အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   စက်တင်ဘာ  ၃


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်း တို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို  ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊    ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇ သတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ   ၃၃  (က) နှင့်   တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်   ပြစ်မှုနှင့်သက်ဆိုင်သည့်  ရွှေ့ပြောင်းနိုင် သောပစ္စည်း၊    မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို    အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ    သိမ်းဆည်းခံရနိုင်ပြီး    ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂  ခုနှစ်  ဇန်နဝါရီ  ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကချင် ပြည်နယ်  မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အေးငြိမ်းသူသည် ၎င်း အသုံးပြုသည့် “A Ma Ra (ငြိမ်း)” Facebook အကောင့်၊  ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် အမှတ် (၂) ရပ်ကွက်နေ ဇင်မာမာသန်းသည် ၎င်းအသုံးပြုသည့်  “Zin Mar Than”   Facebook  အကောင့်နှင့် ဗိုလ်တထောင်မြို့နယ် (၈)  ရပ်ကွက်နေ ဇင်မိုးထွန်းသည် ၎င်းအသုံး ပြုသည့် “Zin Moe Htun” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့  ဂန္ဓမာရပ်ကွက်နေ  ပြည့်ဖြိုးကျော် (ခ) အာကြီးသည် ၎င်း အသုံးပြုသည့် “Pyae Phyo Kyaw” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်   မျက်ကွယ်ပြု၍   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊   ဝါဒဖြန့်ခြင်းများ   ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်   တရား ဥပဒေနှင့်အညီ   ဖမ်းဆီးထိန်းသိမ်း    အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။                                    
 သတင်းစဉ်