
လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၂၁
အမေရိကန်ပြည်ထောင်စု လူဦး ရေထူထပ်သည့် ခရိုင်ဖြစ်သည့် လော့စ်အိန်ဂျလိစ်ခရိုင်တွင် ဇန်န ဝါရီ ၂၀ ရက်က ကိုဗစ်- ၁၉ နှင့် ဆက်စပ်ပြီး သေဆုံးသူ ၁၀၂ ဦး ရှိခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ ကိုဗစ် - ၁၉ နေ့စဉ် သေဆုံးမှုအများဆုံး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ ကိုဗစ် -၁၉ နှင့် ဆက်စပ်ပြီး သေဆုံးမှုနှုန်းမှာ နှစ်ဆတိုးလာခဲ့ကြောင်း လော့စ်အိန် ဂျလိစ် ပြည်သူ့ကျန်းမာရေး ဌာနက ပြောသည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်းမှ ရောဂါကူးစက်ခံရပြီး သေဆုံး သူများဖြစ်ကြောင်း တွေ့ရ သည်။
ထို့ကြောင့် အိုမီခရွန်မျိုးကွဲ ကြောင့် ကူးစက်မှုပြင်းထန် ကြောင်း ယူဆဖွယ်ရှိသည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူများအနက် သေဆုံးသူ ၇၀ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြ ကြောင်း ပြည်သူ့ကျန်းမာရေး ဌာနက ကောက်ယူထားသည့် အချက်အလက်များအရ သိရ သည်။
လော့စ်အိန်ဂျလိစ်ခရိုင်တွင် တစ်ရက်အတွင်း ကူးစက်ခံရမှု နှုန်းမှာ ၃၃၀၀၀ ခန့် ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဒါရိုက်တာ ဘာဘရာ ဖာရာက ပြောသည်။
ဆင်ဟွာ