အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်သည့် Shelter များအနက်  လုပ်ငန်းဆောင်ရွက်ဆဲ Shelter များ အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

 

နေပြည်တော်    မတ်   ၁
သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေမြင့်မားသည့် တိုင်းဒေသကြီး/  ပြည်နယ်များတွင်   ဘေးဒဏ်ခံ အဆောက်အဦ Shelter များကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု      ရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်ဆဲ Shelter များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေး   ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။(ယာပုံ)
အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က  လုပ်ငန်းဆောင်ရွက်ဆဲ Shelter များသည် လက်ရှိအခြေအနေအရ ကိုဗစ် ကာလဖြစ်ခြင်း၊ ဘဏ်ငွေထုတ်ယူမှု အခက်အခဲများ ရှိခြင်း၊  ဆောက်လုပ်ရေးပစ္စည်း   ဈေးနှုန်းများ ကြီးမြင့်ခြင်း၊ လုပ်သားရှားပါးခြင်းနှင့် မြေပြင်လုံခြုံရေးအခြေအနေတို့ကြောင့် လုပ်ငန်းများ ရပ်နားလျက် ရှိသည့်အပေါ်   ပြီးစီးနိုင်သည့်  အခြေအနေရှိသော Shelter များ၊ ပြီးစီးနိုင်ခြေနည်းသော Shelter များ စသည်ဖြင့်  သီးခြားခွဲထုတ်ပြီးနောက်   ဖြေရှင်း ဆောင်ရွက်ရန် နည်းလမ်းများကို အကြံပြုချက်နှင့် တကွ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြလမ်းညွှန်မှု ခံယူနိုင်ရေး ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။ 
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်  တည်ဆောက်ပေးလျက်ရှိသည့် Shelter စုစုပေါင်း ၁၄၆ လုံး ရှိသည့်အနက် ဝန်ကြီး ဌာနမှ တာဝန်ယူဆောင်ရွက်သည့်  ၈၇  လုံးတွင် ကုမ္ပဏီများက        လုပ်ငန်းပြန်လည်အပ်နှံသည့် ဧရာဝတီတိုင်းဒေသကြီးမှ သုံးလုံး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ  တစ်လုံးစီ  စုစုပေါင်း  Shelter ငါးလုံးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ၏ ငွေစာရင်းများသို့  လွှဲပြောင်းပေးပို့ပြီး  သက်ဆိုင်ရာ အစိုးရအဖွဲ့များကို တာဝန်ယူဆောင်ရွက်စေခဲ့သဖြင့် ဝန်ကြီးဌာနမှ   တာဝန်ယူဆောင်ရွက်ခြင်း  ၈၂ လုံး၊ တိုင်းဒေသကြီး/  ပြည်နယ်အစိုးရ   အဖွဲ့များက  တာဝန်ယူဆောင်ရွက်ခြင်း ၆၄ လုံး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုမှတာဝန်ယူဆောင်ရွက်ခြင်း ၈၂ လုံး အနက်  ၆၅ လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး  ၁၇ လုံးမှာ ဆောင်ရွက်ဆဲအခြေအနေဖြစ်၍   တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက  တာဝန်ယူဆောင်ရွက် ခြင်း  ၆၄ လုံး အနက်  ၅၇ လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး ခုနစ်လုံးမှာ  ဆောင်ရွက်ဆဲအခြေအနေ    ဖြစ်ပါ ကြောင်း၊ ရာခိုင်နှုန်းအလိုက် ပြီးစီးမှုအခြေအနေများ ကို သက်ဆိုင်ရာတာဝန်ရှိသူက  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များက  ဖြည့်စွက်ရှင်းလင်းခဲ့ကြပြီး  ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။                                               သတင်းစဉ်