
နေပြည်တော် ဒီဇင်ဘာ ၂၉
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030)ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့် သက်မွေးပညာကဏ္ဍများမှ ဆရာ ဆရာမများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အခြေခံပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍများမှ ဆရာ ဆရာမများနှင့် တာဝန် ရှိသူများ အွန်လိုင်းဖြင့် ပါဝင်တက်ရောက် ဆွေးနွေးကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေး အတွက် ညှိနှိုင်းအစည်းအဝေး ၂၆ ခုရှိသည့်အနက် ယနေ့ သည် (၂၃)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ သမားရိုးကျပညာရေး စနစ်သည် လူနည်းစုမှ ဆုံးဖြတ်ခြင်း၊ ကျောင်းသားများမှာ ဆရာမှ သင်ကြားသည့်စာများကို အလွတ်ကျက်မှတ် ရခြင်း၊ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်းနှင့် သင်ရိုးများနှင့် စာမေးပွဲစစ်ဆေးအကဲဖြတ်မှုများမှာ ပုံသေစံသတ်မှတ် ထား၍ ပညာရေးမှာ စာမေးပွဲရမှတ်များပေါ်တွင်သာ ဦးစား ပေးခြင်းတို့ဖြစ်ပါကြောင်း၊ New Normal Education System တွင် နည်းပညာဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ဆိုရှယ်မီဒီယာ၊ ဉာဏ်ရည်တု၊ သုံးဖက်မြင်ဖြင့် ပုံနှိပ်ထုတ် ခြင်း၊ စက်ရုပ်တီထွင်အသုံးချမှုပညာ၊ Internet of Things၊ Big Data၊ Digitalization ၊ Post-truth ၊ သတင်းမှားများ တိုးတက်လာပါကြောင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှုများရှိလာပြီး စားသုံးသူများကလည်း ကုန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်လာပါကြောင်း၊ Corporate Social Responsibility (CSR) များ အရေးကြီး သကဲ့သို့ တန်ဖိုးထားမှုများနှင့် စိတ်ခံစားမှုများမှာ အဓိက ကျသဖြင့် Creating Shared Value (CSV) တန်ဖိုးထားမှု များသည် ပို၍အရေးကြီးလာပါကြောင်း။
လုပ်ငန်းစဉ်များ ဆွေးနွေးသွားမည်
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရေရှည်တည်တံ့ခိုင်မြဲ ပြီးဟန်ချက်ညီသောဖွံ့ဖြိုးရေးပန်းတိုင် Sustainable Develo-pment Goals - SDGs (2016-2030) ပါ ရည်မှန်းချက် ပန်းတိုင် ၁၇ ခု၊ Organisation for Economic Cooperation and Development (OECD) ၏ Future of Education and Skills 2030 နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် NESP 2 (2021-2030) အကောင်အထည်ဖော်ကာလကို ၁၀ နှစ်သတ်မှတ်ရပါကြောင်း၊ ယနေ့ညှိနှိုင်းဆွေးနွေးပွဲတွင် မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွား မည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်း စဉ်များ (Sub-Components)နှင့် လုပ်ဆောင်ချက်များကို ခေတ်အခြေအနေနှင့် လိုအပ်ချက်အပေါ်မူတည်၍ တစ်နှစ် ချင်းစီ စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လူသားများကို တန်ဖိုးထားရန် အရေးကြီးသကဲ့သို့ သဘာဝများဖြစ်သည့် Green Growth ၊ ရွှေ့ပြောင်းနေထိုင်မှု၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာ ခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း စသည်တို့သည်လည်း အရေးကြီးပါကြောင်း၊ အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့်ဆောင်ရွက်ခြင်း၊ ကျေးလက် မြို့ပြ ကွာခြားမှု မရှိခြင်း၊ ကျား မခွဲခြားမှုမရှိခြင်း၊ ဝင်ငွေနည်းများ ကွာခြား မှုမရှိခြင်း အစရှိသည့် တစ်သားတည်းရှိမှု၊ ပြုပြင်ပြောင်းလဲ မှု၊ ပွင့်လင်းမြင်သာမှု၊ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆုံးဖြတ်အကောင်အထည်ဖော်မှုတို့သည် New Normal နှင့် လိုက်လျောညီထွေရှိပါကြောင်း။
