
နေပြည်တော် ဒီဇင်ဘာ ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ လုပ်ငန်းအပ်နှံသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် လိုအပ်လျက်ရှိသော အလယ် ပေါင်းလောင်းတံတား တည်ဆောက်ရေးလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန အလယ် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ရောက်ရှိပြီး View Point မှ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ရေလွှဲ စနစ်၊ ပင်မတမံနှင့် ဆက်နွှယ် ရေအားလျှပ်စစ် အဆောက်အအုံ များ တည်ဆောက်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ကို စီမံကိန်း ရှင်းလင်းဆောင်တွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း အမှတ် (၁)တည်ဆောက်ရေးတာဝန်ခံနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိ လိုသည်များ မေးမြန်းပြီး လုပ်ငန်း လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ဆက်လက်၍ တံတားဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာ ချုပ်တို့က အလယ်ပေါင်းလောင်း တံတားတည်နေရာ၊ တံတား ဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာ ရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း များ သတ်မှတ်အချိန်မီပြီးစီး ရေး၊ အရည်အသွေးပြည့်မီရေး နှင့် လုပ်ငန်းအခက်အခဲများရှိပါက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်း ခွင်သို့ရောက်ရှိပြီး တံတားကမ်း ကပ်ခုံ A2 အုတ်မြစ်ပိုင်လုပ်ငန်း ဆောင်ရွက်နေမှု၊ ရေလယ်တိုင် (P3) လုပ်ငန်းဆောင်ရွက်နေမှုနှင့် P1 နှင့် P2 လုပ်ငန်းဆောင်ရွက် ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တံတားတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက် နေသော ဝန်ထမ်းများ၊ ရေအား လျှပ်စစ်စီမံကိန်းဆောင်ရွက်နေ သော ဝန်ထမ်းများနှင့် လုံခြုံရေး ဆောင်ရွက်နေသော ဝန်ထမ်းများ အား ကိုဗစ်-၁၉ ကာကွယ်ရန် အတွက် အသုံးပြုမည့် MASK များ၊ သစ်သီးခြင်းများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
အလယ်ပေါင်းလောင်းတံတား သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေး ဦးစီးဌာနမှ လုပ်ငန်းအပ်နှံပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) မှ တာဝန်ယူတည်ဆောက်ပြီး တံတားအရှည်ပေ ၄၀၀၊ ယာဉ်သွား လမ်းအကျယ် ၂၇ ပေ ခြောက် လက်မရှိပြီး တံတားအမျိုးအစား မှာ 1.8 m Ø နှင့် 2.2 m Ø Caisson Foundation၊ ကိုယ်ထည်မှာ R.C Concrete အပေါ်ထည် Plate Girder နှင့် R.C Girder တို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ ခံနိုင်ဝန်မှာ HS -25 ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအား လျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာနမှ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးမည့် လျှပ်စစ် လမ်းခွဲ-လှေခွင်းတောင်-ခေါမ လမ်းဆုံအထိ လေးမိုင် လေးဖာလုံ လမ်းပိုင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။
သတင်းစဉ်