အများပြည်သူသို့ သိရှိနိုင်ရန် အသိပေးပန်ကြားခြင်း

 

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများသို့ 
ပို့လွှတ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် 
ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေနှင့် 
ပို့လွှတ်၊ ဖြန့်ဖြူးမှုအခြေအနေတို့ကို အများပြည်သူသို့ သိရှိနိုင်ရန် အသိပေးပန်ကြားခြင်း

 

၂၀၂၂ ခုနှစ်   ဇူလိုင်   ၂၆

၁။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  သည်   တိုင်းဒေသကြီး/ ပြည်နယ် များအလိုက်      ပြည်သူလူထုနှင့်  စက်မှုလက်မှု    လုပ်ငန်းများတွင် ဓာတ်အား     သုံးစွဲနိုင်ရန်အတွက်   ဓာတ်အား    ထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်၊    ဖြန့်ဖြူးပေး ခြင်းများကို      စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး     ဆောင်ရွက်လျက် ရှိသကဲ့သို့    တိုးတက်သုံးစွဲလာသည့် ဓာတ်အား       သုံးစွဲမှုများအတွက် လည်း   တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 


၂။    ပုံမှန်အချိန်တွင်     အမြင့်ဆုံး ဓာတ်အား    ထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့်ရှိသော်လည်း   LNG   ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀)  မဂ္ဂါဝပ်ခန့်မှာ   ဓာတ်ငွေ့ဈေးနှုန်း   မြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊  ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ များမှထွက်ရှိသည့်    လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့်   ဓာတ်အားလိုင်း(၂)လိုင်းမှာ  PDF အမည်ခံ  အကြမ်းဖက်သောင်းကျန်း သူများ၏   မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့်  ဓာတ်အားစနစ်သို့  ပုံမှန် ပို့လွှတ် လျက်ရှိသည့်   (၁၇၀) မဂ္ဂါဝပ်ခန့်မှာ   ပို့လွှတ်နိုင်ခြင်းမရှိဘဲ     ဓာတ်အား ပြတ်တောက်လျက်ရှိ၍ စုစုပေါင်း  ဓာတ်အားထုတ်လုပ်နိုင်မှု (၉၂၀) မဂ္ဂါဝပ်ခန့်မှာ  လျော့နည်းလျက်ရှိသော်လည်း  ယခုကာလတွင် မိုးရာသီ ရောက်ရှိပြီဖြစ်သဖြင့်   ဓာတ်အားသုံးစွဲမှုလျော့ကျခြင်းနှင့်    ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ   ဆည်ရေရရှိမှု   တိုးမြင့်လာမှုများ ကြောင့် လိုအပ်လျက်ရှိသော  လျှပ်စစ်ဓာတ်အားကို    သုံးစွဲသူများ   စဉ်ဆက်မပြတ်ရရှိရေး   ဓာတ်အားစနစ်အား  ထိန်းညှိမောင်းနှင်၍  ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။

 

၃။    သို့ရာတွင် (၂၁-၇-၂၀၂၂)ရက်နေ့၌ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းမှာ   PDF အမည်ခံ  အကြမ်းဖက်သောင်းကျန်းသူများ၏  မိုင်းဖြင့်  ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ရယူသုံးစွဲလျက်ရှိသည့် ဓာတ်အားပေး စက်ရုံများမှ      ထုတ်လုပ်သည့်  ဓာတ်အားပမာဏ (၂၀၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနှင့် အထက်ပိုင်းဓာတ်အား စနစ်အတွင်းရှိ   ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင်  ဓာတ်အားလိုင်း တာဝါတိုင်၏  မူလီများဖြုတ်ယူ၍           ပြိုလဲအောင်  ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင်  (၂)တိုင်   လဲကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်း စသည်များကြောင့်     (၂၄-၇-၂၀၂၂)ရက်နေ့တွင်    ဝန်အားသုံးစွဲမှုနှင့်  ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုအခြေအနေများအရ   ဓာတ်အားစနစ် အတွင်း    တည်ငြိမ်မှုလျော့နည်းကာ     ဓာတ်အားစနစ်တစ်ခုလုံး    ဓာတ်အားပြတ်တောက်မှု  ဖြစ်ပေါ်ခဲ့ရသည်။ 

 

၄။    ထို့အပြင် (၂၆-၇-၂၀၂၂) ရက်နေ့တွင်   မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ၁၃၂ ကေဗွီ   တီကျစ်-ကလော  ဓာတ်အားလိုင်းမှာ  ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သလို  ၂၃၀ ကေဗွီ ရွှေစာရံ - အောင်ပင်လယ်   ဓာတ်အားလိုင်းမှာလည်း ထပ်မံ၍ ဓာတ်အားပြတ်တောက်ခဲ့သဖြင့်  ဓာတ်အားစနစ်အတွင်း    ဓာတ်အား ထုတ်လုပ်မှု    စုစုပေါင်း (၁၁၂၀)    မဂ္ဂါဝပ်ခန့်     လျော့နည်းလျက်ရှိသဖြင့် ဓာတ်အားစနစ်   တည်ငြိမ်မှုလျော့ကျကာ (၁၅:၃၆) အချိန်ခန့်တွင်   ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရသည်။ 

 

၅။    ဖြစ်ပေါ်လျက်ရှိသည့်       အခြေအနေများကို အမြန်ဆုံးဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း  ပြုလုပ်လျက်ရှိသည်။

 

၆။    သို့ဖြစ်ပါ၍    ဓာတ်အားပို့လွှတ်လျက်ရှိသည့်  မဟာဓာတ်အားလိုင်း များနှင့်    သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ       ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပြတ်တောက်မှု    ဖြစ်ပေါ်ခဲ့ရသည့်အပေါ် ပြည်သူလူထုအနေ ဖြင့်    နားလည်ပေးနိုင်ပါရန်နှင့်  ဓာတ်အားလိုင်းများ    ဖောက်ခွဲဖျက်ဆီးခံ ရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ်   ပြည်သူ လူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန်       မေတ္တာရပ်ခံပန်ကြားအပ်ပါ သည်။ 
      

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန