
နေပြည်တော် စက်တင်ဘာ ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့သည် ယနေ့မွန်းလွဲ ၂ နာရီက အမျိုးသားပြတိုက် (နေပြည်တော်) သို့ ရောက်ရှိပြီး Vault အခန်းတွင် ထိန်းသိမ်း ထားရှိသော ယဉ်ကျေးမှုတန်ဖိုး မြင့်မားသည့် မြင်းမူမြို့နယ်မှ ရရှိသော နရားခေါင်း လက်ကြပ်၊ ကျိုက္ကသာမြို့ဟောင်းမှ ရရှိသော ရွှေပြားများ၊ ပုဂံခေတ် တာရာဒေဝီ နတ်သမီးပုံ၊ ပုလဲမြို့နယ်မှ ရရှိ သော ပျူခေတ်ပုတီးလုံးများ၊ တွံတေးမြို့နယ်မှရရှိသော ပုဂံ ခေတ် ရွှေအုန်းဖူး ဆွဲကြိုး အစရှိ သည့် ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း ရွှေထည်ပစ္စည်း ၆၀၁ ခုကို ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုး သား ပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အမျိုးသားပြတိုက် ညွှန်ကြား ရေးမှူး ဒေါက်တာ အေးအေးသင်း တို့က ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက အမျိုးသားပြတိုက် (နေပြည်တော်) နှင့် အမျိုးသား ပြတိုက် (ရန်ကုန်) တို့သည် အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုများကို ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသည့် မြန်မာ့ယဉ်ကျေးမှုများနှင့် မြန်မာ လူမျိုး၏ စွမ်းဆောင်ချက် (Soft Power) များကို ဖော်ထုတ်ပြသရန်၊ ခေတ်မီ ဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ် မှန်ကန်ကာ အဆင့်အတန်းမြင့်မား သည့် ပြတိုက်ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အများ ပြည်သူအတွက် ဖွင့်လှစ်ပြသ ထားရှိသော ပြတိုက်ဖြစ်ကြောင်း။
ပြတိုက်ပစ္စည်း များကို လုံခြုံရေးအစီအစဉ်များ စနစ် တကျချမှတ် ဆောင်ရွက်သွားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခင်းကျင်းပြသရန် လျာထားသည့် တိုင်းရင်းသား ယဉ်ကျေးမှု ပြခန်း ကို အဆင့်အတန်းမီဖြင့် ပြီးစီး အောင် ခင်းကျင်းရန်၊ အများ ပြည်သူများအား ဖွင့်လှစ်ပြသ နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်