အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်    ဩဂုတ်     ၁၁


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်     ယင်းတို့၏   လှုံ့ဆော်မှု၊   ဝါဒဖြန့်မှုများ အပေါ်   မသိနားမလည်၍ဖြစ်စေ၊   ကြောက်ရွံ့၍ဖြစ်စေ   လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေး ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက် ထရောနစ်ဆက်သွယ်    ဆောင်ရွက်ရေးဥပဒေပုဒ်မ  ၃၃  (က)    နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင် သည့်    ရွှေ့ပြောင်းနိုင်သောပစ္စည်း၊    မရွှေ့ပြောင်းနိုင်သောပစ္စည်း များကို   အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  သိမ်းဆည်းခံရ နိုင်ပြီး     ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက     နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း   ၂၀၂၂  ခုနှစ်   ဇန်နဝါရီ  ၂၅  ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်     အသိပေး   သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး ပြည်မြို့ နဝင်းရပ်ကွက်နေ မိုးမိုးလွင်သည် ၎င်းအသုံး ပြုသည့် “Moe Moe Lwin” Facebook အကောင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန် (၁) ကျန်စစ် သားလမ်းနှင့် တိုင်းတာမင်းကြီးလမ်းထောင့်နေ ညိုဝင်း (ခ) မျိုးဝင်း သည် ၎င်းအသုံးပြုသည့် “Myo Win” Facebook အကောင့်တို့သည်  အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက် ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူ များအား   ဥပဒေနှင့်အညီ   ထိရောက်စွာ    အရေးယူသွားမည်ဖြစ် ကြောင်းနှင့်   ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား    ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင် ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


သတင်းစဉ်