အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ဖြစ်ပွားသူနှင့်အတူ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ခြင်းမရှိခဲ့

 

 

ဝါရှင်တန်   ဒီဇင်ဘာ   ၂၁ 
အဲဖို့စ်ဝမ်း    လေယာဉ်ပေါ်တွင် ဒီဇင်ဘာ ၁၇ ရက်က နာရီဝက်ခန့် အတူရှိခဲ့သော   ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားနေ ကြောင်း  ဒီဇင်ဘာ  ၂၁ ရက်က တွေ့ရှိပြီးနောက်   အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားခြင်း   မတွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက် သည်။ 
အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်ကို အန်တီဂျန်နည်းဖြင့် ပုံမှန် ကိုဗစ်-၁၉     စစ်ဆေးချက်နှင့် ပီစီအာရ်နည်းဖြင့်   ကိုဗစ်-၁၉ စစ်ဆေးချက်နှစ်ခုစလုံး စစ်ဆေး ခဲ့ရာ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အိမ်ဖြူ တော်       ပြန်ကြားရေးဝန်ကြီး ဂျန်ဆာကီက  ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြလိုက်သည်။ 
ဘိုင်ဒင်သည်    ၎င်း၏နေ့စဉ် အလုပ်များကို       ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆာကီက ပြောကြားခဲ့သည်။ 
အမေရိကန် ရောဂါထိန်းချုပ် ရေးနှင့်    ကာကွယ်ရေးဌာန၏ လမ်းညွှန်ချက်များအရ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်   ထိုးထား သူများအနေဖြင့်     ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများနှင့် ထိတွေ့ ခဲ့သော်လည်း  ကွာရန်တင်းဝင်ရန် မလိုကြောင်း သိရသည်။ ဆင်ဟွာ