
နယူးယောက် စက်တင်ဘာ ၂
အမေရိကန်နိုင်ငံ နယူးယောက်နှင့် နယူးဂျာစီ ပြည်နယ်တို့၌ အီဒါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် လေဆင်နှာမောင်းတိုက်ခတ် မှုများကြောင့် အနည်းဆုံး ကိုးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာများက ယနေ့ သတင်းဖော်ပြသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ် များအတွင်း ရေဝင်ရောက်လျက်ရှိပြီး ဒေသခံ ပြည်သူအချို့သည် ၎င်းတို့နေအိမ်များအတွင်း၌ပိတ်မိ လျက်ရှိသည်။ လမ်းမများပေါ်တွင် ပိတ်ဆို့လျက်ရှိ သည့် မော်တော်ကားတစ်စီး၌ လူတစ်ဦး သေဆုံး လျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နယူးယောက်နှင့် နယူးဂျာစီပြည်နယ် အုပ်ချုပ် ရေးမှူးများက အဆိုပါပြည်နယ်များကို ရာသီဥတု ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာ ထားသည်။ နယူးယောက်ပြည်နယ်အတွင်းရှိ ဗဟိုပန်းခြံနေရာတွင် တစ်နာရီလျှင် မိုးရေချိန် သုံးလက်မ (၈ စင်တီမီတာ) ခန့် ရွာသွန်းခဲ့ကြောင်း သိရသည်။
နယူးယောက်စီးတီးမြို့ရှိ မြေအောက်ရထား လိုင်းအားလုံးကို ယာယီရပ်နားထားရသည့်အပြင် နယူးယောက်ပြည်နယ်နှင့် နယူးဂျာစီပြည်နယ်တို့နှင့် ဆက်စပ်သည့် လေကြောင်းလိုင်းများနှင့် မီးရထား လိုင်းများကိုလည်း ပြေးဆွဲမှု ယာယီရပ်ဆိုင်းထား ကြောင်း သိရသည်။
နယူးဂျာစီပြည်နယ်တွင် လူနေအိမ်တိုက်ခန်း များအတွင်း ပိတ်မိနေမှုကြောင့် တစ်ဦးသေဆုံး ကြောင်းနှင့် နယူးယောက်စီးတီးမြို့၌ ခုနစ်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာများက သတင်း ဖော်ပြသည်။ နယူးယောက်စီးတီးမြို့၌ သေဆုံးသူများ တွင် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်
ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကိုးကား - ဘီဘီစီ
ဘာသာပြန် - အောင်ကျော်ကျော်