အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုကို အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေး

 

နေပြည်တော်  စက်တင်ဘာ    ၁၇


ကရင်ပြည်နယ် ဘားအံမြို့ မြို့နယ်လူမှုဖူလုံရေးရုံးမှ ရန်ကုန်မြို့   အလုံမြို့နယ်   လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့်    Guiding   Star Group Co.,ltd  မှ  အာမခံအလုပ်သမား   ဦးစိုးနိုင်ဦး ၏  အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုကို အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့က  ဘားအံ မြို့နယ်    လူမှုဖူလုံရေးရုံး၌     ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


ရှေးဦးစွာ    လူမှုဖူလုံရေး     တာဝန်ခံအရာရှိ ဒေါ်စုစုမော် က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ သိကောင်းစရာများကို       ရှင်းလင်းပြောကြားပြီး မိတ်ဖက်ဌာနများနှင့်     အလုပ်သမားရေးရာ  ညှိနှိုင်း ရေးကော်မတီ (WCC)   အဖွဲ့ဝင်များ      ရှေ့မှောက် ၌       ကျန်ရစ်သူမိသားစုအား     အကျိုးခံစားခွင့် ငွေကျပ်   သိန်းခြောက်ဆယ်အား   ကျန်ရစ်သူ၏ ဇနီး   ဒေါ်သီရိအောင်ထံ    ထုတ်ပေးခဲ့ကြောင်း  သိရ သည်။ 

သတင်းစဉ်