အကြမ်းဖက်သမားများအဖြစ် ကလေးများဘဝ မနစ်မွန်းစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊     သတင်း ထုတ်ပြန်ရေးအဖွဲ့၏   (၉/၂၀၂၁)   ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို     ယနေ့ မွန်းလွဲပိုင်းတွင်       ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်း မီဒီယာများ၏   သိရှိလိုသည့်   မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။


ဦးစွာ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်း ပွဲတွင် (၁) ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်ပြည့်စိန်ရတု ပြည်ထောင်စု နေ့၊ (၂) ဒို့တာဝန်အရေးသုံးပါးသဖွယ် ဆက်လက် အလေးထား   လုပ်ဆောင်သွားမည့်  တိုင်းပြည် သာယာဝပြောရေး၊  စားရေရိက္ခာဖူလုံရေးနှင့် စစ်မှန် စည်းကမ်းပြည့်ဝသော  ဒီမိုကရေစီပြည်ထောင်စု ခိုင်မာစေရေး၊ (၃) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များနှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ (၄) ရွေးကောက်ပွဲကော်မရှင်က ဆက်လက် လုပ်ဆောင်နေသည့်  လုပ်ငန်းများပြောကြားမည် ဖြစ်ကြောင်း၊ ပထမ ၃ ချက်ကို မိမိကပြောမည်ဖြစ်ပြီး စတုတ္ထအချက်ကို    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားမည် ဖြစ်ကြောင်း၊   ရှင်းလင်းပြောကြားမှုများပြီးပါက မေး၊ ဖြေကဏ္ဍဖြစ်ကြောင်း၊ အချိန်ကန့်သတ်ချက် အရ မီဒီယာတစ်ခုကို မေးခွန်း ၁ ခုသာ မေးမြန်းရန် ကြိုတင်မေတ္တာ ရပ်ခံလိုကြောင်း ပြောကြားသည်။


