အကြမ်းဖက် CRPH ၊ NUG ၊ PDF များ၏ ပစ်မှတ်ဖြစ်နေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ

Type

 

 မင်းခန့်

 

ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်းမှာ  ကျောင်းကားတစ်စီး
ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG တို့ရဲ့လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက  လက်လုပ်ရီမုမိုင်းနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့လို့    စာမေးပွဲဖြေဆိုပြီး   ပြန်လာတဲ့  ကျောင်းသူတစ်ဦးသေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရရှိသွားတဲ့သတင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြားသိ ခဲ့ရပါတယ်။

 


ကျောင်းဖွင့်ရက်တွေမှာ     နေ့စဉ်     ဒီအချိန်၊ ဒီလမ်းကြောင်းကနေ  ပုံမှန်သွားလာနေတဲ့ ကျောင်း ကားကို ရီမုမိုင်းနဲ့၊ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်လို့  ကျောင်းသား၊ ကျောင်းသူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့  ရက်ရက်စက်စက်  အကြမ်းဖက်   တိုက်ခိုက်တယ် ဆိုတာ     ငြင်းလို့မရပါဘူး။  ကျောင်းဝတ်စုံ  အဖြူ အစိမ်း   ဝတ်ဆင်ထားတဲ့   အပြစ်မဲ့ကလေးငယ် ကျောင်းသား၊ ကျောင်းသူလေးများ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့  ဖြစ်စဉ်မှတ်တမ်းဓာတ်ပုံများကို မြင်တွေ့ ရတဲ့သူတိုင်းလည်း  စိတ်မကောင်းဖြစ်ကြရပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်းလည်း ကိုယ်ချင်းစာစိတ်နဲ့ ခံစားကြည့်ရင် ဒီလိုဆိုးရွားရက်စက် ယုတ်မာလွန်း တဲ့  အကြမ်းဖက်လုပ်ရပ်တွေကို ရွံရှာစက်ဆုပ်ကြ ပါတယ်။

 


ဒီလိုဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်ရဲ့အနာဂတ်၊ မိဘများရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ သားသမီးများရဲ့
ပညာသင်ကြားရေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ခဲ့ခြင်းဖြစ်သလို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကလေး
သူငယ်များကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ် ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှား လှပါတယ်။  ဒီလိုအကြမ်းဖက်  လုပ်ရပ်မျိုးတွေကို နိုင်ငံတကာက ဘယ်လိုသဘောထားကြပါသလဲ။ ငြင်းလို့မရတဲ့    သက်သေအထောက်အထားတွေ အရ  ဒီလိုဆိုးရွားရက်စက်လွန်းတဲ့  အကြမ်းဖက် လုပ်ရပ်တွေလုပ်ဖို့        ကြိုးကိုင်စီစဉ်ဆောင်ရွက် နေတဲ့  အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားတဲ့  CRPH ၊ NUG  အဖွဲ့နဲ့  မြေပြင်မှာ  လက်ရဲဇက် ရဲကျူးလွန်နေတဲ့  PDF အမည်ခံအကြမ်းဖက်သမား တွေကို အားပေးထောက်ခံသင့်ပါသလား စဉ်းစား ချင့်ချိန်ကြစေချင်ပါတယ်။

 


ကလေးသူငယ်တွေဆိုတာ နိုင်ငံတစ်ခု၊ လူ့အဖွဲ့ အစည်းတစ်ခုရဲ့   အနာဂတ်ဖြစ်သလို   အဖိုးတန် ရတနာတွေလည်း   ဖြစ်ပါတယ်။   ကလေးသူငယ် တွေဟာ   အရွယ်ရောက်ပြီးသူတွေနဲ့   နှိုင်းယှဉ်ရင် မိမိကိုယ်ကို စောင့်ရှောက်ကာကွယ်နိုင်တဲ့   အသက် အရွယ်၊ အတွေ့အကြုံနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ  ဖွံ့ဖြိုးမှုတွေ မရှိသေးတာကြောင့် မိဘ၊  ဆွေမျိုးများ၊ 
အစိုးရနဲ့  သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများရဲ့ အရိပ် အာဝါသအောက်မှာ အထူးအကာအကွယ်ပေးထား
ရသူတွေဖြစ်ပါတယ်။  ဒါကြောင့်လည်း  နိုင်ငံတိုင်းမှာ အရွယ်မရောက်သေးတဲ့   ကလေးသူငယ်တွေ  ရရှိ သင့်တဲ့ အခွင့်အရေးတွေနဲ့၊ သူတို့အပေါ် ကျရောက် နိုင်တဲ့      ဘေးအန္တရာယ်တွေကို      ဥပဒေတွေနဲ့ ထိန်းကျောင်း ကာကွယ်ထားရခြင်း ဖြစ်ပါတယ်။

