အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်  ဒီဇင်ဘာ ၁၄
အကြမ်းဖက်အုပ်စုအဖြစ်      ကြေညာထားသော CRPH၊ NUG နှင့်  ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊   ယင်းတို့နှင့်    ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို    ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေ ပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့်   ယင်းတို့၏   လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်    မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံ ဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့ လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ   ၁၂၄-ကနှင့်   ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ နိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ   ၂၅   ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်     အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့      အသိပေး     သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ခေါင်းရပ်ကွက်နေ ပိုင်ဟိန်းခန့် (ခ) အာဆွင်း သည် ၎င်းအသုံးပြုသည့်   “Arswin”   Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်   ရည်ရွယ်လျက်    လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့   CRPH၊  NUG နှင့်   ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊     ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်   အစိုးရယန္တရားများ   ပျက်ပြားစေရန် ရည်ရွယ်လျက်    လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများ အား ဥပဒေနှင့်အညီ ထိရောက်စွာ  အရေးယူသွား မည်ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့် သူများအား   ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။ 
 သတင်းစဉ်