အလုပ်ရှင်၊ အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား များ၏    အခက်အခဲများနှင့်ပတ်သက်၍    အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား ဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌   Virtual    ဖြင့် ကျင်းပသည်။

 


အစည်းအဝေးတွင်   အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမြင့်ကြိုင်က   ကိုဗစ်-၁၉ ရောဂါနှင့် အခြားစိန်ခေါ်မှုများရှိသော်လည်း စက်ရုံ၊  အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ အလုပ်သမား များ အလုပ်လက်မဲ့ မဖြစ်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေး၊ အလုပ်သမားများ လုပ်ခလစာ  အချိန်မီရရှိနိုင်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု များအား    ဥပဒေနှင့်အညီ     ဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲ များကို   ပွင့်ပွင့်လင်းလင်း    တိုင်ပင်ဆွေးနွေးပြီး အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး   သုံးပွင့်ဆိုင်   လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပရခြင်းဖြစ်ကြောင်း။

 


 တိုးတက်ကောင်းမွန်လာမည်


စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းရပါက အလုပ်ရှင် နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည် ဖြစ်သကဲ့သို့   နိုင်ငံတော်၏  ကုန်ထုတ်စွမ်းအားပိုင်း ဆိုင်ရာ ထိခိုက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို  ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ် သမားများ    လုပ်ငန်းခွင်ဆက်ဆံရေး      တိုးတက် ကောင်းမွန်စေရေးအတွက် အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ   စက်ရုံအတွင်း   ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းခြင်းဖြင့်  လုပ်ငန်းခွင်ဆက်ဆံရေး  တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း။

 


ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံ


စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး Coronavirus Disease 2019 (COVID-19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေး ဝန်ကြီးဌာနများသို့   ကာကွယ်ဆေး     ထိုးနှံမည့် စီမံချက် ရေးဆွဲတင်ပြခဲ့ပြီး ပထမဦးစားပေးအနေဖြင့်  အလုပ်သမားအင်အား အများဆုံးဖြစ်သည့် ရန်ကုန် တိုင်း၊   မန္တလေးတိုင်း၊   ပဲခူးတိုင်း၊   ဧရာဝတီတိုင်း ဒေသကြီးများအတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမား  များအား   ကိုဗစ်ရောဂါ   ကာကွယ်ဆေး   ထိုးနှံခြင်း လုပ်ငန်းများကို ဩဂုတ် ၁၈ ရက်မှ စတင်၍ နိုဝင်ဘာ  ၈ ရက်အထိ  ပထမအကြိမ် ၇၉၃၈ ဌာနမှ အလုပ် သမား ၅၄၂၅၃၃ ဦး၊ ဒုတိယအကြိမ် ၆၁၁၂ ဌာနမှ အလုပ်သမား ၃၂၅၉၅၈ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အလုပ်သမားများကိုလည်း          ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
Online ဖြင့် တက်ရောက်လာကြသည့် ကိုယ်စား လှယ်များအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ ၏ အမှန်တကယ် ကြုံတွေ့နေရသည့် အခက်အခဲ များကို ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို  ပွင့်ပွင့်လင်းလင်း အကောင်းဆုံးဆွေးနွေးအဖြေရှာပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ပူးပေါင်း  ဆောင်ရွက်ခြင်းဖြင့်   နိုင်ငံ၏    ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြား သည်။

 


ဖြည့်စွက်ရှင်းလင်း


ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ဩဂုတ် ၃ ရက်တွင်  ကျင်းပခဲ့သည့် အစည်းအဝေး  ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍   ဆောင်ရွက်ပြီးစီးမှုများကို   ရှင်းလင်း ဆွေးနွေးတင်ပြပြီး Online ဖြင့်တက်ရောက်ကြသော ခုံသမာဓိကောင်စီ အဖွဲ့ဝင်များ၊ အလုပ်ရှင် ကိုယ်စား လှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်း ဖျန်ဖြေရေး    အဖွဲ့ဝင်များ၊    စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံ  ခံစား နေရသည့်    လုပ်ငန်းဆိုင်ရာ    အခက်အခဲများ၊  ဖြည့်ဆည်းပေးရန်   လိုအပ်ချက်များကို   အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် များက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစိုးရ၊ အလုပ်ရှင်၊  အလုပ်သမားများမှ ကြုံတွေ့နေရသည့်  အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံထုတ်ကုန်စွမ်းအား      မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း    ဆောင်ရွက်ကြရေး   မှာကြားခဲ့ ကြောင်း သိရသည်။                            

သတင်းစဉ်