
နေပြည်တော် အောက်တိုဘာ ၂၀
အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Online မှ Virtual Format စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မဟာဗျူဟာရေးဆွဲ ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာတစ်ရပ် နိုင်ငံတော်တွင် လိုအပ်သည့် အကြောင်းနှင့် မဟာဗျူဟာရေးဆွဲရာတွင် အလေးအနက်ထားစဉ်းစားသင့်သည့် အချက် များကို ရှင်းလင်းဆွေးနွေး၍ အဖွင့်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက မဟာဗျူဟာ ရေးဆွဲရေး ဦးဆောင်ကော်မတီအတွက် နိုင်ငံတော်သမ္မတရုံး၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့်အညီ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေး အများပြည်သူ ဆိုင်ရာအဖွဲ့အစည်းများ အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများ အထောက်အကူ ပြုလုပ်ငန်းကော်မတီနှင့် နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့တို့ကို ဖွဲ့စည်းရေး ကိစ္စနှင့် အဖွဲ့ဝင်များအတွက် စံနှုန်းသတ်မှတ် ချက်များ အတည်ပြုပေးရေးကိစ္စတို့ကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံ သဘောတရား(၈)ချက်၊ အိမ်နီးချင်းနိုင်ငံ အချို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာများအပေါ် ရှင်းလင်းဆွေးနွေး ပြီး ဖြန့်ဝေပေးထားသော မြန်မာနိုင်ငံအမျိုး သားအဆင့်အဂတိလိုက်စားမှု တိုက်ဖျက် ရေးမဟာဗျူဟာ(ပုံကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက အထောက်အကူပြုလုပ်ငန်း ကော်မတီနှစ်ရပ် နှင့် နည်းပညာဆိုင်ရာ အထောက်အကူပြု အဖွဲ့များ လျာထားဖွဲ့စည်းခြင်း၊ စံသတ်မှတ် ချက် (Criteria)များအပေါ် ဆွေးနွေးအတည် ပြုခြင်းနှင့် မဟာဗျူဟာ(ပုံကြမ်း)ရေးဆွဲရေး တို့အပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ နှင့် အရပ်ဘက်အဖွဲ့အစည်းများ အထောက် အကူပြုလုပ်ငန်းကော်မတီ ဖွဲ့စည်းရာတွင် စံသတ်မှတ်ချက် (Criteria) များနှင့်အညီ ပါဝင်နိုင်ရန် ကျယ်ပြန့်စွာ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအတွက် လုပ်ငန်းတာဝန်များ(ToR)ကို ဆက်လက် ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် ဒုတိယ အကြိမ် ဦးဆောင်ကော်မတီအစည်းအဝေး၌ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်းနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့သည့်အတွက် ဦးဆောင်ကော်မတီအဖွဲ့ဝင် များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
သတင်းစဉ်