
နေပြည်တော် အောက်တိုဘာ ၂၇
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပထမနှစ်မှ စတုတ္ထနှစ်အထိ ဘွဲ့ကြိုတန်းများနှင့် မဟာဝိဇ္ဇာတန်းများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နေ့စဉ်ထုတ်သတင်းစာ များ၌ ကြေညာခဲ့သော်လည်း ယခုအခါ အခြားတက္ကသိုလ်များနှင့် တစ်ပြေးညီဖြစ်စေရေး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်