
နေပြည်တော် နိုဝင်ဘာ ၁၅
အမျိုးသားမြေဥပဒေ ရေးဆွဲပြုစု ရေး အထောက်အကူပြု လုပ်ငန်း အဖွဲ့၏ တတိယအကြိမ် အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးမင်းသူ၊ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူ ပြုလုပ်ငန်းအဖွဲ့ဝင်များ တက် ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် “အမျိုးသား မြေဥပဒေ(မူကြမ်း)ကို ရေးဆွဲပြုစု ၍ အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီသို့ တင်ပြရန် လုပ်ငန်းကိစ္စရပ်များ၊ မူကြမ်း ရေးသားပြီးစီးထားသည့် အခန်း များကို လုပ်ငန်းအဖွဲ့အနေဖြင့် ဆက်လက်ဆွေးနွေး သုံးသပ် အတည်ပြုကြမည့် နည်းလမ်းများ၊ အမျိုးသားမြေအသုံးချမှုကောင်စီ ၏ လမ်းညွှန်မှုအရ လုပ်ငန်း ကော်မတီက ပေးပို့လာသော အမျိုးသားမြေဥပဒေ မူကြမ်းတွင် ပါဝင်သင့်သည့် အခန်း၊ ခေါင်းစဉ် များ ဒုတိယမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ရေးဆွဲပြုစု လျက်ရှိသည့် အမျိုးသား မြေဥပဒေတွင် လက်ရှိ ကိုင်တွယ်ကျင့်သုံးနေကြ သည့် ဥပဒေများ၌ မြေနှင့်စပ်လျဉ်း ၍ အဓိပ္ပာယ်ဖော်ပြချက်များနှင့် ဥပဒေချင်း ဝိရောဓိဖြစ်နေသော အချက်များရှိပါက ဖြေရှင်းပေးနိုင် မည့် အချက်များထည့်သွင်းဆောင် ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဒုတိယအကြိမ်အစည်းအဝေးတွင် မြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်း စီမံချက်နှင့် လုပ်ငန်းအချိန်ကာလ သတ်မှတ်မှုတို့ကို အကြမ်းစတင် ဆွေးနွေးခဲ့ကြပြီး လှည့်လည်စာတွဲ နှင့် ထပ်မံအကြံပြုခဲ့မှုများအပေါ် အချောသတ်ပြုစု၍ လုပ်ငန်း ကော်မတီသို့ တင်ပြပေးနိုင်ခဲ့ ကြောင်းနှင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်းများအပြီးသတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်