
အမျိုးသားညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုး၊ ဘာသာ၊ ယောက်ျား၊ မိန်းမ၊ ဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတစ်ခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများ ပြည့်ဝနိုင်ရန် အမျိုးသား တို့၏လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရော ကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်။
[ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ ရွှေတိဂုံဘုရား အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ် ချက်]