ကျောင်းအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများ စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် သင်ရိုး ညွှန်းတမ်းများရေးဆွဲရာတွင် အဆိုပါပူးပေါင်းဆောင်ရွက် မှုများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ၂၁ ရာစု ကျွမ်းကျင် မှုနှင့် အရည်အချင်းများရရှိစေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ဆရာ ဆရာမများ၏ နာသုံးနာနှင့် သင်ကြား သင်ယူမှု နည်းလမ်းကောင်းများကို အသုံးပြုခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ ကျွမ်းကျင်မှုနှင့် အရည် အချင်းများကို မြှင့်တင်နိုင်သဖြင့် အားရကျေနပ်ပါကြောင်း၊ သင်ယူရာတွင် နက်နက်နဲနဲနှင့် ကျယ်ကျယ်ပြန့်ပြန့် သင်ယူ ရန် အရေးကြီးပါကြောင်း၊ နောက်ခံအခြေအနေနှင့် မျှော်မှန်း ရလဒ်မတူသူများကို လူတိုင်းအကျုံးဝင်မှု၊ သာတူညီမျှနှင့် အရည်အသွေးရှိမှု အားလုံးပါဝင်အောင် ဆောင်ရွက်ရသဖြင့် စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အရည်အသွေးသည် အရေးကြီး
NESP(2016-2021) ကိုအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေး မူဝါဒများနှင့်အညီ ကျောင်းသား ကျောင်းသူများကို ကမ္ဘာ့လူသားကောင်း စိတ်ဓာတ်ရှိမှု၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူ တာဝန်ခံမှုဖြင့် အကောင်းဆုံးဆောင်ရွက်တတ် မှု၊ ဆန်းသစ်တီထွင်ဖန်တီးမှုတို့ရှိစေရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မျှော်မှန်းရလဒ်များ ရရှိစေရေး အတွက် ဆရာ ဆရာမများ၏ အရည်အသွေးသည် အရေး ကြီးပါကြောင်း။
ဆရာ ဆရာမနှင့် စီမံခန့်ခွဲရေး အရာထမ်း၊ အမှုထမ်း များ၏ အရည်အသွေးမြှင့်တင်ရာတွင် ကျွမ်းကျင်မှုများကို Reskilling လုပ်ခြင်း၊ Upskilling လုပ်ခြင်းဖြင့် Continuous Professional Development မြှင့်တင်မှုအခွင့်အလမ်း များ လူတိုင်းရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (Teacher Competency Standards Framework- TCSF)၊ Career Pathways နှင့် Qualification Sheet များအရ ရာထူးခန့်အပ်ခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းများကို ဆောင်ရွက်ပါကြောင်းနှင့် လူတိုင်း အတွက် မျှတသောအခွင့်အလမ်းများ ရှိပါကြောင်း၊ ပြည်ထောင်စုဖြစ်သည့် အားလျော်စွာ တိုင်းရင်းသားဒေသ များကို ဦးစားပေးဆောင်ရွက်ရာတွင် အိုင်စီတီဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံများ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း၊ ကန်တင်း များ၊ Green Gardenများ၊ ခြံစည်းရိုးများ၊ ဝန်ထမ်းအိမ်ရာ များ စသည်တို့ကို ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတ မှုရှိပြီး ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ယူ ခွင့် ရရှိစေရန် ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးလျက် ကျောင်းထောက်ပံ့ကြေးများ၊ ပြည်သူ့ဘဏ္ဍာများကို အလေ အလွင့်မရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုရမည် ဖြစ်သဖြင့် အကြံပြုချက်များနှင့် ဆွေးနွေးချက်များသည် အရေးကြီး တန်ဖိုးထားပါကြောင်း။
ပူးပေါင်းဆောင်ရွက်မှုလိုအပ်
