
နေပြည်တော် ဩဂုတ် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အလွတ်တန်းအဆင့် ဆောင်းပါး ပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့ကို “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသူများအား နေပြည်တော်တွင် ကျင်းပမည့် အထိမ်းအမှတ် အခမ်းအနားနေ့တွင် ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်