အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်  ဇွန်   ၅


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော    CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ   ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇ သတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေး ယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး   ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်န ဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


ထိုကဲ့သို့  အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး ပြည်မြို့ တောရမင်းကျောင်းလမ်းနေ ရန်နိုင်ဇော်(ခ) ရန်နု (၂၂)နှစ်နှင့် မြို့သစ်ရပ်ကွက်နေ ဖြိုးသီဟပိုင်(ခ) ဖြိုးလေး (၁၇)နှစ်တို့နှစ်ဦးသည် ၎င်းတို့အသုံးပြုသည့် “Yang Nu” Facebook အကောင့်နှင့် “Phyo Lay” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ဈေးကုန်းရပ်ကွက် ရေဝန်းကျောင်းတိုက်မှ ဥူးစန္ဒိမာ (ခ) ဇော်သန်း (၄၃)နှစ်သည် ၎င်းအသုံးပြုသည့် “ရဟန်းပျို” Face-book အကောင့်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်ကြီး ကုန်းကျေးရွာနေ အောင်မျိုးသန့် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Aung Myo Thant” Facebook အကောင့်နှင့်   အောင်မြေသာစံ မြို့နယ်နေ ငြိမ်းချမ်းကို (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Nyein Chan Ko” Facebook အကောင့်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနေ ဘုန်းဝေကျော် (၂၂)နှစ်သည် ၎င်းအသုံးပြုသည့် “Bhone Wai Kyaw” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာနေ နိုင်လင်းဦး (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Naing Lin Tun”   Facebook  အကောင့်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ တောင်ရပ်ကွက်နေ သက်မှူး ခန့်(ခ)အကြီးကောင် (၂၀)နှစ်သည် ၎င်းအသုံးပြုသည့် “Thet Hmue Khant” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန် ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့်   ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ  ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နှင့်   ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်