 


 နိုင်ငံတကာဥပဒေတွေအရတော့ တိုက်ခိုက်ရေးစစ်သည်မဟုတ်တဲ့ အရပ်သား (Non-Combatants)တွေကို  အကာအကွယ်ပေးထားတဲ့ဥပဒေတိုင်းဟာ ကလေးသူငယ်များအတွက်  ‘‘General Protection” အရ အကျုံးဝင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Geneva Declaration of the Rights of the Child ၊ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ မှာထုတ်ပြန်တဲ့  Declaration of the Rights of the Child အပါအဝင် အခြားသော အခွင့်အရေး ဆိုင်ရာ ဥပဒေများမှာ ကလေးသူငယ်များရဲ့ အခွင့် အရေးကို ကာကွယ်ပေးထားပါတယ်။

 


သာမန်အခြေအနေတွေမှာ   ကလေးသူငယ် တွေရဲ့ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ပေးထားသလို သာမန်မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ တွေ   အတွင်းမှာလည်း   အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် အထူးကာကွယ်ပေးထား တဲ့ ဥပဒေတွေရှိပါတယ်။ Geneva Convention တွေရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ ၁၉၇၇ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Additional Protocol I ၊ Article 77 မှာ  ‘‘Children  shall  be  the  object  of  special respect and shall be protected against any form of indecent assault. The Parties to the conflict shall provide them with the care and aid they require, whether because of their age or for any other reason" ကလေးသူငယ်တွေ ကို အထူးလေးစားရမယ်၊ သူတို့အပေါ်ကျရောက် မယ့်  မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို  ကာကွယ် ပေးရမယ်။    အသက်ငယ်တာအပြင်    ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ်  ပဋိပက္ခထဲမှာ  ပါဝင် တဲ့အုပ်စုတွေအနေနဲ့   ကလေးငယ်တွေကို   ကူညီ ထောက်ပံ့စောင့်ရှောက်မှုတွေပေးရမယ်လို့   ဆိုလို တာဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခကို ရည်ညွန်းတဲ့ AP II မှာ အဲဒီထက် အသေးစိတ်ကျတဲ့ ပြဋ္ဌာန်းချက် တွေ ပါဝင်ပါတယ်။

 


မြန်မာနိုင်ငံမှာလည်း ၂ဝ၁၉ ခုနှစ်  ဇူလိုင် ၂၃ ရက်က ‘‘ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ’’
ကိုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေရဲ့ အခန်း (၁၆) မှာ ‘‘ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း’’   ပါဝင်ပြီး   ကလေး သူငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှုတွေကနေ  အကာ အကွယ်ပေးထားပါတယ်။  အခန်း (၁၇)  ဖြစ်တဲ့ ‘‘ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ’’ ဆိုတဲ့ အခန်းမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ အတွင်း မှာ   ကလေးသူငယ်တွေကို   အထူးကိစ္စရပ်တစ်ခု အနေနဲ့  အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့ ပါဝင် ပြီးဖြစ်ပါတယ်။ 

 


