
နယူးယောက် ဇန်နဝါရီ ၂၃
အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်မားဆဲဖြစ်ပြီး နေ့စဉ်ကူးစက်မှု မှာ ၇၀၀၀၀၀ ကျော် ရှိသည်။
စာသင်ကျောင်းများနှင့် ဆေးရုံများတွင် လည်း ဝန်ထမ်းအင်အားပြတ်လပ်မှုနှင့် ရင်ဆိုင် နေရသည်။ နေ့စဉ်ကူးစက်မှုများကို တွက်ချက် ထားမှုအရ မကြာမီရက်များအတွင်း အရေ အတွက်မှာ တစ်သန်းကျော်လွန်လာတော့မည် ဟု သိရဿည်။
တစ်ပတ်တာအတွင်း ပျမ်းမျှစာရင်း ကောက်ယူမှုအရ အမေရိကန်ပြည်ထောင်စု ၌ နောက်ထပ်ကူးစက်ခံရသူ ၇၄၀၀၀၀ ရှိပြီး ဆေးရုံတက်ရောက်ကုသရမှု နှုန်းမှာလည်း ၂၀၀၀၀ အထက်တွင် ရှိနေသည်ဟု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။
အမေရိကန်တစ်လွှား ကိုဗစ် -၁၉ ကူးစက် မှုများ ဆက်လက်ပျံ့နှံ့နေဦးမည်ဖြစ်ပြီး လာမည့်သီတင်းပတ် လေးပတ်အတွင်း လူပေါင်း ၆၁၀၀၀ ကျော် ရောဂါကူးစက်ခံရမှု ကြောင့် သေဆုံးနိုင်ခြေရှိသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ က ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