အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

 

 

နေပြည်တော်   နိုဝင်ဘာ   ၁၅
ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊   မြန်မာနိုင်ငံ  အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စား လှယ်နှင့်  နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ   Mr.Yohei SASAKAWA  နှင့်  အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ   စေ့စပ်ညှိနှိုင်းရေး    ရစ်ချက်ဆန်စင်တာဥက္ကဋ္ဌ Mr. Bill Richardson တို့၏  မေတ္တာရပ်ခံချက်အရလည်းကောင်း၊      နိုင်ငံအချင်းချင်း  မိတ်ဝတ်မပျက်သော  ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း၊        လူသားချင်းစာနာထောက်ထားမှုကို   အလေးထားသောအားဖြင့်လည်းကောင်း  အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံကူးလက်မှတ်အမှတ် ၅၆၇၆၄၀၀၄၃  ကိုင်ဆောင်သူ  အမေရိကန်နိုင်ငံသား  Mr.  Daniel  Jacob  Fenster  (ဘ)  Bud Fenster  အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ  ၄၀၁၊  ပုဒ်မခွဲ (၁) အရ  ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက် ကြောင်းနှင့် ၎င်းသည် ယနေ့တွင် Mr. Bill  Richardson နှင့်အတူ     တစ်ပါတည်း   လေကြောင်းခရီးဖြင့်   ပြန်လည်ထွက်ခွာသွားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်