အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ

 

နေပြည်တော်   မေ   ၂၃


နိုင်ငံတော်       စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပြည်ထောင်စု  အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး၊    အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး    ရာပြည့် ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့သည်   ရုရှားဖက်ဒရေးရှင်း နိုင်ငံ လုံခြုံရေးကောင်စီ အတွင်း ရေးမှူး     H.E.Mr. Nikolay Patrushev ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စ ရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ      အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညနေပိုင်း တွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။

 


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ပြည်ထောင်စု အစိုးရအဖွဲ့ရုံး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့အား    ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌     ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း   သိရ သည်။                  

သတင်းစဉ်