အကြမ်းဖက်သမားများက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် နှစ်ဆိုင်မှ ခန့်မှန်းငွေကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်

 

နေပြည်တော် စက်တင်ဘာ  ၁


ကရင်ပြည်နယ်      လှိုင်းဘွဲ့မြို့ ရွှေဂွန်း      ကျေးရွာအတွင်းသို့ ဩဂုတ် ၃၁ ရက်တွင် အကြမ်းဖက် သမားများက       သေနတ်များ ပစ်ဖောက်        ဝင်ရောက်လာပြီး ၎င်းကျေးရွာအတွင်းရှိ   ရတနာ ရွှေဆိုင် နှစ်ဆိုင်မှ ခန့်မှန်းငွေကျပ် သိန်း   ၆၂၀   တန်ဖိုးရှိ  ရွှေထည် ပစ္စည်းများ    လုယက်ယူဆောင် သွားကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ ဩဂုတ် ၃၁ ရက် နံနက်     ၉    နာရီ  ၁၅  မိနစ်တွင် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာ မြို့မရပ်ကွက်ရှိ ရွှေဂွန်း-လက်ပံ တန်း   ကူးတို့ဆိပ်သို့    စက်လှေ နှစ်စင်း    ဆိုက်ကပ်လာပြီး   ၎င်း စက်လှေနှစ်စင်းပေါ်မှ အကြမ်းဖက် သမား ရှစ်ဦးဆင်းလာကာ တစ်ဦး မှ ကူးတို့ဆိပ်တွင် စောင့်နေခဲ့ပြီး ကျန်   ခုနစ်ဦးမှ  မြို့မရပ်ကွက် အတွင်းသို့         သေနတ်များ ပစ်ဖောက်ကာ    ဝင်ရောက်၍ ကူးတို့ဆိပ်အနီးတွင်    ဖွင့်လှစ် ထားသည့် ဦးအောင်သန်းထွန်း (၄၄)နှစ်   (ဘ)  ဦးထွန်းထွန်း ပိုင်ဆိုင်သည့်   “သရဖူ”  အာမခံ ရတနာရွှေဆိုင်မှ    ရောင်းချမည့် ရွှေထည်ပစ္စည်းများ   ခင်းကျင်း ပြသထားသည့်    မှန်ကောင်တာ နှစ်ခုနှင့် ဦးဝေသန့်ဇင် (၅၁)နှစ် (ဘ) ဦးသိန်းလွင် ပိုင်ဆိုင်သည့် “ထွန်း”       ရတနာရွှေဆိုင်မှ မှန်ကောင်တာ        သုံးခုတို့ကို အကြမ်းဖက်      သမားများက သေနတ်ဒင်များဖြင့်       ရိုက်ခွဲ ဖျက်ဆီးကာ     “သရဖူ”  အာမခံ ရတနာရွှေဆိုင်မှ     ရွှေလက်စွပ် အကွင်း ၁၀၀ ၊ ရွှေလက်ကောက် အကွင်း ၂၀၊  ရွှေဆံညှပ် လေးခု ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆၀၀ ခန့်နှင့်   “ထွန်း”  ရတနာရွှေဆိုင်မှ ရွှေနားကပ် ၁၀ ရံ ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၀ ခန့်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၆၂၀  ခန့်အား   လုယက်ယူဆောင်ကာ   လက်ပံတန်း   ကျေးရွာဘက်သို့ စက်လှေဖြင့်    ပြန်လည်ထွက်ပြေး သွားခဲ့သည်။

 


ထိုကဲ့သို့      ကျေးရွာအတွင်း သေနတ်ပစ်ဖောက်     ဝင်ရောက် ကာ လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကို  ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက    လုံခြုံရေး     လုပ်ငန်းစဉ်များနှင့်အညီ   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်