
အလှထူးတဲ့ လ တန်ခူး
c တန်ခူးရယ်မှ ရာသီလေ
စိတြမည်စွာ ၊ ကြယ်တာရာနှင့်
စန္ဒာ လမင်း ၊ တူပြိုင်လင်းလို့
ရှုခင်းသာလှ ၊ တိမ်စုံခသည်
မိဿ အမှန်
တစ်နှစ်ပြောင်းလို့ ၊ နှစ်ဟောင်းကိုလှသည်
အမှန် ညီပါ လို့လေး ။
c ပန်းချီရယ်မှ မှိုင်ငေး
မကာရ်ရွက်ချွန် ၊ တိမ်ရွက်ကွန်နှင့်
မိုးစွန် တလွှား
ခြယ်ထားမနှေး ၊ စုတ်နှင့်ရေးသို့
အသွေးရယ်မှ စိုစို
ထက်ခွင် အာကာ
ဗွေ ၀ဠာမှာ ၊ ဝေဖြာခဲ့ပြီ
ရောင်စုံချီလို့ ၊ တိမ်ပလီရယ်က
သာမောဘွယ် ဆိုမည်
တန်ခူးဆို အတာပွဲရယ်က
ဆင်နွှဲရန် များ။
c တလွှားရယ်မှ မြေပြင်
ရင်ခတ်ကြိုင်လျှမ်း ၊ သစ်ခွပန်းနှင့်
ပန်းများသနင်း ၊ ကံ့ကော်သင်း၍
အဆင်းလှစွာ ၊ ငွေခတ္တာလျှင်
တစ်သွယ်ဆင်လို့
ဖြစ်စဉ်မှ အညီ
ရွှေရည် လျှမ်းတောက်
ပန်းပိတောက်တို့ ၊ လမ်းတစ်လျှောက်မြိုင်မြိုင်
ပင်လုံးငယ်လှိုင်လို့ ၊ အပြိုင်ငယ်ချီသည်
ငုသိင်္ဂီ အသွင်တင့်ပါဘိ
ပင်မြင့်ယံထဲ။
c တံငါရောင်လျှပ်
တာရာမြတ်နှင့် ၊ နက္ခတ် ရေ၀တီ
နှစ်ကူးလည်၍ ၊ ရာသီ သစ်ဦး
ပုရစ်ဖူးနှင့် ၊ အထူးရွာဖြိုး
အတာမိုးလည်း ၊ လွမ်းမျိုး ဖွဲ့သီ
အို ဘယ်နှယ် ကြည်ပါ့မယ်
ဖော်မညီ တစ်ကိုယ်ရေးသို့
ပူဆွေးမြဲ လေး ။ ။
လှဝေ(ကေတုမတီ)