
နေပြည်တော် ဇူလိုင် ၂၃
အကြမ်းဖက်ခြင်း သင်နှင့် အနီးဆုံးမှာနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆောင်းပါးများ စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။
ယင်းစာအုပ်တွင် ဒေါက်တာ ရင်ရင်နွယ်၊ ကနောင်၊ ကိုထွန်းခင်၊ ကိုသာယာ၊ မေ၊ နေခြည်သွေး၊ ကြိုင်သင်း၊ စာချစ်သူ၊ မောင်မိုးမြင့်၊ မိုးဦးဝေ၊ သမား အို၊ ဒေါင်၊ ကိုရင်မောင်၊ ငြိမ်းချမ်းမောင်၊ စွန်ရဲ၊ ထွန်းထွန်း(ခရေရိပ်)၊ မောင်ပြည်ချစ် စသည့် ကလောင်စုံတို့၏ ဆောင်းပါးများ ပါဝင်သည်။
အဆိုပါ စာအုပ်တွင် ဆောင်းပါးရှင် ကိုထွန်းခင် က ‘‘ရုပ်ရှင်လောကသားတို့၏ မူလဆောင်ပုဒ် ဖြစ်သည့် ရုပ်ရှင်သည် ပြည်သူ့အတွက်” ဆိုသော ရည်ရွယ်ချက်ကောင်းဖြင့် နှစ်ပေါင်းများစွာ ချီတက် လာခဲ့ရာမှ မျက်မှောက်ကာလ ယခုပါတီစုံဒီမိုကရေစီ ခရီး ၁၀ နှစ်ကျော်လာသောအခါ နိုင်ငံရေးပါတီအချို့၏ ခြယ်လှယ်လွှမ်းမိုးမှုဖြင့် တစ်ပါတီ ဩဇာခံဘဝကို ရုပ်ရှင်လောကသားများ ကျရောက်ကာ ထိခိုက်နစ်နာ မှုများ ကြုံတွေ့နေကြရသည်’’ဟု “ရုပ်ရှင်သည် ပြည်သူအတွက်လား၊ ပါတီအတွက်လား” ဆောင်းပါး တွင် ထောက်ပြထားသည်။
ထို့အတူ ဆောင်းပါးရှင် စာချစ်သူက ‘‘မျိုးဆက်သစ် မြန်မာလူငယ်မောင်မယ်တွေထံက ခေတ္တခဏ ငှားရမ်းယူထားတဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လုပ်ရပ်ကြောင့် တစ်စစီ ကျိုးပဲ့နေတဲ့ နိုင်ငံငယ်လေးအဖြစ် ပြန်အပ်လို့ မရဘူးဗျ။ တို့ခေတ်ထက်သာတဲ့၊ ကောင်းမွန်တဲ့၊ သာယာဝပြောတဲ့ နိုင်ငံတော်ကြီးအဖြစ် ပြန်လည် လွှဲပြောင်းပေးအပ်ဖို့ တာဝန်ကိုယ်စီရှိတယ်။ ဒါဟာ လက်ရှိ မျိုးဆက်တစ်ဦးချင်းရဲ့ သမိုင်းပေးတာဝန် ပါပဲ’’ဟု ဖော်ပြထားသည့် “အာဃာတအမုန်းတရား များ မကုန်ဆုံးသည့်တစ်နေ့” ဆောင်းပါးတွင် ဝေဖန် ထောက်ပြထားသည်။
အလားတူဆောင်းပါးရှင် ထွန်းထွန်း(ခရေရိပ်)၏ “အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင်နိုင်ဖို့ အချိန်မီ အိမ်ပြန် လာကြစေချင်တယ်” ဆောင်းပါးတွင် လူငယ်တွေ အနေနဲ့ မြေစာပင်အဖြစ်က ရုန်းထွက်ခဲ့ပါ။ မြန်မာ့ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးနိုင်ဖို့ လူငယ် တွေရဲ့ အားတွေလိုအပ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နိုင်ဖို့၊ အချိန်မီအိမ်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်ဟု ဖော်ပြထားသည့် ဆောင်းပါးများ အပါအဝင် ဆောင်းပါး ၆၉ ပုဒ်ကို တစုတစည်းတည်း လေ့လာ ဖတ်ရှုနိုင်မည်ဖြစ်သည်။
အဆိုပါ စာအုပ်ကို သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း စာအုပ်အရောင်းဆိုင် အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း - ၀၁-၈၂၄၈ ၁၀၂ သို့ ဆက်သွယ်၍ တန်ဖိုးငွေကျပ် ၃၅၀၀ ဖြင့် ဝယ်ရရှိနိုင် သည်။
မြန်မာ့အလင်း