ဒီလို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ကလေးသူငယ်တွေကို  အလေးထား  ကာကွယ်စောင့်ရှောက်ဖို့၊  ပဋိပက္ခတွေမှာမပါဝင်စေဖို့၊ ကြားမညပ်စေဖို့ ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထား တဲ့  CRPH ၊ NUG  တို့ရဲ့ လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်သမားများက နိုင်ငံရေးအရ အမြင်မတူလို့၊ သူတို့ကိုထောက်ပံ့ခြင်းမပြုလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိသားစုတစ်စုလုံးကို ကလေးသူငယ်ပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်နေကြသလို
ကလေးသူငယ်တွေကိုလည်း          အကြမ်းဖက် ဖောက်ခွဲမှု ကျူးလွန်တဲ့နေရာမှာ ဓားစာခံအဖြစ် အသုံးချနေကြတာကို စိတ်မကောင်းဖွယ်ရာ၊ စိုးရိမ် ထိတ်လန့်ဖွယ်ရာ မြင်တွေ့ကြားသိနေရပါတယ်။

 


မြန်မာနိုင်ငံမှာ       အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG တွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်သမား တို့ရဲ့ အကြမ်းဖက်မှုကြောင့်   သေဆုံးခဲ့ရတဲ့   ကလေး သူငယ်အရေအတွက် ၁၄၃ ဦးရှိပြီဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့တဲ့အရေအတွက် ၃၉၂ ဦးရှိပြီး ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ   ကလေးသူငယ်တွေ     အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး    မကွေးတိုင်းဒေသ ကြီးက ဒုတိယအများဆုံး ဖြစ်ပါတယ်။ သေဆုံး ခဲ့ကြရတဲ့    ကလေးငယ်အများစုဟာ     နိုင်ငံရေး အရောင်အသွေးမတူတဲ့အတွက်     ဒလန်မိသားစု ဆိုပြီး စွပ်စွဲသတ်ဖြတ်လို့၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့    လက်လုပ်မိုင်းတွေပေါက်ကွဲလို့၊ PDF အမည်ခံအကြမ်းဖက်တွေလက်နက်စမ်းသပ် ရင်း   ကျေးရွာတွေထဲကို    ရမ်းသန်းပစ်ခတ်လို့၊ ကျေးရွာ မီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိ ပစ်ချလို့ သေဆုံးခဲ့ကြရတာ အများစု ဖြစ်ပြီး  PDF  တွေ  အကြမ်းဖက်မှုဆောင်ရွက်ဖို့  အရွယ်မရောက်သေးတဲ့      ကလေးသူငယ်တွေကို   ဓားစာခံအဖြစ် အသုံးချတဲ့အတွက် သေဆုံးခဲ့ကြ ရတဲ့ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။ 

 


ဒီဖြစ်စဉ်တွေထဲကမှ  ပြည်သူလူထုနဲ့  နိုင်ငံ တကာက  သိရှိနိုင်အောင်  ထူးခြားဖြစ်စဉ်တချို့ ကို အကျဉ်းမျှဖော်ပြပေးလိုပါတယ်။ ၂ဝ၂၃ ခုနှစ်  ဖေဖော်ဝါရီ  ၁၁ ရက်က  တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့ ညောင်ရှင်ကုန်းကျေးရွာမှာ ရစဖမှူး ဦးမြင့်အောင် ၏ ဇနီး၊  သမီးနဲ့  မြေးများဖြစ်တဲ့ မိသားစုဝင်  (၇)  ဦးစလုံးကို   PDF အမည်ခံ အကြမ်းဖက်တွေသတ်ဖြတ်သွားကြပါတယ်။ ဒီလို   ရက်ရက်စက်စက်အသတ်ခံရတဲ့ မိသားစုတွေထဲမှာ မြေးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်နေထက် သိန်း၊ အသက် ၁၆ နှစ်အရွယ်  မောင်ဇေယျာအောင်၊  အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင်၊  အသက် ၉ နှစ်အရွယ် မမေဇင်ဖြူ၊ နာမည်တောင် သေချာ မပေးရသေးတဲ့  တစ်နှစ်အရွယ်  မောင်သားသား တို့ဟာ  အရွယ်မရောက်သေးတဲ့  ကလေးငယ်များ  ဖြစ်ကြပါတယ်။ အဘိုးဖြစ်သူက ကျေးရွာအုပ်ချုပ်  ရေးမှူးဖြစ်တာနဲ့ မိသားစုတစ်စုလုံးကို ရင်ခွင်ပိုက် တစ်နှစ်အရွယ် ကလေးပါမကျန်   လူမဆန်စွာ သတ်ဖြတ်သွားခဲ့ကြတာဖြစ်ပါတယ်။

