အလယ်တန်းအဆင့် Grade (9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်မွေးပညာရပ်များ သင်ယူနိုင်

 

ရန်ကင်း    စက်တင်ဘာ   ၂၈
ရန်ကုန်တိုင်းဒေသကြီး       ရန်ကင်းမြို့နယ်၌     အလယ်တန်းအဆင့် Grade(9) ပြီးမြောက် အောင်မြင်သော ကျောင်းသား  ကျောင်းသူများ    ပညာသင်ယူနိုင်မည့်        အခွင့်အလမ်းများ ဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉  နာရီက  အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း     သီရိရတနာခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားတွင်    ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က အမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူများအားလုံး အလယ် တန်းအဆင့်  Grade (9) ပြီးမြောက်အောင်မြင် ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ် များကို     သင်ယူလေ့ကျင့်ခွင့်     ရရှိနိုင်ရေး အတွက်   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်  ဆည် မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနတို့နှင့်  ပူးပေါင်းဆောင်ရွက်၍  ၂၀၂၃ - ၂၀၂၄   ပညာသင်နှစ်   ခရိုင်  ၅၀  တွင်   အခြေခံ ပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်ရေး     ဆောင်ရွက်ထား ကြောင်း ပြောကြားသည်။ 
ထို့နောက် စင်ကာပူ မြန်မာသက်မွေးပညာ    သင်တန်းကျောင်းမှလက်ထောက်ကထိက ဒေါ်ခင်ငြိမ်းစုသွယ်က စက်မှုလက်မှုသင်တန်း နှင့် ပတ်သက်သည့် အကြောင်းအရာများကို   ရှင်းလင်းဆွေးနွေးပြီး ရန်ကင်းမြို့နယ် ဒုတိယ ပညာရေးမှူး     ဦးဌေးလွင်က   Grade (9) အောင်မြင်ပြီးသူများအတွက် ပညာသင်ယူနိုင် မည့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။ 
လှလှထွေး(ပြန်/ဆက်)