အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   မေ   ၂၂


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏  လက်အောက်ခံအဖွဲ့အစည်းများ၊  ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး  အစိုးရယန္တရားများ  ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ  အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊  မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင် ခြင်းခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၂၅ ရက်တွင်  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


ထိုကဲ့သို့     အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး   ပဲခူးမြို့  မြို့သစ်(ခ) ရပ်ကွက်  (၁)လမ်းနေ မေမြတ်နိုးသိမ့် ၂၀ နှစ်သည်  ၎င်းအသုံးပြုသည့် “Phone Myintzu (Pyone)” Facebook အကောင့်၊  ပဲခူးမြို့  ဗိုလ်ကုန်း(၁၈)ရပ်ကွက်နေ ငြိမ်းချမ်းအောင် ၂၉ နှစ်သည်  ၎င်းအသုံးပြုသည့် “Chan Aung” Facebook အကောင့်၊   လက်ပံတန်းမြို့   မအူကုန်းရပ်ကွက်နေ နှင်းလဲ့နန္ဒာလွင် ၂၆ နှစ်သည် ၎င်းအသုံးပြုသည့် “နှင်းလဲ့” Facebook အကောင့်၊   ပန်းတောင်းမြို့နယ်   ဥသျှစ်ပင်မြို့   ရွှေပင်ရပ်ကွက် စံပြလမ်းနေ ဟိန်းထက်နိုင် ၂၄ နှစ်သည် ၎င်းအသုံးပြုသည့် “Hein Htet Naing” Facebook အကောင့်၊  မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်နေ အေးအေးမာ ၃၂ နှစ်သည်  ၎င်းအသုံးပြုသည့် “Aye Aye Mar” Facebook အကောင့်၊   ပခုက္ကူမြို့  (၁၀)ရပ်ကွက်နေ တိုးကြည် (ခ) တိုးရွှေ  ၆၃ နှစ်သည်  ၎င်းအသုံးပြုသည့် “Daw Toe Kyi” Facebook  အကောင့်၊   ပခုက္ကူမြို့၊   (၁၁)ရပ်ကွက်နေ အောင်ကျော်သက် (ခ)ကျော်သက်သည်  ၎င်းအသုံးပြုသည့် “Kyaw Thet” Facebook အကောင့်၊ မွန်ပြည်နယ်   သံဖြူဇရပ်မြို့  ဖောင်စိန် ရပ်ကွက်နေ ခင်ရီ  ၅၈ နှစ်သည် ၎င်းအသုံးပြုသည့် “Daw Khin Yi” Facebook အကောင့်၊   ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပ မြို့နယ်  (က)ရပ်ကွက်နေ  မင်းထက်(ခ) အာဂျစ်  ၂၂  နှစ်သည် ၎င်းအသုံးပြုသည့် “Min Htet” Facebook အကောင့်၊ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာနေ  ခန့်သူဇော် ၁၉ နှစ်သည် ၎င်းအသုံးပြုသည့် “Khant Thu Zaw” Facebook  အကောင့်၊   ဧရာဝတီတိုင်းဒေသကြီး  ဘိုကလေးမြို့  (၃)ရပ်ကွက်နေသူများဖြစ်သည့်   မျိုးဇာနည်  ၃၁ နှစ် နှင့်  ဝင်းမေနီ   ၃၈ နှစ်တို့  နှစ်ဦးသည် ၎င်းတို့အသုံးပြုသည့် “Myo Zarni” Facebook အကောင့်နှင့် “Win May Ni” Facebook အကောင့် တို့သည့်   အသိပေးသတင်းထုတ်ပြန်ချက်အပေါ်  မျက်ကွယ်ပြု၍  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ   ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည်    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ   ပျက်ပြားစေရန်ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ်   အားပေးကူညီခြင်း  ပြုလုပ်ခဲ့သူများ အား   ဥပဒေနှင့်အညီ  ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နှင့်  ထိုသို့လှုံ့ဆော်သူ၊  ဝါဒဖြန့်သူများအား  ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်