အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၅၀ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း  ၁၁  ရက်
( ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ  ၂၃  ရက် )
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ တာမွေအဝိုင်းအနီး၊ အနောက်မြင်းပြိုင် ကွင်းလမ်း၊ ပထမထပ်၊ အမှတ်(၄၇)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ  [National  Democratic Force Party (NDF)]  ကို  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)]၏ မှတ်ပုံတင် အမှတ်မှာ (၄၃) ဖြစ်ပါသည်။

                
(ပုံ) သိန်းစိုး
 ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်