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်   ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံသော   သွေးစည်းညီညွတ်မှု၏   အထိမ်းအမှတ် သက်သေအဖြစ်  တိုင်းရင်းသားအားလုံး  တပေါင်း တစည်းတည်း လွတ်လပ်ရေးရယူကြမည်ဆိုသည့် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ ကျရောက်လာတော့မည့် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေ ဖြင့် (၁) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေ ရေးလုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို    တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက် ရေးအတွက်    လုပ်ဆောင်မည့်   လုပ်ငန်းရပ်များ ချမှတ်ခြင်း၊         တိုင်းရင်းသားများပါဝင်သော ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်တွေ့ လုပ်ငန်းရပ်များဆောင်ရွက်ခြင်းဆိုသည့် အဆင့် ၃ ဆင့်ကို နိုင်ငံတော်အစိုးရအနေဖြင့် အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကိစ္စများ အတွက်   တိုင်းရင်းသားပြည်သူလူထုနှင့်  ပါဝင် ပတ်သက်ရမည့် အစုအဖွဲ့များအားလုံးထံမှ အကြံပြု ချက်များရယူခြင်း၊ အသိပေးခြင်းနှင့် ပညာပေးခြင်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင် ရွက်ခြင်းဆိုသည့် လုပ်ငန်းစဉ်ကိုမပြောမီ ခေတ် အဆက်ဆက်တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို ပြောလို ကြောင်း၊ သို့မှသာ သမိုင်းကြောင်းနှင့် လက်ရှိပကတိ အခြေအနေကို ပြည်သူလူထုတစ်ရပ်လုံး နှိုင်းယှဉ် ကြည့်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ ကြောင်း၊ လွတ်လပ်ရေးမရမီကတည်းက လွတ်လပ် ရေးနှင့်အတူရှိလာမည့် မြန်မာနိုင်ငံတော်အစိုးရကို ကြိုတင်ဆန့်ကျင်နေသော   သောင်းကျန်းသူအဖွဲ့ အစည်းများ ရှိနေခဲ့ကြောင်း၊ အနည်းဆုံး ၅ ဖွဲ့ ရှိခဲ့ ကြောင်း၊     ရခိုင်မြောက်ပိုင်းက     မူဂျာဟစ်အဖွဲ့၊ အလံနီကွန်မြူနစ်ပါတီ(ဖျာပုံ)၊           တပ်နီများ (ပျဉ်းမနား) စသည်တို့ဖြစ်ကြောင်း၊ ထိုအဖွဲ့များ ပါဝင်သည့် အဖွဲ့(၅)ဖွဲ့သည် မြန်မာနိုင်ငံလွတ်လပ် ရေးမရခင်ကတည်းက     လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာမည့်အစိုးရကို ကြိုတင်ဆန့်ကျင်သည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်၊ မတ်လ တွင် ဗကပက ဦးနုခေါင်းဆောင်သော ဖဆပလ အစိုးရကို   ဝါဒရေးရာအရ  ဆန့်ကျင်တောခိုခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ      ပိုကြီးလာ ကြောင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည် ဟုပြောပြီး   လွတ်လပ်ရေးရသည့်အခါ   ၎င်းတို့ ဘာကြောင့် တောခိုပြီး ဖဆပလအစိုးရကို ဆန့်ကျင် ခဲ့ပါသလဲ၊ အကြောင်းပြချက်မှာ   “ ဗြိတိသျှအစိုးရထံ ကရသည့် လွတ်လပ်ရေးဟာ လွတ်လပ်ရေးအစစ် မဟုတ်၊   တကယ့်လွတ်လပ်ရေးကို  လက်နက်နဲ့ တိုက်ယူမှရမယ်ဆိုတဲ့”     အကြောင်းပြချက်ပဲ ဖြစ်ကြောင်း၊ ပျဉ်းမနားညီလာခံတွင် “ မြန်မာပြည် တွင်း လက်နက်ကိုင်တော်လှန်ရေး လုပ်ငန်းစရန် အချိန်တန်ပြီ ” ဟု လှုံ့ဆော်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ဗန္ဓုလပန်းခြံထဲ၌လုပ်ခဲ့သည့် အခမ်းအနားတွင်   ဗကပခေါင်းဆောင်  သခင် သန်းထွန်းက  “အေးအေးနေချင်တဲ့  သခင်နုကို အအေးဆုံးနေရာဖြစ်တဲ့   သင်္ချိုင်းကို  ပို့ပစ်ရမယ်၊ ဗားကရာချောက်ကြီးမှာ      ဆိုရှယ်လစ်အရိုး တောင်လိုပုံရစေမယ်” ဆိုပြီး လှုံ့ဆော်ခဲ့ကြောင်း၊ ထိုအချက်များသည်   ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ အစများဖြစ်ကြောင်း၊ မိမိပြောလို သည်မှာ ယနေ့ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ထင်ဟပ်နှိုင်းယှဉ်ကြည့်စေလိုကြောင်း၊    ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တွင် အချို့သော အစွန်းရောက်နိုင်ငံရေးသမားတွေပြောဆိုခဲ့သော “ခုရရှိတဲ့ ဒီမိုကရေစီစနစ်ဆိုတာ အစစ်အမှန်မဟုတ်ဘူး”  ဆိုသည့်ကိစ္စများ၊  “စစ် တစ်ပိုင်းအစိုးရ” ဆိုသည့်ကိစ္စများ၊  “အာဏာဟူသမျှ ဖီဆန်ကြ”ဆိုသည့်   လှုံ့ဆော်မှုများ၊  ယခု NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း များ၏ “အုပ်ချုပ်လို့မရစေရ” ဆိုသော ပြောကြား ချက်များ၊ ၎င်းတို့ကို မထောက်ခံသူများကို ဒလန် တံဆိပ်ကပ်ပြီး      စွပ်စွဲသတ်ဖြတ်နေမှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို   ဦးတည်နေသည့် လှုံ့ဆော်ချက်၊ ထုတ်ပြန်ချက်နှင့် ပြောကြားချက် များအပေါ် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် အတိတ်ကာလနှင့် နှိုင်းယှဉ်စဉ်းစားပြီး တိုင်းပြည်ပျက်အောင်   မီးထိုးနေသောသူများကို သတိထားကြစေလိုသည်ကို ပြောကြားလိုကြောင်း ပြောကြားသည်။ 


နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် တပ်မတော် အနေဖြင့်      လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းများ  အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ဗကပများတောခိုပြီး     တစ်လကျော်အကြာတွင် သခင်နုက   သူ့ကိုဒီလောက်ပြောဆိုကြိမ်းမောင်း နေသည့် ကွန်မြူနစ်များနှင့် ငြိမ်းချမ်းမှုရရှိစေရေး လက်ဝဲညီညွတ်ရေးမူ   ၁၅  ချက်ကို ထုတ်ပြန်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ၊ လွတ်လပ်ရေးရပြီးစကာလမှာ လွတ်လပ် ရေးကိုကြိုးပမ်းခဲ့ကြသော   အင်အားစုတော်တော် များများမှာ    လက်ဝဲယိမ်းသူများ  များကြောင်း၊ ထို့ကြောင့်   ထိုအဖွဲ့များကြား  မတူညီမှုများကို ဘေးဖယ်၊ တူညီသောကိစ္စများကို ပေါင်းလုပ်ရင်း ပြည်တွင်းညီညွတ်မှုရစေရန်၊      ထိုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးရစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်နှင့် ပြည်သူ့ ရဲဘော်တို့က ကိုယ့်အဖွဲ့ကိုယ်ဖျက်ပြီး တစ်ပါတီ တည်းအဖြစ် ပူးပေါင်းပါဝင်ကြိုးပမ်းကြရန် ရည်ရွယ် ချက်ဖြင့်  လုပ်ဆောင်ခဲ့ကြောင်း၊  ဖဆပလအစိုးရ အနေဖြင့် ကွန်မြူနစ်များနှင့် တိုက်နေသည့်စစ်ကို ရပ်စဲပြီး လက်ဝဲညီညွတ်ရေးအတွက် ဇူလိုင်လမှာ လက်ဝဲစည်းရုံးရေးကောင်စီကို တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး   နေဝင်းက  ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် ၂၁ ဦးနှင့်ဆောင်ရွက်ခဲ့ကြောင်း၊ မအောင် မြင်ခဲ့ကြောင်း၊   မအောင်မြင်ရသည့်  အကြောင်း များစွာရှိပြီး အချက်တစ်ချက်ကို ပြောလိုကြောင်း၊ ထိုလက်ဝဲညီညွတ်ရေးမူ ၁၅ ချက်လည်း ထုတ်ပြန် ရော အင်္ဂလန်နှင့် အမေရိကန်က မြန်မာပြည်ကြီး နီသွားပြီဟုရေးသားမှုများ၊ စောင့်ကြည့်ရဦးမယ်ဟု ဟိန်းဟောက်မှုများ       လုပ်လာကြကြောင်း၊ အချင်းချင်းကကွဲ၊  လွတ်လပ်ရေးရပြီးစ  အင်အား ကလည်း နည်းနေ၍ အစိုးရအနေဖြင့် ဦးတင်ထွဋ်ကို လန်ဒန်အထိစေလွှတ်ပြီး    ရှင်းပြရသည့်အဆင့် ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ဝဲညီညွတ်ရေး မူထဲက “မက်စ်ဝါဒလေ့လာရေးအဖွဲ့ဖွဲ့ရန်” ဆိုသည့် အချက် ၁ ချက်ကို   ဖြုတ်ပြီး  ၁၄  ချက်ဖြစ်လာရ ကြောင်း၊  မိမိပြောချင်သည်မှာ  အချို့နိုင်ငံခြား အခြေစိုက် မီဒီယာများနှင့် ပြောသည့်အချိန်တွင် ပြောခဲ့သလို “အနောက်နိုင်ငံအချို့အနေနဲ့ မြန်မာ နိုင်ငံမှာ မြန်မာပြည်သူလူထုအကျိုးကို ဖော်ဆောင် ပေးမယ့်အစိုးရ၊ ဒီမိုကရေစီအစိုးရဆိုတာမျိုးထက် သူတို့ကြိုးကိုင်ခြယ်လှယ်လို့ရမယ့်     အစိုးရမျိုး တက်လာတာ၊  ရှိနေတာကိုပဲ   လိုချင်တာ”  ဖြစ် ကြောင်း ပြောကြားသည်။


နိုင်ငံတော်အစိုးရ၊      တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၁၉၄၈-၁၉၄၉ ခုနှစ် မှာ KNU နှင့် ဆွေးနွေးခဲ့ကြောင်း၊ ၁၉၆၀ ပြည့်နှစ် တွင်  ကေအင်န်ယူနှင့်  ထပ်ဆွေးနွေးခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီ  တက်လာပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်၊ ဇွန်လတွင် “ပြည်တွင်းငြိမ်းချမ်းရေး အတွက် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း အားလုံးသို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်း ချက်”ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုနှစ်ထဲမှာပဲ ဗကပ နှင့် ၇ ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ KIA ၊ KIC တို့နှင့် ၃ ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ KNU ၊ MNSP ၊ KNPP သုံးပါတီနှင့်၊ ၎င်းတို့ပါဝင်သော မဒညတအဖွဲ့များကို ၅ ကြိမ်ခန့် ဆွေးနွေးခဲ့ကြောင်း၊ လမ်းစဉ်ပါတီခေတ် ၁၉၈၀-၁၉၈၁ ခုနှစ်ထဲတွင် KIA နှင့် ၁၀ ကြိမ်၊ ဗကပနှင့် ၂ ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ စောဟန်တာ သာမွှေး ဦးဆောင်သော ကရင်တော်လှန်ရေးကောင်စီ (KRC) တစ်ဖွဲ့တည်းနှင့်သာ  ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ကြောင်းပြောကြားသည်။


