အလုပ်ရှင်သည် အလုပ်သမားခန့်အပ်ပြီးသည်နှင့် ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်

 

နေပြည်တော်   ဧပြီ   ၂၇


အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးဝင်းရှိန်သည်  ယနေ့ နံနက်ပိုင်းတွင်     အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသ ကြီးအဆင့်   တာဝန်ရှိသူများနှင့် အတူ ပဲခူးမြို့ သိရီဟံသာခန်းမ၌ ကျင်းပသည့်    အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို ရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။

 


ဦးစွာ    ဒုတိယဝန်ကြီးက အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ စည်းကြပ်သည့် ဥပဒေများ တွင် အလုပ်အကိုင်နှင့် ကျွမ်းကျင် မှု     ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၌ ပြဋ္ဌာန်းချက်နှင့်အညီ အလုပ်ရှင် သည်     အလုပ်သမား    ခန့်အပ် ပြီးသည်နှင့် ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီချက်စာချုပ်    ချုပ်ဆိုရမည် ဖြစ်ပြီး စာချုပ်ပါ   ၂၁  ချက်ကို သတ်မှတ်ချက်နှင့်အညီ    ချုပ်ဆို ရန်လိုကြောင်း၊  အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ် တွင်     ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင် စည်းကမ်းများသည် တည်ဆဲဥပဒေ   တစ်ရပ်ရပ်နှင့် ညီညွတ်ရမည့်အပြင်    အလုပ် သမား၏ အကျိုးခံစားခွင့်များသည် လည်း  တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့်များအောက် လျော့နည်း ခြင်းမရှိရန် လိုကြောင်း။

 


အလုပ်ရှင်နှင့်    အလုပ်သမား နှစ်ဖက်      သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ  သဘော တူညီချက်စာချုပ်ပါ  လုပ်ငန်းခွင် စည်းကမ်းနှင့်   အကျိုးခံစားခွင့် များကို   တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလို ပြင်ဆင်နိုင်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားချုပ်ဆို ပြီးသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်မိတ္တူ ကို  သက်ဆိုင်ရာ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေး ရုံးသို့      သတ်မှတ်ကာလအတွင်း အလုပ် ရှင်က  ပေးပို့ပြီး  အတည်ပြုချက်    ရယူထား      ရမည်ဖြစ်ကြောင်း၊    အလုပ်အကိုင်အမျိုးအစား၊ အစမ်း ခန့်ကာလ၊        အလုပ်အကိုင် တည်နေရာ၊ လုပ်ခလစာ၊  စာချုပ် သက်တမ်း၊ အလုပ်ချိန်၊     နားရက်၊    အလုပ်ပိတ်ရက်နှင့်     ခွင့်ရက်၊   အချိန်ပိုလုပ်ကိုင်ခြင်း၊      အလုပ် သမားများ         လိုက်နာရမည့် စည်းကမ်းချက်များ၊ စာချုပ်ရပ်စဲ ခြင်း၊   စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊  ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊ အထွေထွေစသည့် အချက်အလက်များကို   ပွင့်လင်း မြင်သာစွာ    ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

 


လုပ်သားများ      အနေဖြင့် ကျွမ်းကျင်လုပ်သားအဆင့်သို့ အသိ အမှတ်ပြုခံရရေး       မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု   “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) က      အသိအမှတ်ပြုထားသည့်  ကျွမ်းကျင်မှု  စစ်ဆေးအကဲဖြတ် ရေးဌာနများတွင်    ကျွမ်းကျင်မှု အသိအမှတ်ပြု  လက်မှတ်ရရှိနိုင် ရေး    ဝင်ရောက်အစစ်ဆေးခံရန် လိုကြောင်း၊     အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို မှုကို ဆောင်ရွက်ရာတွင် ခန့်အပ် မည့်       အလုပ်သမားများနှင့် စပ်လျဉ်း၍   စနစ်တကျ  တွေ့ဆုံ မေးမြန်းပြီး  မိမိလုပ်ငန်းအတွက် အထောက်အကူ       ပြုနိုင်မည့် လုပ်သားကောင်းများ    ရရှိရေး အလေးထား    ဆောင်ရွက်စေလို ကြောင်း ပြောကြားသည်။

 


မွန်းလွဲပိုင်းတွင်        ဒုတိယ ဝန်ကြီးသည်    ပဲခူးစက်မှုဇုန်ရှိ Bago Sport အားကစားပစ္စည်း စက်ရုံနှင့် Karisma အထည်ချုပ် စက်ရုံသို့   သွားရောက်ပြီး  အလုပ် သမားအဖွဲ့အစည်း ကိုယ်စားလှယ် များ၊ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဝင် များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေး ကော်မတီဝင်များ၊    လုပ်ငန်းခွင် တာဝန်ခံနှင့် စက်ရုံစည်းဝေးခန်းမ တွင် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ         စက်ရုံအတွင်း လှည့်လည်ကြည့်ရှု      အားပေးခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်