 


၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာမှာ PDF အမည်ခံ အကြမ်းဖက်တွေက    ဦးကျော်လှိုင် (၆၅) နှစ်  (ဝါး/မျော ရောင်းဝယ်ရေး)  အပါအဝင်  မိသားစု   (၈)   ဦး  စလုံးကို    ရက်ရက်စက်စက် သတ်ဖြတ်သွားကြပါတယ်။   ဒီလိုသတ်ဖြတ်ခံရတဲ့အထဲမှာ ဦးကျော်လှိုင်ရဲ့ မြေးတွေဖြစ်တဲ့ မောင်ခန့်ဇေယျာမျိုး(၆)နှစ်၊  မသိမ့်ရွှေဘုံစံ (၁၁) နှစ်၊  မစု မြတ်စံ (၁၅) နှစ်တို့ဟာ     အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။   ထူးခြားတာ က   ဦးကျော်လှိုင်တို့  မိသားစုဟာ NLD ပါတီကို ထောက်ခံအားပေးသူတွေဖြစ်ပြီး  ဝါး/မျောရောင်း  ဝယ်ရေးနဲ့ စီးပွားဖြစ်နေကြပေမယ့်   PDF အမည်ခံ အကြမ်းဖက်တွေကို  ထောက်ပံ့ကြေး မပေးတော့  လို့ဆိုတဲ့  အကြောင်းပြချက်နဲ့  သတ်ဖြတ်သွားကြ တာဖြစ်ပါတယ်။ အရင်ကပေးနေပြီး  နောက်ပိုင်း  မှာ PDF အမည်ခံအကြမ်းဖက်တွေရဲ့ အကြမ်းဖက်  လမ်းစဉ်ကို     မယုံကြည်တော့လို့    ဆက်လက်  မထောက်ပံ့တော့တာလည်း    ဖြစ်နိုင်ပါတယ်။   ဘယ်လိုပဲဖြစ်ဖြစ်         အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့  CRPH ၊ NUG တို့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက သူတို့ကို  မထောက်ခံတာနဲ့၊     ငွေကြေးမပေးတာနဲ့     နိုင်ငံ   ရေးအရောင်မရွေး ကလေးပါမကျန်  ရက်စက်စွာ သတ်ဖြတ်ကြတယ်ဆိုတာ     သိသာထင်ရှားစေတဲ့    အထောက်အထားတစ်ခုဖြစ်ပါတယ်။

 


၂ဝ၂၁  ခုနှစ်  မေ  ၁၉  ရက်   စစ်ကိုင်းတိုင်းဒေသကြီး  မြောင်မြို့နယ်  ရွှေပေါက်ပင်ကျေးရွာ မှာ  ရစဖမှူး  ဦးစိုးညွန့်  အိမ်ကို  PDF အမည်ခံ  အကြမ်းဖက်သမားတွေရောက်လာပြီး ဇနီး  မတင် မာစိုး အပါအဝင် သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်စွမ်းထက်အောင်ကိုပါ   ရက်ရက်စက်စက်  သတ်ဖြတ်သွားကြပါတယ်။ ဒီလိုမျိုး  အုပ်ချုပ်ရေး မှူးမိသားစုတွေကို   ကလေးငယ်တွေပါမကျန်     ရက်ရက်စက်စက်      သတ်ဖြတ်တဲ့ဖြစ်စဉ်တွေ  အများကြီး ရှိခဲ့ပါတယ်။ ဖခင်  သို့မဟုတ်  အဘိုးဖြစ် သူက    ကျေးရွာအုပ်ချုပ်ရေးမှူး   ဖြစ်နေတာနဲ့ သူတို့ရဲ့  မိသားစုတွေကို   ရင်ခွင်ပိုက်ကလေးပါ  မကျန်   သတ်ဖြတ်နေကြတာက    လုံလောက်တဲ့ အကြောင်းပြချက်   ဟုတ်ပါရဲ့လား၊      ဖြစ်သင့်ဖြစ်ထိုက်ပါသလား စဉ်းစားကြည့်ကြဖို့လိုပါတယ်။

