အမေရိကန်အောက်လွှတ်တော်အမတ်ခေါင်းဆောင် စတန်နီဟိုယာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား

 

ဝါရှင်တန်   ဖေဖော်ဝါရီ   ၂ 


အမေရိကန်အောက်လွှတ်တော်အမတ် ခေါင်းဆောင် စတန်နီဟိုယာတွင် ကိုဗစ်-၁၉  စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်   ၎င်းတွင် ကိုဗစ်-၁၉  အပျော့စားလက္ခဏာများ ဖြစ်ပေါ်လျက်ရှိကြောင်း    ဖေဖော်ဝါရီ ၁ ရက်က ပြောကြားလိုက်သည်။ 

 


အမေရိကန်    အောက်လွှတ်တော်ဒီမိုကရက် အမတ်က     အလုပ်များဆက်လုပ်သွားမည်ဖြစ် ကြောင်းနှင့်  အဝေးမှ မဲပေးသွားမည်ဖြစ်ကြောင်း ပြောသည်။ မိမိမှာ  ကိုဗစ်-၁၉   ကာကွယ်ဆေး အပြည့်အဝထိုးထားကြောင်းနှင့် အပိုဆောင်း ကိုဗစ်- ၁၉    ကာကွယ်ဆေးလည်း     ထိုးထားကြောင်း   မာလန်းဒ်ဒေသခံ  ဥပဒေပြုအမတ်က  ကြေညာချက် တွင် ဖော်ပြထားသည်။ 

 


အမေရိကန်ပြည်ထောင်စုတစ်ဝန်း အိုမီခရွန် ဗိုင်းရပ်စ်အရှိန်အဟုန်ဖြင့် ကူးစက်ဖြစ်ပွားလျက်ရှိစဉ် လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း ဟိုယာ သည်   အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ပိုင်းတွင် ဒုတိယ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတွေ့ရှိသူ ဖြစ်လာခဲ့သည်။ 

 


အမေရိကန်ပြည်ထောင်စုတွင်      ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၅ သန်းကျော်  ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူပေါင်းမှာလည်း ၈၉၀၀၀၀    ရှိလာပြီဖြစ်ကြောင်း    ဂျွန်ဟော့ကင်း တက္ကသိုလ်ထုတ်ပြန်ချက်အရ သိရသည်။ 

ဆင်ဟွာ