အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များတွေ့ဆုံ


 

နေပြည်တော် နိုဝင်ဘာ ၁


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ   တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန  (NSPC)  အစည်းအဝေးခန်းမ၌  ကျင်းပ သည်။
အစည်းအဝေးသို့    အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်  ကော်မတီဝင်များ၊  ကချင်ပြည်နယ်ရှိ ခရစ်ယာန်အသင်းတော်များမှ       ကျောင်းထိုင် ဘုန်းတော်ကြီးများ၊  သိက္ခာတော်ရဆရာတော်များတက်ရောက်ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်း ချုပ် (KBC) တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား  
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်   ကချင်ပြည်နယ်    မြစ်ကြီးနားမြို့ရှိ ကက်သလစ်အသင်းတော်မှ    ဖာသာရ်ဒေါက်တာ ခါးအောင်တူးတို့က   နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေး
ထို့နောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က    ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေ မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံ ပွဲသို့   တက်ရောက်ကြသူများက  ကချင်ပြည်နယ် အတွင်း   တည်ငြိမ်အေးချမ်းရေး၊  ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍    အကျယ်တဝင့်   ရှင်းလင်းဆွေးနွေး ကြသည်။ 
ယင်းနောက်  ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC) တွဲဖက်အတွင်းရေးမှူး  သိက္ခာတော်ရ ဆရာတော်ဇေခေါင်နှင့် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့က နိဂုံးချုပ်အမှာစကားပြောကြားကြပြီး တွေ့ဆုံ ပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်