
မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မထိခိုက်အောင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေ
နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၁)အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို
P ရှေ့ဖုံးမှ
ဦးခင်မောင်ရီ၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီးများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ရှမ်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးအကြံပြုကြရန်
ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာ၌ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျဖြင့် ပြည့်ပြည့်စုံစုံ အပြန်အလှန်ဆွေးနွေးကြရန်နှင့် နိုင်ငံနှင့်ကိုက်ညီ သည့်အခြေအနေများကို ဆွေးနွေးအကြံပြုကြရန် လိုကြောင်း၊ နိုင်ငံသာယာဝပြောရေးသည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပါဝင်သဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ဆောင်ရွက် ကြရန်လိုကြောင်း၊ အရေးပါသည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ဥပဒေနှင့် စည်းကမ်းများပေါ်တွင်အခြေခံ၍ ဆောင်ရွက်ရန် လိုကြောင်း၊ ဥပဒေအရ စိစစ်ရန်လိုအပ်သည့်နေရာ များအား ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသ၏အဓိကလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ရာတွင်လည်း အမှန်တကယ်လိုအပ်မှု ရှိ၊ မရှိ ချင့်ချိန်ဆောင်ရွက်ကြရန်လိုကြောင်း။
ကိုက်ညီမှုရှိရန်
မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်သည့်အချိန်တွင် မိမိတို့နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီရန်နှင့် အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ လိုအပ်သည့် နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များအား လက်ရှိပကတိ အခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် လိုကြောင်း၊ လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ် နှင့် အုပ်ချုပ်မှုစနစ်ဖြစ်ရန်လိုကြောင်း၊ သို့မှသာ Good Governance စနစ်ကို ဖော်ဆောင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်သည့်အချိန်တွင် ပေါင်းစပ်ဆောင်ရွက်မှုများ အားနည်းသည်ကိုတွေ့ရှိရ ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေများကိုသိရှိအောင် လေ့လာထားမှသာ လုပ်နိုင်စွမ်းများ တိုးတက် လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့လုပ်ငန်းပေါ်တွင် စေတနာထားဆောင်ရွက် ကြစေလိုကြောင်း၊ လုပ်ငန်းများအားလုံး လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်လိုပြီး လုပ်ငန်းများအား မြန်မြန် ထက်ထက် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အထက် အောက် ယုံကြည်ကိုးစားမှုကိုရရှိပြီး ကောင်းမွန်သည့် အစိုးရစနစ်ကို ဖြစ်ထွန်းစေသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အကြမ်းဖက်လုပ်ငန်းများ၌ အချို့ EAO များ ပါဝင် ပတ်သက်နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့် ပြည်သူများ၏ လွတ်လပ်ခွင့်ကို လည်း မထိခိုက်ရန်လိုကြောင်း။
မော်တော်ဆိုင်ကယ်များ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေ များ ရေးဆွဲဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ မြို့မြေများတိုးချဲ့ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ နောင်အနာဂတ်ကာလအထိ စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း၊ မဖြစ်မနေလိုအပ်သည့် စာသင်ကျောင်း၊ ဆေးရုံနှင့် အားကစားကွင်းများ ထည့်သွင်းတည်ဆောက်ခြင်းနှင့် မြို့သာယာလှပရေး အတွက် လမ်းနယ်နိမိတ်များ၊ အရိပ်ရလေကာပင်များ စိုက်ပျိုးခြင်းများအား စနစ်တကျ ထည့်သွင်း တည်ဆောက်ရန်လိုကြောင်း လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်