တော်လှန်ရေးကောင်စီအနေဖြင့်   ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် ရာတွင် လက်နက် ကိုင်အဖွဲ့အစည်းများနှင့်သာမဟုတ်ဘဲ နိုင်ငံရေး ခေါင်းဆောင်များ၏ အကြံဉာဏ်ကိုရယူပြီး နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တိုင်းရင်းသားလူမျိုးစု များအရေးစသော နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ကိစ္စများကို ဆောင်ရွက်နိုင်ရန် ရည်မှန်းပြီး “ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့” ကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ  ၄ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ကြောင်း၊  အဓိကရည်ရွယ်ချက်က  စည်းစည်း လုံးလုံး ညီညီညာညာနှင့် တိုင်းပြုပြည်ပြုကိစ္စများဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ပြည်တွင်းညီညွတ် ရေးအဖွဲ့တွင် အဖွဲ့ဝင် ၃၃ ဦး ပါဝင်ခဲ့ကြောင်း၊ ထင်ရှားသောပုဂ္ဂိုလ်များမှာ   ဦးနု(ဝန်ကြီးချုပ် ဟောင်း)၊  ဦးကျော်ငြိမ်း၊  ဝိဓူရသခင်ချစ်မောင်၊ ဦးဗဆွေ၊ မန်းဝင်းမောင်၊ ဒူဝါဇော်လွန်း၊ ဗိုလ်မှူး အောင်၊     ဗိုလ်မင်းခေါင်တို့   ပါဝင်ခဲ့ကြကြောင်း၊ ထို ၃၃ ဦးစာရင်းကို    လေ့လာကြည့်ရင် တည်မြဲ (ဖဆပလ)၊ သန့်ရှင်း(ဖဆပလ)နှင့် ပမညတ စသည့် နိုင်ငံရေးအဖွဲ့မျိုးစုံက    ပုဂ္ဂိုလ်များပါဝင်သလို တိုင်းရင်းသားလူမျိုးစုံ ပါဝင်ခဲ့ကြောင်း၊ ထိုအကြံပေး အဖွဲ့အနေဖြင့် အကြံပြုခဲ့ရာမှာ အုပ်စု ၄ စုခန့် ကွဲပြားခဲ့ကြောင်း၊ ဥပမာအားဖြင့် ဗိုလ်မှူးအောင်၊ ဗိုလ်မှူး ခင်မောင်ကလေး၊ ဒူဝါဇော်လွန်းတို့ပါသည့် ၁၈ ဦး အုပ်စုက နိုင်ငံရေး စနစ်အနေဖြင့် ဒီမိုကရေစီဆိုရှယ်လစ်လမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန်  ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးစနစ်က အမေရိကန်ပြည်ထောင်စုကဲ့သို့ သမ္မတအုပ်ချုပ်ရေးစနစ်ကျင့်သုံးရန်၊ စီးပွားရေးစနစ်က အစိုးရ၊  သမဝါယမ၊  ဖက်စပ်နှင့်ပုဂ္ဂလိက  Mix Economy ပုံစံကျင့်သုံးရန်ဖြစ်ကြောင်း၊ ဝိဓူရသခင် ချစ်မောင်၊ ဦးထွန်းမြင့်(လင်းခေး)တို့ ဦးဆောင်သော ၁၁ ဦးမှာ နိုင်ငံရေးစနစ်အနေဖြင့်  ဆိုရှယ်လစ်ဒီမိုကရေစီလမ်းကြောင်းနှင့် တစ်ပါတီနိုင်ငံရေးစနစ်၊ စီးပွားရေးအနေဖြင့်    စီမံကိန်းစီးပွားရေးစနစ်၊ အုပ်ချုပ်ရေးစနစ်အနေဖြင့် ပြည်သူ့ကောင်စီအဆင့် ဆင့်ဆိုသည့် လမ်းကြောင်းကို အကြံပြုခဲ့ကြောင်း၊ ဦးကျော်ငြိမ်း ဦးဆောင်သည့် ၃ ဦးအဖွဲ့မှာ နိုင်ငံ တော်ကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ မဖွဲ့စည်းဘဲ ထိုင်းနိုင်ငံ၊   ဗီယက်နမ်နိုင်ငံများကဲ့သို့  တစ်ပြည် ထောင် စနစ်ကျင့်သုံးပြီး ပြည်နယ်များခွဲထွက်ခွင့် ကို လုံးဝလက်မခံရန်အကြံပြုခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဟောင်း ဦးနုကတော့ သူ့လက်ထဲ အာဏာပြန်အပ် ရန်  တောင်းဆိုခဲ့ကြောင်း၊  အမျိုးမျိုးကွဲပြားသော အယူအဆများကို   တွေ့ရပါလိမ့်မည်ဖြစ်ကြောင်း၊ ဤနေရာတွင် ပြောလိုသည်မှာ အမျိုးသားရင်ကြား စေ့ရေးဆိုသည့် အယူအဆနှင့် လုပ်ဆောင်ချက်မှာ ယခုမှရှိခြင်းမဟုတ်ကြောင်း၊ ရှိခဲ့၊ လုပ်ခဲ့ကြကြောင်း၊ ဘာကြောင့်အောင်မြင်မှုမရသလဲဆိုသည်ကို သမိုင်း မှာ    ရှာဖတ်ကြည့်ကြပါဟု   ပြောလိုကြောင်း ပြောကြားသည်။


၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တပ်မတော်အစိုးရ လက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့နှင့်    တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ကြောင်း၊   ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း    ပါတီစုံဒီမိုကရေစီခေတ်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လမ်းကြောင်းကို ဖော်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ရေးထိုးသည့် EAO အဖွဲ့ ၈ ဖွဲ့၊ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးသည့်အဖွဲ့ ၂ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက် နိုင်ခဲ့ကြောင်း၊   ဤနေရာတွင်   ပြောလိုသည်မှာ ထို NCA လက်မှတ်ရေးထိုးခဲ့သည့်    အဖွဲ့အများစုမှာ တပ်မတော်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်း ရေးအတွက် အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်များ လက်မှတ်ရေးထိုးခြင်းစသည့် ကိစ္စရပ်များ ကို ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့များဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် (NCA လက်မှတ်ရေးထိုးခါနီး)တွင် EAO များကို “ NCA စာချုပ်မှာ အလျင်စလို   လက်မှတ် မထိုးကြဖို့ ” ဆိုသည့် သတင်းစကား ပျံ့လွင့်လာမှုကို လည်း သတိရစေလိုကြောင်း ပြောကြားသည်။


