
မိဘများ၏ပူးပေါင်းပါဝင်မှု စုပေါင်းအင်အားဖြင့် အရည်အသွေးရှိသောပညာရေးကို ဦးတည်ကြိုးပမ်းအကောင်အထည်ဖော်ရန်အရေးကြီး
နေပြည်တော် ဒီဇင်ဘာ ၁၈
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်၊ ပညာရေးဝန်ကြီး ဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး ပြည်နယ် အသီးသီးရှိ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင် ဆွေးနွေးကြသည်။
စုပေါင်းအင်အားနှင့်ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ယနေ့ ၂၁ ရာစု ကမ္ဘာကြီး တွင် အလိုအလျောက် နည်းပညာ၊ Artificial Intelligence၊ Robotics ၊ Cloud Computing၊ Big Data ၊ Internet of Things စသည့် နည်းပညာ များ ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်သည့် အတွက် လုပ်သားစျေးကွက်ပြောင်းလဲ ပြီး အလုပ်အကိုင်အခွင့်အလမ်း ကောင်းကောင်းရရန် ပြိုင်ဆိုင်မှု ပြင်းထန်ပါကြောင်း၊ ပြိုင်ဆိုင်မှု ပြင်းထန်သည့်အတွက် ရိုးရိုး ကျွမ်းကျင်မှုနှင့်မရတော့ဘဲ အဆင့် မြင့် ကျွမ်းကျင်မှုများက အရေးပါလာပါ ကြောင်း၊ ကမ္ဘာကြီးတွင်လည်း ရာသီဥတုပြောင်းလဲလာပြီး သဘာဝ ပတ်ဝန်းကျင်း ထိန်းသိမ်းမှုအတွက် အရေးကြီးလာပါကြောင်း၊ အလုပ် အကိုင်နဲ့ လိုက်လျောညီထွေဖြစ်သည့် ကျွမ်းကျင်မှုများကို ပြင်ဆင်ထားရ မည်ဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစု Digital Age တွင် အနာဂတ် အလုပ်အကိုင်ကောင်းရရန်အတွက် ကျောင်းသားလူငယ်များကို ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ရရှိအောင် စုပေါင်းအားနဲ့အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း။
လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများကသာ ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက် မှတ်ခြင်း၊ ဆရာများက သင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ် တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထား သည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲ ဖြတ်ခြင်းနှင့် စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့သည် ရှေးထုံးစဉ်လာ ပညာရေးဖြစ်ပါကြောင်း။
ကိုဗစ်မဖြစ်မီအထိ New Normal Education System တွင် New Normal သည် Eco normal အစိတ် အပိုင်းတစ်ခု ဖြစ်လာပါကြောင်း၊ သက်ဆိုင်သူများအားလုံးက ပူးပေါင်း ပါဝင်ပြီး မိမိတို့ ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူ များအားလုံးအတွက် စုပေါင်းအင်အား ဖြင့် တာဝန်ယူပြီး ဆုံးဖြတ်အကောင် အထည်ဖော်ရန်၊ ကျောင်းသားများ ကလည်း ဆန္ဒပြင်းပြစွာ တည်တည် ငြိမ်ငြိမ် နက်နက်နဲနဲ ကျယ်ကျယ် ပြန့်ပြန့်ကြိုးစားပြီး သင်ယူကြရန် အရေးကြီးပါကြောင်း၊ သင်ယူရာတွင် ကျန်းမာလုံခြုံသော သင်ယူမှု ဝန်းကျင်ကောင်းဖြစ်ရန် လိုပါကြောင်း၊ ကျောင်းသားများ၏ အနာဂတ်သုခ ချမ်းသာတို့ကို တန်ဖိုးထားသလို ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင် ရည်များကိုလည်း တန်ဖိုးထားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားများ၏ မတူညီသော နောက်ခံအခြေအနေ၊ သင်ယူမှုနယ်ပယ် မတူကွဲပြားခြားနား မှုများကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ ယခုကိုဗစ်ဖြစ်လာ သည့်အခါ Technology ကို အသုံးပြုပြီး သင်ယူမှုနယ်ပယ်ကို ဖန်တီးပေးရမည်ဖြစ်သကဲ့သို့ စာသင် ခန်းတွင်း သင်ကြားသင်ယူခြင်းသည် ကျောင်းသား ကျောင်းသူ၏ ကျွမ်းကျင် မှုနှင့် စွမ်းဆောင်ရည်ကို အမြင့်ဆုံး ရရှိနိုင်ရန် ယနေ့အချိန်ထိ အစားထိုး ၍ မရနိုင်သေးပါကြောင်း၊ သို့ဖြစ်၍ High-Tech Learning နှင့် High-Touch Learning နှစ်ခုတို့ကို ပေါင်းစပ် အသုံးပြုသည့် Blended Learning ကလည်း အရေးကြီးလာပါကြောင်း၊ ကွဲပြားခြားနားသော ရည်ရွယ်ချက် များအတွက် ပေါင်းစပ်သင်ယူမှုက လည်း တစ်သမတ်တည်းမဟုတ်သလို မတူညီသော အကဲဖြတ်ခြင်းနည်းလမ်း အမျိုးမျိုးကို အသုံးပြုရန်လည်း အရေးပါလာပါကြောင်း၊ အရည် အသွေးအာမခံမှုနှင့် တာဝန်ယူမှုရှိစေ ရေးအတွက် သုံးသပ်အကဲဖြတ်ခြင်း များ အရေးကြီးသလို အရည်အသွေးရှိ သည့် ပညာရေးကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ရန်အတွက် တိုင်းရင်းသားပြည်သူများအားလုံး၏ အကြံပြုဝေဖန်ချက်ပေးမှုကို အားပေး ၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသည်ပင် Traditional Education System နှင့် New Normal Education System ၏ ကွာခြား ချက်များ ဖြစ်ပါကြောင်း။
