
နေပြည်တော် ဒီဇင်ဘာ ၁၇
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေး ကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့သည် ဒီဇင်ဘာ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုး သား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုး သားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)၊ မြန်မာအမျိုးသား ဒီမို ကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရခိုင်အမျိုးသားအဖွဲ့ ချုပ် (ULA/AA)၊ တအာင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)တို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြ သည်။
တွေ့ဆုံ ဆွေးနွေးရာတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ နှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘော ထားများ၊ ဆက်လက်လုပ်ဆောင် သင့်သည့် အကြံပြုချက်များ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး နှံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
ဆွေးနွေးချက်များ အပေါ် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့ သည်။
ဆက်လက်၍ ညှိနှိုင်းရေး ကော်မတီသည် တက်ရောက်လာ ကြသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ တစ်ဖွဲ့ချင်းစီကို လည်းကောင်း၊ NDAA မိုင်းလား အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ ဝင်များကိုလည်းကောင်း သီးခြား စီ တွေ့ဆုံပြီး လက်နက်ကိုင် ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဆက်လက် ဆောင်ရွက်ကြမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် နယ်စပ်တည်ငြိမ်အေးချမ်း ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌက တက်ရောက် လာကြသူများအား တပ်မတော် ထုတ် စားသောက်ဖွယ်ရာများ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်