အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအားတပ်မတော်(ရေ)မှ ပို့ဆောင်

 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ 
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှင့် MCL ကုမ္ပဏီပိုင်ရေယာဉ်တို့ဖြင့် ပို့ဆောင်

 

 

နေပြည်တော်   မေ    ၂၅


အလွန့်အလွန် အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း       မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ     မုန်တိုင်းဒဏ်သင့် ပြည်သူများကို လိုအပ်သောပစ္စည်း များ     ကူညီ      ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော် (ရေ) မှ    ၅၆   မီတာ    ကမ်းထိုး  ရေယာဉ်တစ်စင်းသည် နယ်မြေခံ  အခြေချ       ယန္တရားအလုပ်ရုံမှ  လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦး၊ ဆောက် လုပ်ရေး လုပ်ငန်းသုံးယာဉ် CAT 320 EXCAVATOR ၂ စီး စုစုပေါင်း ကုန်တန်ချိန် ၄၀ တန်တို့အား အငူ မော်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင်  စစ်တွေ မြို့သို့ ထပ်မံပို့ဆောင်ပေးခဲ့သည်။ 

 


အလားတူ      ရန်ကုန်တိုင်း ဒေသကြီး    ဗိုလ်တထောင်ခရိုင်  ဗိုလ်တထောင်မြို့နယ်    မိသားစု ရပ်ကွက်     ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင်    ဆိုက်ကပ်ထား သော   MCL ကုမ္ပဏီပိုင် အလျား ပေ ၂၄၀၊ အနံပေ ၆၀၊ ရေစူး ၁၅  ပေ စုစုပေါင်း ၂၆၀၈ မက်ထရစ် တန် တင်ဆောင်နိုင်သည့်  MV- MCL 5  ရေယာဉ်သည် ရခိုင်ဒေသ  လေဘေးသင့်ပြည်သူများအတွက်  ထောက်ပံ့ရေး  ပစ္စည်းမျိုးစုံဖြစ် သည့် မြန်မာ့သစ်လုပ်ငန်းမှ သစ် ဆိုဒ်မျိုးစုံ  (၂၀၉  ဒသမ ၄၉၄၅)တန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း၊  ပစ္စည်းစီမံရေးရာ ဌာန (ရန်ကုန်) မှ 600 V Cable Meter  ၄၀၀၀၀၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည် နေရာချထားရေး  ဝန်ကြီးဌာနမှ ကိုးပေ     သွပ်ချပ်     ၁၀၆၂၉၀၊ နှစ်လက်မသံ    ပိဿာ   ၁၂၅၀၊ မိုးကာတဲ  ၂၅၄  လိပ်၊  ခေါက်ဆွဲ ခြောက်ထုပ် ၉၀၁၅၀၊  အိမ်ရိုက် သံဆိုဒ်စုံ  ၁၂  တန်၊   သွပ်ရိုက်သံ ၂၂  တန်၊   အမိုးသွပ်  ၁၁  ထုပ်၊ ဆန်အိတ်   ၁၉၁၈၀    စုစုပေါင်း ၂၄၀၀ မက်ထရစ်တန်  တင်ဆောင် ၍ စစ်တွေမြို့သို့ ထွက်ခွာသွား ကြောင်းနှင့်     ရေယာဉ်ထွက်ခွာ ချိန်တွင်   အလယ်ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်    ဌာနချုပ်မှူး ဗိုလ်ချုပ်    ထိန်ဝင်း၊       မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ  အထွေထွေ မန်နေဂျာ    ဦးဇော်ထွန်းလွင်နှင့် တာဝန်ရှိသူများက    လာရောက် ပို့ဆောင်ပေးခဲ့ကြသည်။

 


အဆိုပါစစ်ရေယာဉ်နှင့် MCL ကုမ္ပဏီပိုင် MV- MCL 5  ရေယာဉ် တို့ဖြင့်    သယ်ဆောင်လာသည့် ဆောက်လုပ်ရေး     လုပ်ငန်းသုံး ယာဉ်များနှင့်   ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်း  ပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်