
နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးချစ်နိုင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ညွန့်ဖေနှင့် ဒေါက်တာ သက်သက် ခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးကျော်မျိုးထွဋ်နှင့် ဦးအောင် ကျော်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်တိုးမြှင့်
အစည်းအဝေးတွင် အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက ဗဟိုအဖွဲ့အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဥပဒေနှင့်အညီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်မှု၊ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာ ဗျူဟာတွင် ဖော်ပြထားသည့် ကဏ္ဍ ၄ ရပ်နှင့်အညီ ဆောင်ရွက် ထားမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော အကြမ်းဖက်မှုဖြစ်စဉ် များနှင့်စပ်လျဉ်း၍ ခိုင်မာ အားကောင်းသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက် ချက်များ၊ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရန်များကို ဆွေးနွေး ပြောကြားသည်။
ချပြအသိပညာပေး
ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် ယင်းတို့က ဖွဲ့စည်းထားသည့် လက်အောက်ခံအဖွဲ့များက စာသင် ကျောင်းများ၊ နိုင်ငံပိုင်အဆောက် အဦများ၊ ဈေးများ၊ စက်ရုံ/အလုပ် ရုံများနှင့် ရဲစခန်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်း၊ ရပ်/ကျေးနှင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ရက်စက်စွာသတ်ဖြတ်ခြင်း၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို အုပ်စုဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း စသည့်အကြမ်း ဖက်မှုများကို ဦးစီးလှုံ့ဆော် ဆောင်ရွက်နေသူများနှင့် အကြမ်း ဖက်သမားများကို စုံစမ်းဖော်ထုတ် ၍ တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး၊ အကြမ်းဖက် လုပ်ဆောင်နေမှုများကို အစိုးရနှင့် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်နေသည်ဟု Facebook နှင့် Internet Web-sites များတွင် သတင်းမှားများ ထုတ်လွှင့်နေခြင်း၊ ပြည်ပမီဒီယာ များနှင့်ချိတ်ဆက်၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်း မှားများထုတ်ပြန်၍ လှုံ့ဆော်နေမှု များအားတိုက်ဖျက်၍ ဖြစ်ရပ်မှန်၊ သတင်းအမှန်များကို အထောက် အထားခိုင်လုံစွာဖြင့် ပြည်သူများ သို့ ချပြအသိပညာပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက် သွားနိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဗဟိုအဖွဲ့အတွင်း ရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယဗိုလ်ချုပ် ကြီး သန်းလှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အုပ်စုဖွဲ့ ဆန္ဒပြမှုများမှစတင်၍ ဆူပူ အကြမ်းဖက်မှုများ၊ အဓိကရုဏ်း များ ဖန်တီးလုပ်ဆောင်လာပြီး မီးရှို့/လုယက်မှုများနှင့် မိုင်းထောင် မှုများ၊ သတ်ဖြတ်မှုများအထိ အရှိန်မြှင့် အကြမ်းဖက်လာမှု၊ ရပ်/ကျေးနှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးစနစ် ပျက်ပြား၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မြင့်မားလာပြီး ၎င်းတို့ကို ထောက်ခံပူးပေါင်းပါဝင်လာစေရန် လုပ်ဆောင်နေသည့် အခြေအနေ၊ မီးလောင်ပျက်စီးမှု၊ သေဆုံးမှု၊ သတ်ဖြတ်ခံရသည့် အကြမ်းဖက် မှုဖြစ်စဉ်များနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဗဟိုအဖွဲ့တွဲဖက် အတွင်းရေးမှူး နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြ
ထို့နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်နှင့် တာဝန်ရှိသူများက အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ကြိုတင်ကာကွယ်ရေးနှင့် တားဆီး နှိမ်နင်းရေး လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး၊ ပြည်သူများ လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အပြစ်မဲ့ပြည်သူ များကို အစွန်းရောက်မှုများ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အယူဝါဒစွဲများ ဖြစ်ပေါ်အောင် စည်းရုံးလှုံ့ဆော်မှု များ၊ အဓမ္မဝါဒကို လက်ခံယုံကြည် လုပ်ဆောင်လာအောင် ဝါဒဖြန့်နေ မှုများနှင့်စပ်လျဉ်း၍ ပညာပေးရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင် ရွက်ရန်တို့ကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
အဓမ္မရယူရန် ဆောင်ရွက်
အစည်းအဝေးတွင် မြန်မာ နိုင်ငံ၌ လက်ရှိအကြမ်းဖက်အုပ်စု ဟု ထုတ်ပြန်ကြေညာထားသည့် နယ်မြေအပိုင်စီးရယူလိုမှုကြောင့် နိုင်ငံတကာ အကြမ်းဖက်အုပ်စု များနှင့် ချိတ်ဆက်၍ ပြည်ပနိုင်ငံ အခြေပြုပြီး ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ခိုက်နေသည့် ARSA အစွန်းရောက်အကြမ်းဖက် အုပ်စုနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်နေပြီး အစိုးရဟု အမည်ခံထားသည့် CRPH, NUG ယင်းတို့၏ လက်အောက်ခံ PDF နှင့် အဖွဲ့ အစည်းများက အကြမ်းဖက် လုပ်ဆောင်နေမှုများကို တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရှိန်အဟုန်မြှင့် တိုက်ဖျက် သွားရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒဖြစ်သော လူ့အဖွဲ့အစည်း အတွင်းတွင် ကွဲပြားစေမည့် အခြေခံအကြောင်း အရာများကို စနစ်တကျစိစစ် ဖော်ထုတ်ပြီး ကာကွယ်တားဆီး နိုင်ရေးအတွက် အစွန်းရောက်မှု များနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်