အမေရိကန်တစ်ဝန်း အိုမီခရွန်ကူးစက်မှုများကြောင့်  ကျန်းမာရေးလုပ်သားအင်အားပြတ်တောက်မှုဖြစ်ပေါ် 

 

 

ဝါရှင်တန်  ဇန်နဝါရီ   ၁၁
အမေရိကန်နိုင်ငံတစ်ဝန်း  အိုမီခရွန်ကူးစက်မှုများကြောင့် လုပ်သား အင်အားပြတ်တောက်မှုမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိလာ သည်ဟု သိရဿည်။ 
အမေရိကန်ဆေးရုံ ၅၀၀၀ ထဲတွင်  ၂၄ ရာခိုင်နှုန်းမှာ ဝန်ထမ်း အင်အားပြတ်တောက်မှု စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာသည် ဟု အမေရိကန်ကျန်းမာရေးနှင့်  ဝန်ဆောင်မှုဌာန၏ အချက်အလက်များ အရ သိရသည်။ 
ဆေးရုံ ၁၀၀ ကျော်မှာလည်း လာမည့်သီတင်းပတ်အတွင်း ဝန်ထမ်း အင်အားပြတ်တောက်မည့်အရေးနှင့် တွေ့ကြုံရဖွယ်ရှိသည်ဟု ပြော သည်။ ရှေ့တန်းမှလုပ်ဆောင်နေကြသည့်  ကျန်းမာရေးဝန်ထမ်းများ မှာ ရောဂါကူးစက်ခံရခြင်း  သို့မဟုတ်  ကိုဗစ် -၁၉ ကူးစက်ခံထားရသူနှင့် ထိတွေ့မှုကြောင့်    အသွားအလာကန့်သတ်ခံနေရခြင်းတို့ကြောင့် ဝန်ထမ်းအင်အားပြတ်လပ်မှုများ ဆက်လက်ပေါ်ပေါက်လျက်ရှိသည်။ ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး က ဇန်နဝါရီ ၁၀ ရက်တွင် ဆေးရုံ များအတွက်  အရေးပေါ်ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။ 
ဆေးရုံများတွင် ဝန်ထမ်းအင်အားဖြည့်တင်းရန်နှင့်  ဆေးရုံခုတင် များတိုးရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကလေး ငယ်များ ဆေးရုံတက်ရမှုနှုန်းမှာလည်း တစ်စတစ်စများပြားလာခဲ့ သည်။ လော့စ်အိန်ဂျလိစ် ကလေးဆေးရုံတွင် ဆေးရုံတက်နေရသည့် ကိုဗစ် -၁၉ လူနာအရေအတွက်မှာ ဒီဇင်ဘာလအတွင်းက ၁၇ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ     ဇန်နဝါရီလ၌   ၄၅ ရာခိုင်နှုန်းအထိ    တိုးလာ ခဲ့ကြောင်း   ဆေးရုံ၏   ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ မိုက်ကယ်စမစ်က ပြောသည်။                                        ဆင်ဟွာ