ဆရာ ဆရာမများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံ ပညာကဏ္ဍတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း သင်ယူပြီးမြောက်သူ အရေအတွက် တိုးတက်လာပါကြောင်း၊ အထက်တန်း သင်ယူပြီးမြောက်သူ ၅၆၆၀၀၀ ကျော်ရှိလာပြီး နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် ကာလတို၊ ကာလ ရှည်နှင့် ဘွဲ့ရရှိသူများ များလာပါကြောင်း၊ အထူးသဖြင့် အခြေခံပညာကဏ္ဍရှိ ဆရာ ဆရာမများသည် သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှုနည်းလမ်း သစ်များ၊ သင်ထောက်ကူပစ္စည်းများအသုံးပြု၍ မူလတန်း အဆင့်တွင် ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်အောင် သင်ပေးခဲ့သဖြင့် အရှေ့တောင်အာရှ မူလတန်းသင်ယူ တတ်မြောက်မှု ဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) အရ ပါဝင်သော အရှေ့တောင်အာရှနိုင်ငံ ခြောက်နိုင်ငံ၌ အဆင့် ၃ တွင်ရှိ သဖြင့် ဂုဏ်ယူပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးသာမက မိဘ၊ ဆရာများ၊ ကျောင်းအုပ်များကို စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှု တွင် ကျေးလက်-မြို့ပြ၊ ဝင်ငွေနည်း-များ၊ စာသင်ခန်း-ကျောင်းသားအချိုး စသည်တို့တွင် ကွာဟမှုသိပ်မရှိခြင်း၊ ဆရာ ဆရာမများသည် သင်ကြားသင်ယူမှုနည်းလမ်းများရရှိပါက ဆန်းသစ်တီထွင်နိုင်မှုနှင့် သင်ကြားသင်ယူနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူနိုင်မှုအရည်အသွေး မြင့်မားခြင်း စသည့်အားသာချက်များ ရှိသော်လည်း ကျောင်းသား ကျောင်းသူများတွင် ကိုယ်ချင်းစာစိတ် ဖြင့် ကူညီဆောင်ရွက်ခြင်းနှင့် အပြုသဘောဆောင်သည့် သဘောထားများ အားကောင်းရန် လိုပါကြောင်းနှင့် မိဘ နှင့် ဆရာ ဆရာမ ပူးပေါင်းဆောင်ရွက်မှုများတွင် လိုအပ် ချက်များရှိသဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။
စွမ်းဆောင်ရည်ကို အခြေခံသည့်သင်ရိုးများ၊ သင်ကြား သင်ယူမှုနည်းလမ်းများ၊ စဉ်းစားတွေးခေါ်မှုနှင့် ပြဿနာ ဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ်မှုများ ကို ဆောင်ရွက်လျက်ရှိရာ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများသည် အင်္ဂလိပ်စာနှင့် အိုင်စီတီတတ်မြောက် ရေးမှာ သင်ယူရေးအတွက် အရေးကြီးပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားသည့် နိုင်ငံတကာ တက္ကသိုလ်များ၊ ထိပ်တန်းတက္ကသိုလ်များ၏ Online Courses များတွင် တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း။
တစ်သက်တာသင်ယူမှုကို ဆောင်ရွက်ပေးရာတွင် National Qualification Framework အရ ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ မူလတန်းပြီးလျှင် Level –1 ဖြစ် ပါကြောင်း၊ အလယ်တန်းပြီးလျှင် Level–2 ဖြစ်ကြောင်း၊ သို့သော် Minimum Learning Achievement ရရှိရန် လိုအပ်ကြောင်း၊ အထက်တန်းပြီးလျှင် Level – 3 ဖြစ်ပါ ကြောင်း၊ သို့သော် အထက်တန်းပြီးလျှင် Level – 4 ၊ Level– 5 နှင့် Level – 6 ကိုလည်း သွားလို့ရပါကြောင်း၊ Level – 4 သည် Short Circle တစ်နှစ်အထိ သင်တန်းလေးများဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက်တက်၍မရသော်လည်း Level – 5 ကို သွားလို့ရပါကြောင်း၊ Level – 5 သည် Short Circle တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း Advanced Diploma သင်တန်းများဖြစ်ပြီး Tertiary Level ဖြစ်သည့် တက္ကသိုလ်ကို ကူးပြောင်းသင်ယူနိုင်ပါကြောင်း၊ Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ပြီး တက်လို့ရပါကြောင်း၊ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ USA တွင် SAT ၊ ဂျပန် တွင် National Exam၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းကောင်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ Level – 3 မှ Level – 6 ကို တိုက်ရိုက် ခုန်တက်နိုင်ရန် ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စာမေးပွဲစစ်ဆေးအကဲဖြတ်ခြင်းသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြစ်ပါကြောင်း၊ High School Completion Certificate ရရှိသူများသည် Level – 4 ၊ Level – 5 ကို သွားလို့ရသကဲ့သို့ Level – 4 မှ Level – 5 ကို ကူးပြောင်းရနိုင်ပါကြောင်း၊ Level – 5 ပြီးလျှင် Level – 6 သို့လည်း ကူးပြောင်းနိုင်ပါကြောင်းနှင့် ထိုသို့ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးအတွက် National Qualification Framework နှင့်အတူ Credit Transfer System များကို သေသေချာချာ သတ်မှတ်ရန် လိုအပ်ပါ ကြောင်း၊ ယင်း Credit Transfer System တွင် Quality Assurance ၊ Internal Quality Assurance၊ Exter-nal Quality Assurance များက အင်မတန်အရေးကြီး ပါကြောင်း။
စုပေါင်းအင်အားဖြင့် တာဝန်ယူ
ပေါင်းစပ်သင်ကြား သင်ယူမှုနည်းလမ်းတွင် High-Tech Learning နှင့် High-Touch Learning များအသုံးပြုပြီး ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများနှင့် တိုင်းရင်း သားပြည်သူများကို တစ်သက်တာသင်ယူမှုအခွင့်အလမ်း များရရှိစေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင် ရည်များကို မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသဖြင့် လက်တွဲညီညီပူးပေါင်းပြီး စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံကာ ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါ ကြောင်း။
အရည်အသွေးရှိသောပညာရေး
UNESCO: International Commission on the Futures of Education (2020) တွင် Nine Ideas for Public Action ကိုးချက် ပါရှိပါကြောင်း၊ အဆိုပါ ကိုးချက် မှာ (၁) ပညာရေးကို အများအကျိုးဆိုင်ရာ အားလုံးနှင့် သက်ဆိုင်သောလုပ်ငန်းရပ် (Common good)အဖြစ် ခိုင်မာ အားကောင်းလာစေခြင်း၊ (၂) လူတိုင်းပညာသင်ယူနိုင်ခွင့် (Right to education)ကို တိုးချဲ့ဆောင်ရွက်ခြင်း၊ (၃) ဆရာ ဆရာမများ၏ သင်ကြားမှု Profession နှင့် ပူးပေါင်း ဆောင်ရွက်မှုကိုတန်ဖိုးထားခြင်း၊ (၄) ကျောင်းသား၊ လူငယ် များ၏ ပါဝင်ဆောင်ရွက်နိုင်မှုနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ (၅) ပညာရေးပြုပြင်ပြောင်းလဲမှု တွင် ကျောင်းပရဝဏ် Space များကို လူမှုရေးအတွက် လိုအပ်လျှင် ပူးပေါင်းအသုံးပြုခွင့်ပေးခြင်း၊ (၆) ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများအတွက် ပညာအရင်း အမြစ်များနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို Open Source Technologies အဖြစ် အခမဲ့လွတ်လပ်စွာ ရယူနိုင် ရေးဆောင်ရွက်ပေးခြင်း၊ (၇) သိပ္ပံဆိုင်ရာအသိပညာများ (Scientific Literacy) ကို သင်ရိုးညွှန်းတမ်းတွင် ပါဝင်စေ ခြင်း၊ (၈) ပြည်သူ့ဘဏ္ဍာငွေနှင့် နိုင်ငံတကာ အထောက်အပံ့ များ၊ နိုင်ငံတကာချေးငွေများကို အကျိုးရှိထိရောက်စွာ ကာကွယ်ထိန်းသိမ်းသုံးစွဲခြင်း၊ (၉) လက်ရှိ ကြုံတွေ့နေရ သော မညီမျှမှုများကို အဆုံးသတ်နိုင်ရေးအတွက် ကမ္ဘာ စုစည်းအင်အား (Global Solidarity) ဖြင့် တိုးမြှင့် ဆောင်ရွက်ခြင်းတို့ ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ စုပေါင်း အင်အားနှင့်ပညာရေးကို ပြုပြင်ပြောင်းလဲပြီး အရည်အသွေး ရှိသော ပညာရေးကို ဦးတည်ကာ အားလုံးစုပေါင်းအင်အား နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်