ထပ်မံတိုးမြှင့်ရပ်စဲ‌ပေးခဲ့


တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံး NCA လမ်းကြောင်းမှာ လျှောက်လှမ်းနိုင်ဖို့    အမြဲတိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း၊ ငြိမ်းချမ်းရေးလိုချင်ရင်  တပ်မတော်က တစ်ဖက်သတ်   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးရန် ဆိုသည့် သဘောထား၊ အယူအဆများကို ပြောလာ ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်   ၂၀၁၈  ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ   ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်    ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ပေါင်း (၂၀)ကြိမ်   ပြုလုပ် ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ကြောင်း၊ ယခု လည်း (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို    ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော် ၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို   အောက်တို ဘာလ ၁ ရက်နေ့မှ   ၂၀၂၂  ခုနှစ်  ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ် ကို အာမခံထားပြီးဖြစ်ကြောင်း၊  ဒီမိုကရေစီစနစ် ဆိုသည်မှာ တစ်ဒေသနှင့်တစ်ဒေသ၊ လူမျိုးစုတစ်ခု နှင့်တစ်ခု မတူညီသည့် အခွင့်အရေးများမဟုတ်ဘဲ တူညီသောစနစ်ဖြင့် ဖော်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


နှစ်ဖက်သဘောတူညီချက်များရရှိရေး


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ       တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက်    ဆောင်ရွက်ရာတွင် (၁) သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သော သူများကိုယ်တိုင်ပါဝင်ပြီး   ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ   အကျိုးဆောင်နိုင်ရေးနှင့်     မြှင့်တင်ရေး ဆောင်ရွက်ခြင်း (၂) တပ်မတော်၏  ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် EAO များ    တိုက်ရိုက် ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေး အဖွဲ့များနှင့်ဆွေးနွေးခြင်း (၃) NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို   NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ် တိုက်ခိုက်မှုလျော့နည်းလာစေရေး၊ နှစ်ဖက်သဘော တူညီချက်များ ရရှိရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အနှစ်ချုပ်အားဖြင့်လာမည့်   ၂၀၂၂  ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်   ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့တွင်       ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ခိုင်မာရေးကို အချက်(၃)ချက်ဖြင့် ဖော်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ယခင်အပတ် ပြင်ဦးလွင်၊   မြစ်ကြီးနား၊ လားရှိုးခရီးစဉ်များတွင် “ မိမိတို့အနေနဲ့ နိုင်ငံတော် တည်ဆောက်ရာမှာ အချက်    ၂ ချက်ကို   အဓိက ထား၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ပထမ အချက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက် ရှိကြောင်း၊   ဒုတိယအချက်အနေနဲ့   တိုင်းပြည် သာယာဝပြောရေးနဲ့    စားရေရိက္ခာပေါများရေး ကို  ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း”   ကို ပြောကြားခဲ့ကြောင်း၊ ထို ၂ ချက်ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ထိုနှစ်ခုသည် အပြန်အလှန်ဆက်စပ်လျက်ရှိကြောင်း ပြောကြား သည်။


အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေး


တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင် ရွက်သည့်အချိန် မိမိတို့နိုင်ငံ၌ အဓိကလိုအပ်ချက် မှာ ငြိမ်းချမ်းရေးသာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် လုပ်ဆောင် မယ့်အချက်များကို  မိမိရှေ့ပိုင်း၌   ပြောခဲ့ပြီးဖြစ် ကြောင်း၊ နောက်တစ်ခုမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးဟုဆိုရာတွင် တိုင်းပြည်သာယာဝပြော ရေးအတွက်လိုအပ်သည့် အခြေခံစီးပွားရေးကိုသာ ဦးတည်ပြောဆိုမည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံ၏ အခြေခံစီးပွားရေးသည် စိုက်ပျိုး၊   မွေးမြူရေးကို အခြေခံသည့် စီးပွားရေးသာဖြစ်ကြောင်း၊ တိုင်းပြည် ၌ရှိသည့်  လူဦးရေ၏  ၇၀   ရာခိုင်နှုန်းခန့်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများတွင်   လုပ်ကိုင်နေသူများဖြစ် ကြောင်း၊ ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေး အတွက် ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ တိုးမြှင့်ရေး၊ အခြေခံစီးပွားရေးခိုင်မာစေရေး အတွက်  စိုက်ပျိုး၊    မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းကျကျ တိုးတက်အောင်လုပ်ဆောင်နိုင် ရန်အတွက်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုအတွက် ဆောင်ရွက်မှုများအနေဖြင့်   ခေတ်မီ စိုက်ပျိုးမွေးမြူရေးဖြစ်စေရန် လက်တွေ့လုပ်ဆောင် မည့်သူများ၊    လက်တွေ့လုပ်ဆောင်မယ့်သူများ အပေါ်  ဦးဆောင်သူများကို နည်းစနစ်ကောင်းများ၊ ထိရောက်သောလုပ်ဆောင်မှုများ ဖြစ်လာစေရန် အတွက် အရင်းအမြစ်များ စတင်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံအဝှမ်း၌ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာသိပ္ပံများ၊ ကျောင်းများနှင့် ကောလိပ်များ ဖွင့်လှစ်ပေးနိုင်ရန်   ဆောင်ရွက်နေကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင်       လိုအပ်ချက်များ၊ ပေါင်းစပ်မှုများကို       ဖြည့်ဆည်းနိုင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအပြင်      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုပါ      ထပ်မံ ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမ စနစ်ဆိုရာတွင် ယခင်ကကျင့်သုံးခဲ့သည့်  စီမံကိန်း စီးပွားရေးစနစ်၊ အစိုးရက  ဦးဆောင်ပြုလုပ်မည့် စနစ်မျိုးမဟုတ်ဘဲ အားလုံးပါဝင်သည့် သမဝါယမ စနစ်၊ ပြည်သူလူထုကိုယ်တိုင်ပါဝင်ပြီး    ပြည်သူ လူထုကိုယ်တိုင် အစုအဖွဲ့အလိုက်  ဖွဲ့စည်းသည့် လူထုအခြေခံသမဝါယမစနစ်ကို    ကျင့်သုံးမည် ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်  ခိုင်မာစေရန် အတွက်လည်း အဓိကပါဝင်သူများဖြစ်သည့် နိုင်ငံ ရေးပါတီများ စည်းစနစ်တကျရှိစေရေး၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ထိရောက်စွာ သယ်ပိုးနိုင်စေရေး အတွက် နိုင်ငံရေးပါတီများနှင့်    တွေ့ဆုံညှိနှိုင်း ပေးသည့်အပြင်     လုပ်ငန်းဆောင်တာများကိုလည်း စစ်ဆေးပေးမှုများ ဆောင်ရွက်နေကြောင်း၊ အသေး စိတ်ကို  ရွေးကောက်ပွဲကော်မရှင်၏   ပြောရေး ဆိုခွင့်ရှိသူက  ပြောမည်ဖြစ်ကြောင်း   ပြောကြား သည်။


သွေးထိုးလှုံ့ဆော်စေခိုင်း


နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စများကို ဆက်ပြောမည် ဖြစ်ကြောင်း၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့က စက်တင်ဘာလ ၇ ရက်နေ့က အကြမ်းဖက်လှုံ့ဆော် ချက် လှုံ့ဆော်အပြီးတွင် မြို့အချို့နှင့် ဒေသအချို့ တို့မှာ မိုင်းထောင်၊ မိုင်းခွဲမှုများ၊ ဗုံးနှင့်ပစ်ခတ်မှုများ၊ ဒလန်ဟုစွပ်စွဲပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် မှုများ ပိုမိုများပြားလာခဲ့ကြောင်း၊ ဥပမာအနေဖြင့် ဩဂုတ်လ ဒုတိယအပတ်လောက်ကစပြီး တစ်နိုင်ငံ လုံးမှာ ဗုံးခွဲတိုက်ခိုက်မှု လျော့နည်းလာပြီး ဩဂုတ် လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ၁ ကြိမ်စီ ရှိခဲ့ကြောင်း၊   စက်တင်ဘာလ    ၃  ရက်နေ့တွင် ၁ ကြိမ်၊ ၅ ရက်နေ့တွင် ၃ ကြိမ်ရှိခဲ့ကြောင်း၊ စက်တင် ဘာလ ၇ ရက်နေ့၌  အများဆုံးဖြစ်ပြီး ၁၅ ကြိမ် ရှိခဲ့ကြောင်း၊  စက်တင်ဘာလ   ၁၄ ရက်နေ့အထိ တစ်နေ့ ပျမ်းမျှ ၁၀  ကြိမ်ခန့်ရှိခဲ့ပြီး နောက်ပိုင်း ရက်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး စည်းစနစ်ကျနမှုနှင့်       ပြည်သူလူထုပူးပေါင်း ဆောင်ရွက်မှုများကြောင့် ပျမ်းမျှ ၇ ကြိမ်ခန့်အထိ လျော့နည်းလာကြောင်း၊ ဥပမာ  စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၂ ကြိမ်၊ စက်တင်ဘာလ ၂၇ ရက် နေ့တွင် ၄ ကြိမ်ရှိခဲ့ကြောင်း၊ ဗုံးထောင်၊ ဗုံးခွဲသည့် လုပ်ငန်းများ လုပ်ဆောင်သည့်အချိန် အများပြည်သူ အသုံးပြုသောလမ်းများ၊ ရုံးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသည့်နေရာများနှင့် ဆက်သွယ် ရေးတာဝါတိုင်များကို      အဓိကပစ်မှတ်ထား ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း၊ အသက် အရွယ် ငယ်ရွယ်သေးသော ကလေးငယ်များကိုပါ ရာဇဝတ်မှုကြီးတွေ  ကျူးလွန်အောင်    သွေးထိုး လှုံ့ဆော်စေခိုင်း ဆောင်ရွက်ခဲ့မှုများ တွေ့ရကြောင်း ပြောကြားသည်။


အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်စေခဲ့


ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံရန် စုရပ်နေရာများကို ပစ်ခတ်တိုက်ခိုက် ခဲ့သည့် PDF အကြမ်းဖက်အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်သည့် F.F.F (Freedom Fighter Force) အဖွဲ့က အရွယ် မရောက်သေးသူ ကလေးငယ်များသည် အနည်းဆုံး  လူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး   မူးယစ်ဆေးသုံးစွဲခဲ့ ကြောင်း၊ ၎င်းတို့ကို Online ပေါ်ကနေ မြှောက်ပင့် ပေးပြီး အပြစ်မဲ့ပြည်သူများကို   သတ်ဖြတ်စေခဲ့ ကြောင်း၊  ၎င်းတို့အနေနှင့် ၎င်းတို့သတ်ခဲ့သည့်သူ များသည် ၎င်းတို့စွပ်စွဲနေသည့့် ဒလန်ဟုတ်/ မဟုတ် ဆိုသည်ကိုပင်မသိကြကြောင်း၊ ၎င်းတို့ကိုစည်းရုံးစဉ် ကလည်း ဆေးသင်တန်းတက်ရမည်ဟု   စည်းရုံး ခဲ့ကြောင်း၊ NUG က အကြမ်းဖက်သမား ဒေါက်တာ ဇော်ဝေစိုး၏ စကားများအတိုင်း ဆေးကုသရေးအဖွဲ့ များဖြစ်ကြောင်း၊  လက်တွေ့တွင်    လူသတ်သည့် အလုပ်ကိုလုပ်နေကြောင်း၊  အရွယ်မရောက်သေး သည့် ကလေးငယ်များ ပြစ်မှုမည်ကဲ့သို့ ကျူးလွန် ဆောင်ရွက်ခဲ့သည်ဆိုသည်ကို   ၎င်းတို့၏ပြောဆို ချက်များကို နားထောင်ကြည့်စေလိုကြောင်း၊ ၎င်းတို့ ၏ မျက်နှာအမူအရာများကိုကြည့်ပြီး နားထောင် ကြည့်လျှင် အခြေအနေကို သဘောပေါက်နိုင်မည် ဖြစ်ကြောင်း၊ ပထမဦးဆုံး  အသက်(၁၄)နှစ်သာ ရှိသေးသည့် ကြယ်စင်နှင်းဝေ Video   ဖိုင်ပြမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  Video Clip အား မီဒီယာများကို ပြသသည်။


