အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးမြှင့်နိုင်ရေး စံချိန်စံညွှန်းလုပ်ငန်းကော်မတီစည်းဝေး

 

နေပြည်တော်    မေ   ၃၀
အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက် နှင့်အညီ  ဆောင်ရွက်ရန်  မြန်မာစံချိန်စံညွှန်းများ ထွက်ပေါ်နိုင်ရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော    အမျိုးသားအဆင့်    အရည် အသွေး    အခြေခံအဆောက်အအုံဆိုင်ရာ    ကဏ္ဍ အသီးသီးကို   ဟန်ချက်ညီညီ   ဖွံ့ဖြိုးတိုးမြှင့်နိုင်ရေး အတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၃)  အစည်းအဝေးကို  ယနေ့နံနက် ၉ နာရီခွဲတွင် သိပ္ပံ နှင့်   နည်းပညာဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိန်း ကျော်က    မြန်မာနိုင်ငံအတွက်    အမှန်တကယ်  အကျိုးဖြစ်ထွန်း လိုအပ်လျက်ရှိသည့် စံချိန်စံညွှန်း များ    စနစ်တကျ    ဦးစားပေး   ချမှတ်နိုင်ရေးနှင့် ယင်းစံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီစွာလိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့်  စပ်လျဉ်း၍    ပြော ကြားသည်။
ထို့နောက်  သုတေသနနှင့်  တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူ များက   နည်းပညာဆပ်ကော်မတီများမှ   အဆိုပြု ထားသော   စံချိန်စံညွှန်းများ၊   ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် ကော်မတီအဆင့်  ဆွေးနွေးဆောင်ရွက်ပြီး၍ အများပြည်သူ သဘော ထားမှတ်ချက်များ   ရယူဆောင်ရွက်လျက်ရှိသော  မြန်မာ   စံချိန်စံညွှန်း  မူကြမ်းများနှင့်  ပတ်သက်၍ ဆွေးနွေးခြင်း၊ ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအသစ်     ထပ်မံ       ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ASEAN Harmonized Standards များမှ ISO/IEC Standards များဖြစ် သည့်  Committee on Conformity Assessment Standards - CASCO's Standards များကို စံချိန် စံညွှန်း လုပ်ငန်းကော်မတီ၏ သဘောတူညီမှု ရယူ ၍   မြန်မာစံချိန်စံညွှန်းများအဖြစ်  ချမှတ်နိုင်ရန် ဆွေးနွေးခြင်းနှင့် စံပြုအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ (Model Certification Body) တစ်ခုအဖြစ်    အမျိုးသားအဆင့်   အရည်အသွေး ထောက်ခံချက်    ထုတ်ပေးရေးအဖွဲ့     (National Certification Body - NCB)    တည်ထောင်ရေး ဆောင်ရွက်နေမှုများ၊ စံချိန်စံညွှန်းများ ကျယ်ကျယ် ပြန့်ပြန့် အကျိုးရှိရှိ သုံးစွဲမှုမြှင့်တင်နိုင်ရေးအတွက် Awareness    Program    ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ   ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  စံချိန်စံညွှန်းလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော  ဆက်စပ်ဝန်ကြီးဌာနများမှ    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်     တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်၊    မြန်မာနိုင်ငံစက်မှု  ကုန်ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်