။         အနာဂတ်တွင်    ယဉ်ကျေးသောစိတ်ဖြင့် ချမ်းသာခြင်းကို ဆောင်ကြပေအံ့ဟု…။       ။