ထို့နောက် ယခုပြသသူမှာ မိမိတို့၏ သမီးအရွယ် ရှိသေးကြောင်း၊  ဤကလေးကို  ထိုအခြေအနေ ရောက်အောင် မည်သူများက မြှောက်ပင့်ပေးလိုက် တာလဲ၊   ပြည်ပ၌   ထွက်ပြေးနေကြသည့်   NUG အမည်ခံ အကြမ်းဖက်ခေါင်းဆောင်များ တာဝန်ယူ ရမည်၊  တာဝန်ခံရမည်၊  ပေးဆပ်ရလိမ့်မည်ဟု   ပြောလိုကြောင်း၊ ယင်းအဖွဲ့ထဲမှ ဖမ်းဆီးရမိသည့် ကလေးများ၏   နောက်ထပ်ထွက်ဆိုချက်များကို ထိုအဖွဲ့ထဲက သုံးယောက်ကို ပြသခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး     ဟိန်းထက်အောင်နှင့်  သန့်စင်တို့၏   ထွက်ဆိုချက်  Video Clip ကို ပြသသည်။
အရွယ်မရောက်သေးသည့်ကလေးများ များနေ ကြောင်း၊ ၎င်းကလေးများ၏ Video ဖိုင်ကို မိမိပြသ ခြင်းသည် ထိုကလေးများနှင့်   ဆက်စပ်နေသည့် အသိုင်း အဝိုင်းကို အပုပ်ချလိုသည့် ရည်ရွယ်ချက်၊ အပြစ်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် ပြသလိုခြင်း မဟုတ်ကြောင်း၊ ဖြစ်နေသည့်အဖြစ်အပျက်မှန်ကို မီဒီယာများ၊ တစ်နိုင်ငံလုံးမှာရှိသည့် မိဘပြည်သူ များအားလုံးလည်း သိရှိရန် ပြသရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြသရခြင်းကိုလည်း   စိတ်မကောင်း ပါကြောင်း၊ ၎င်းတို့သတ်ခဲ့သည့်လူများသည် Online ပေါ်မှ မြှောက်ပင့်ပေးပြီး ဒလန်ဆို၍သာ သတ်ရခြင်း ဖြစ်ပြီး  ဒလန် ဟုတ်/မဟုတ်    ၎င်းတို့ကိုယ်တိုင် လည်း မသိကြောင်း၊ ဆေးခြောက်သုံးစွဲနေရုံမကဘဲ ဆေးခြောက်နှင့်ပတ်သက်လာရင်  တစ်ယောက်နှင့် တစ်ယောက် ဝယ်ပြီးမျှဝေသည့် အဆင့်ရောက်နေ သည်ကိုလည်း တွေ့ရကြောင်း၊  ယခုကဲ့သို့ သွေးဆူ လွယ်သော၊ တက်ကြွသည့်ကလေးများကို နိုင်ငံရေး ကိုယ့်လိုဘ ပြည့်စေရန်အတွက် အတ္တစိတ် တစ်ခု တည်းနှင့် လမ်းမှားရောက်အောင် NUG အကြမ်းဖက် များ ၊ အစွန်းရောက် NLD များက အသုံးချပြီး တွန်းပို့ နေခြင်းဖြစ်ကြောင်း၊  အချို့နယ်များ၌ ပိုဆိုးကြောင်း၊  အကြမ်းဖက်သင်တန်း မဖြစ်မနေ တက်ခိုင်းကြောင်း၊ မတက်ပါက   ဒလန်ဟု   စွပ်စွဲကြောင်း၊  ထိုကဲ့သို့ အောက်တန်းကျသည့်လုပ်ရပ်များက အောင်မြင် သည်ဟု ယုံကြည်လျှင် ထိုကလေးများကို မြှောက်ပင့် သွေးထိုးရန် မလိုကြောင်း၊  ကလေးများကို အသုံး မချဘဲ ခင်ဗျားတို့ကိုယ်တိုင် ထွက်လာခဲ့စမ်းပါဟု ပြောလိုကြောင်း၊  မိဘပြည်သူများ အနေနှင့်လည်း ယင်းသို့  မူမမှန်သူများ၏  အသုံးချခံမဖြစ်ကြရန် မေတ္တာရပ်ခံပြောကြားလိုကြောင်း၊ ထို့ကြောင့်  ယင်း တို့ကို အချိန်မီမတားနိုင်ပါက ဗကပခေတ် ပဲခူးရိုးမ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်တွင် ဗကပဗဟိုကော်မတီ ဝင် ရဲဘော်ဌေးကို သူ့သား တပ်နီလူငယ် ဖိုးထူးက သတ်ခဲ့သည့်ဇာတ်လမ်းများ၊ မြန်မာနိုင်ငံလွတ်လပ် ရေး ကြိုးပမ်းမှုသမိုင်းတွင် အထင်အရှားပုဂ္ဂိုလ်ဖြစ်ခဲ့ သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ကို တပ်နီ အမျိုးသမီး မစန်းဝင်းက လည်မျိုကို ခြေထောက်ဖြင့် နင်းသတ်သည့် ဇာတ်လမ်းမျိုး ပြန်ပေါ်လာပါလိမ့်ဦးမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ကြားနေကျ ဇာတ်လမ်းဖြစ်သည့် ငယ်ငယ်ကတည်းက လမ်းမှား ရောက်နေသည့် ခိုးနေသည်ကိုမဆုံးမဘဲ၊ သူခိုးဓားပြ မှုနှင့်ဖမ်းမိပြီး အသတ်ခံရဆဲဆဲမှာမှ အမေကိုမှာလို သည်ဟုဆိုကာ အနားနားလာခဲ့ပါဦးဆိုပြီး အမေ အနားကပ်သည့်အချိန် နားရွက်ကို ကိုက်ဖြတ်လိုက် သော ဇာတ်လမ်းများ၊ အမေငယ်ငယ်က မဆုံးမခဲ့၍ လူဆိုးဓားပြဖြစ်ပြီဆိုသည့် ဇာတ်လမ်းများပေါ်လာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအဖြစ် ကလေးများဘဝမနစ်မွန်းစေရေး အားလုံးကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါဟု    မေတ္တာရပ်ခံလို ကြောင်း၊ အကြမ်းဖက်သမားများအဖြစ် ကလေးများ ဘဝမနစ်မွန်းစေရေး    အားလုံးက  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊   တက်ရောက်လာ သည့် မီဒီယာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးစေလိုကြောင်း၊   လှုံ့ဆော်ပေးစေလိုကြောင်း၊ ပြည်သူလူထုကလည်း     ဝိုင်းဝန်းကူညီဆောင် ရွက်ပေးကြပါဟု   ပြောလိုကြောင်း    ပြောကြားသည်။


(ဆက်လက်ဖော်ပြပါမည်)