အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဇူလိုင်   ၂၃


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော  CRPH၊  NUG   နှင့် ယင်းတို့၏လက်အောက်ခံ  အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေ သော   အဖွဲ့အစည်းများ၊   လူပုဂ္ဂိုလ်များသည်    နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊    ပြုလုပ်မှုဖြင့်ဖြစ်စေ၊    တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်    အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ   ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ  ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊   မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို    အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊    ဇန်နဝါရီ   ၂၅   ရက်တွင်     နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့   အသိပေး  သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး     တောင်ငူမြို့နယ်     အမှတ် (၁၉)  ရပ်ကွက်နေ စည်သူအောင်  (ခ)  စွယ်စုံနှင့်   ဇော်မင်းဦး  (ခ)  Paul  Mike   တို့သည် ၎င်းတို့အသုံးပြုသည့် “Swe Sone” Facebook အကောင့်နှင့် “Paul Mike” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်းနေ သက်အောင် (ခ)အရှည်ကြီးသည် ၎င်းအသုံးပြုသည့် “Thet Aung” Facebook အကောင့်၊ ဧရာ၀တီတိုင်းဒေသကြီး ဇလွန်မြို့နယ် လမ်းမတော်တောင်ရပ်ကွက် နေ   သိန်းလှိုင်သည်  ၎င်းအသုံးပြုသည့်  “Thein Hlaing” Facebook အကောင့်တို့သည်  အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက်  လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း  အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့  CRPH၊  NUG  နှင့်   ယင်းတို့၏   လက်အောက်ခံအဖွဲ့ အစည်းများ၊   ယင်းတို့နှင့်    ဆက်နွှယ်နေသော    အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေ ရန်နှင့်  အစိုးရယန္တရားများပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့ သူများအား    ဥပဒေနှင့်အညီ   ထိရောက်စွာ    အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။                    

               
သတင်းစဉ်