အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

 

နေပြည်တော်  အောက်တိုဘာ  ၂၃


အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPC)နှင့် နိုင်ငံရေးပါတီများ          တွေ့ဆုံ ဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


တက်ရောက်


အစည်းအဝေးသို့   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု     ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန    (၁) ပြည်ထောင်စုဝန်ကြီး         ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီ ဝင်များ၊ နိုင်ငံရေးပါတီ (၁၄) ပါတီ မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။  

 


တွေ့ဆုံပွဲတွင်     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု        ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်    နိုင်ငံရေးပါတီများ  ကိုယ်စား      မြန်မာအမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်း မြင့်ထွဋ်တို့က   နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။

 


ထို့နောက် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး  မင်းနောင်နှင့်  ကော်မတီဝင်  ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် တို့က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင် ရွက်နေမှု     အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူများက ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ   လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။ 

 


အမှာစကား  ပြောကြား 


ယင်းနောက် နိုင်ငံရေးပါတီများ ကိုယ်စား ဖက်ဒရယ်ပြည်ထောင်စု ပါတီဥက္ကဋ္ဌ   ဦးစောသန်းမြင့်နှင့် အမျိုးသား    စည်းလုံးညီညွတ် ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင် မှု     ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး        ဒုတိယ ဗိုလ်ချုပ်ကြီး  ရာပြည့်တို့က  နိဂုံး ချုပ်အမှာစကား   ပြောကြားကြ ကာ  တွေ့ဆုံပွဲကို  မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်