
နေပြည်တော် ဩဂုတ် ၁၀
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်း တို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့ စက်မှုဇုန်ရပ်ကွက်နေ မွန်မွန်သဲသည် ၎င်းအသုံးပြုသည့် “Thae Mon” Facebook အကောင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့ အမှတ် (၁) ရပ်ကွက်နေ လှမျိုးထွန်းနှင့် (၃)ရပ်ကွက်နေ မေသူကျော်တို့ နှစ်ဦးသည် ၎င်းတို့အသုံးပြုသည့် “Rizza-Travel & Food” Facebook Page၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ဖောထိုကျီကျေးရွာနေ လှသူဇာသည် ၎င်းအသုံးပြုသည့် “Hla Thuzar” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် စဉ့်ငူရပ်ကွက်နေ ချမ်းမြေ့ကို (ခ) အောင်ပြည့်စုံသည် ၎င်း အသုံးပြုသည့် “Chan Myae Ko” Facebook အကောင့်၊ လှိုင်မြို့နယ် အမှတ် (၁၆) ရပ်ကွက်နေ မျိုးလွင်ထွန်း (ခ) Sai Blanco သည် ၎င်း အသုံးပြုသည့် “Sai Blanco” Facebook အကောင့်၊ ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်နေ ထွန်းကျော်ဦးသည် ၎င်းအသုံးပြုသည့် “Htun Kyaw Oo” Facebook အကောင့်၊ စမ်းချောင်းမြို့နယ် ကျွန်းတော (လယ်) ရပ်ကွက်နေ မြင့်အောင်ထွန်းသည် ၎င်းအသုံးပြုသည့် “Myint Aung Htun” Facebook အကောင့်၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အနောက်ရပ်ကွက်နေ ကျော်နိုင်စိုးသည် ၎င်းအသုံးပြုသည့် “Kyaw Naing Soe” Facebook အကောင့်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တညင်ချောင်းရပ်ကွက်နေ နေမင်းနိုင်သည် ၎င်းအသုံးပြုသည့် “Nay Min Naing” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒ ဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်