
နေပြည်တော် ဇူလိုင် ၁၇
ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကာလကို အများပြည်သူ တို့၏ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် အရေးပေါ်သွားလာရန်အတွက် လည်း ကောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ ဆေးနှင့်ကိရိယာများ သယ်ယူရန် အတွက်လည်းကောင်း၊ ကုန်စည်များ ပုံမှန်စီးဆင်းရန်အတွက် လည်းကောင်း နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ပိတ်ရက်မရှိ ပျံသန်းပေးသွားမည် ဖြစ်ပါသည်။
ပြည်တွင်းခရီးစဉ်များအပြင် နိုင်ငံခြားကယ်ဆယ်ရေးခရီးစဉ် များဖြစ်သော ဘန်ကောက်၊ စင်ကာပူ၊ နယူးဒေလီ၊ ချန်ဒူးနှင့် ကုန်စည်သယ်ယူရေး Cargo Flight များဖြစ်သော ပီကင်း၊ ကူမင်း မြို့များသို့လည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
သတင်းစဉ်