ပညာရေးပြုပြင်ပြောင်းလဲမှုများ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ပြည်သူ ကို ကတိပြုထားသည့် ဦးစားပေး လုပ်ငန်း ၁၂ ရပ်ဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အခြေခံပညာမူဝါဒအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူ တစ်ဦးတစ်ယောက်မှ မကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေးတို့ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ များတွင် အဆင်းရဲဆုံးသူများသည် ကျောင်းလုံးဝမနေသူများ ဖြစ်ကြောင်း၊ ဒုတိယ အဆင်းရဲဆုံးသူများသည် မူလတန်းနှင့် ကျောင်းထွက်ခဲ့သူများ ဖြစ်ကြောင်း၊ တတိယအဆင်းရဲဆုံး သူများသည် အလယ်တန်းနှင့် ကျောင်းထွက်ခဲ့သူများ ဖြစ်ပါကြောင်း ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ဆင်းရဲမှုက လွတ်မြောက်ရန်အတွက် ကျောင်းသား ကျောင်းသူတိုင်း လူတိုင်းသည် အခြေခံပညာအထက် တန်း ပြီးမြောက်ရန် လိုပါကြောင်း၊ ကျွမ်းကျင်မှုရအောင် အသက်မွေး ဝမ်းကျောင်းသင်တန်းများ လိုပါ ကြောင်း၊ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများနှင့် တက္ကသိုလ် ပညာများကို ဆက်လက်သင်ယူပြီး စဉ်ဆက်မပြတ် အတတ်ပညာစွမ်းရည် တိုးတက်ရေးအခွင့်အရေးများ ရရန် အရေးကြီးပါကြောင်း။
ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်း ရလဒ်အနေဖြင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်း များဖြစ်လာရေး၊ ပူးပေါင်းဆောင်ရွက် တတ်သူများဖြစ်လာရေး၊ တာဝန်ယူ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်သူများဖြစ်လာရေး၊ အကောင်းဆုံး လုပ်ဆောင်တတ်သည့် ဆန်းသစ်တီထွင် ဖန်တီးသူများ ဖြစ်လာမှသာ အလုပ်ကိုင်ကောင်း ကောင်း လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ကူညီတတ်သည့် လူသားကောင်းများဖြစ်ရန် အရေးကြီး ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်တတ် ရန်အရေးကြီးပါကြောင်း၊ ထိုမျှော် မှန်းရလဒ်များ ဖြည့်ဆည်းပေးနိုင်မည့် အရည်အသွေးရှိသော ပညာရေး ကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို အလေးအနက် ထား တင်ပြလိုပါကြောင်း။
ရင်းနှီးမြှုပ်နှံနေ
အဓိကအနေဖြင့် ပညာရေး အတွက် ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ တွင် သင်ယူမှုအခွင့်အလမ်းရရှိရေး အတွက် ပြည်ထောင်စုတွင် တိုင်းရင်း သားလူမျိုးပေါင်းစုံ နေထိုင်သော ကြောင့် တိုင်းရင်းသားဒေသများကို ဦးစားပေး၍ သင်ယူမှုအခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးနေပါ ကြောင်း၊ သင်ရိုးညွှန်းတမ်းများ မြှင့်တင်၍ အခြေခံပညာ၊ နည်းပညာ နှင့် သက်မွေးပညာရေး၊ အဆင့်မြင့် ပညာ တက္ကသိုလ်သင်ရိုးညွှန်းတမ်း များ မြှင့်တင်၍ ဆောင်ရွက်နေ ပါကြောင်း။
ဆရာ ဆရာမများအား သင်ကြား သင်ယူမှုနည်းလမ်းများ၊ သင်ထောက် ကူပစ္စည်းများ အသုံးပြုနည်းသင်တန်း များ ပေးခဲ့ပါကြောင်း၊ နည်းပညာများ၊ ကွန်ပျူတာများကို အခြေခံအထက် တန်းကျောင်းများတွင် ဖြည့်ဆည်း ပေးနေပါကြောင်း၊ လိုအပ်နေသည့် စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ သောက်ရေသုံးရေများ၊ သန့်စင်ခန်း များနှင့် အားကစားကွင်းများ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ မိဘများ ၏ အကြံဉာဏ်များနှင့်အတူ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ တိုင်းရင်းသားဒေသများကို ဦးစားပေးလျက် လိုအပ်ချက်ရှိသော နေရာများတွင် ဆက်လက်ဖြည့်ဆည်း ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အရည်အသွေးရှိသော ပညာရေး ကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဆရာ ဆရာမများ ခန့်ထား ခြင်း၊ ပြောင်းရွှေ့ခြင်း၊ သတ်မှတ် အရည်အချင်း ကိုက်ညီသူများကို ရာထူးတိုးပြောင်း အခွင့်အလမ်း မူဝါဒများ သတ်မှတ်ချက်များနှင့် အညီ ရာထူးတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးနေပါကြောင်း၊ အရည် အသွေးရှိသော ပညာရေးတွင် ဆရာ ဆရာမ၏ အရည်အချင်းက အဓိက ဖြစ်သည့်အတွက် နှစ်နှစ်သင် ပညာရေး ကောလိပ်များကို လေးနှစ် သင်ပညာရေး ဒီဂရီကောလိပ်များ အဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါကြောင်း၊ သုတေသနလုပ်ငန်းသည် တက္ကသိုလ် ၏အသက်ဖြစ်ပါကြောင်း၊ သုတေသန ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်း ဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် စာတမ်းရေးသားခြင်းစသော သုတေ သန စွမ်းဆောင်ရည်မြှင့်တင်မှုများကို လည်း အားပေးလျက်ရှိပါကြောင်း။
ယခုအခါ အခြေခံပညာ အထက် တန်းကျောင်းများ၊ နည်းပညာ နှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များတွင် WIFI ၊ Website များ ဆောင်ရွက်ပေးနေပါကြောင်း၊ စာကြည့်တိုက်များတွင်လည်း e-library Facility များ ဖန်တီးပေးရန် လိုပါကြောင်း၊
သင်ယူမှုဝန်းကျင်သည် လုံခြုံရန်၊ ဘေးကင်းရန်နှင့် ကျန်းမာရန်လိုအပ်ပါ ကြောင်း၊ အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်း ဖြစ်ရန် အတွက် အရေးကြီးပါကြောင်း၊ နည်းပညာသင်ကြားရေးနှင့် လေ့ကျင့် ရေးများတွင်လည်း ပုံမှန်သင်တန်းများ အပြင် ဒေသအကျိုးပြု ကာလတို သက်မွေး သင်တန်းများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ Myanmar Digital Education Platform (MDEP) တွင် Learning Management System များဖြင့် အခြေခံ ပညာရေးနှင့် နည်းပညာနှင့် သက်မွေး ပညာရေးများတွင် အခမဲ့သင်ယူ နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။
South-East Asia Primary Learning Matrix (SEA PLM) ကို အာဆီယံခြောက်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ယူနီဆက်၊ ဆီမီယိုနှင့် ဩစတြေးလျတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ သည် ပထမဆုံး ဆောင်ရွက်သော နိုင်ငံဖြစ်ပါကြောင်း၊ SEA - PLM အစီရင်ခံစာအရမြန်မာနိုင်ငံ Grade 5 ကျောင်းသား ကျောင်းသူများသည် တခြားသော သုံးနိုင်ငံထက် စာဖတ် ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာတွင် ပျမ်းမျှထက် သာလွန်နေသည်ကို တွေ့ရပါကြောင်း၊ အရေးအဖတ်၊ သင်္ချာ၊ Global Citizenship စွမ်းရည် များ အားကောင်းသည်ကို တွေ့ရ သဖြင့် ဝမ်းသာပါကြောင်း၊ ဆရာ ဆရာမများ အားလုံးကို ကျေးဇူးတင်ပါ ကြောင်း၊ အားနည်းချက်အနေဖြင့် ကလေးများ၏ Positive Attitude အမြင်များ မြှင့်တင်ပေးရန် လိုအပ်နေ သေးပါကြောင်း၊ ကျောင်းသားမိဘ များ၊ မိဘဆရာ အသင်း၊ ဆရာဆရာမ များ၊ ကျောင်းအုပ်များနှင့် တာဝန်ရှိသူ များ ပူးပေါင်း၍ ရင်သွေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်လာရေး ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထားပါ ကြောင်း၊ မိဘများ၏ ပူးပေါင်းပါဝင်မှု စုပေါင်းအင်အားဖြင့် အရည်အသွေး ရှိသော ပညာရေးကို ဦးတည်ကြိုးပမ်း အကောင်အထည်ဖော်ရန် အရေးကြီး ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာ ဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲ ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် တက်ရောက်လာသူ များက အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲ ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သိရှိလိုသည်များကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြကြောင်း သိရသည်။ သတင်းစဉ်