 


၂ဝ၂၁ ခုနှစ် စက်တင်ဘာ  ၂၃  ရက်က  တန့် ဆည်မြို့နယ်     ကျီကုန်း(တ)ကျေးရွာက   ဦးရဲမြင့် (၅၇) နှစ်အပါအဝင်  မိသားစုဝင်  (၆) ဦးစလုံးကို  PDF  အမည်ခံအကြမ်းဖက်တွေက   ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့မိသားစုဖြစ်တယ်ဆိုတဲ့   အကြောင်းပြချက်  နဲ့သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး  ဦးရဲမြင့်ရဲ့ မြေးဖြစ်သူ  မနုနုခိုင်နဲ့ မချောစုလှိုင်တို့ဟာ အသက် ၁၈ နှစ် ဝန်းကျင်သာရှိတဲ့  ဆယ်ကျော်သက်တွေဖြစ်ပြီး  အငယ်ဆုံး     မကျော့မှူးကေသွယ်ဟာ   အသက် ၄ နှစ်သာ  ရှိပါသေးတယ်။   ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့  မိသားစုဖြစ်တာနဲ့ အရွယ်မရောက်သေးတဲ့  အမျိုး သမီးငယ်လေးတွေပါမကျန်     ရက်ရက်စက်စက်   သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 


၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် ပျဉ်းမလမ်း ယာဘက်က  မြို့နယ်ဘောလုံးကွင်းဝင်ပေါက်မှာ  လက်လုပ်မိုင်း (၁) လုံးပေါက်ကွဲပြီး     မောင်မိုးရန်ကို (၇) နှစ်နဲ့  မောင်ဝင်းနိုင်မင်း (၁၁)နှစ်တို့  ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ကြရပါတယ်။  မျက်မြင်တွေ့ရှိချက်တွေ  အရ  ကလေးငယ်  (၂) ဦး  ကိုင်ဆောင်လာတဲ့  ကြွပ်ကြွပ်အိတ်ထဲက  မိုင်းပေါက်ကွဲခဲ့တာလို့  သိရပါတယ်။   အကြမ်းဖက်အုပ်စုအဖြစ်   ကြေညာထား တဲ့ CRPH ၊ NUG  တွေနဲ့  ၎င်းတို့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လူသူအများ အပြား   လာရောက်ကြည့်ရှုတဲ့      အားကစားကွင်း ထဲမှာ   မိုင်းခွဲဖို့   အရွယ်မရောက်သေးတဲ့  ကလေး သူငယ်တွေကို ငွေကြေးပေးပြီး ခိုင်းစေအသုံးချခဲ့တာ ဖြစ်ပါတယ်။   အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာ ထားတဲ့  NUG  က  ဇော်ဝေစိုး ထုတ်ဖော်ပြောဆို ခဲ့တဲ့ ‘‘အိတ်သေးသေးလေးတွေလည်း   ဖွင့်မကြည့်နဲ့ ကိစ္စတုံးသွားမယ်” ဆိုတဲ့  ခြိမ်းခြောက်မှုနဲ့တထေရာ တည်းတူညီနေတာကို တွေ့ရပါတယ်။ 

 


ဒီဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် PDF အမည်ခံအကြမ်းဖက်တွေအနေနဲ့ နိုင်ငံရေးအရောင် အသွေး မတူလို့၊  ဝန်ထမ်းဖြစ်လို့ဆိုတဲ့  အကြောင်း ပြချက် သာမကတော့ဘဲ သူတို့ကိုအားပေးထောက်ခံ ခြင်း  မပြုတော့တဲ့  နိုင်ငံရေး  အရောင်အသွေးတူ သူတွေကို သတ်ဖြတ်တဲ့နေရာမှာ ဘာမှမဆိုင်တဲ့    ကလေးသူငယ်တွေကိုပါ      ရက်ရက်စက်စက် သတ်ဖြတ်နေကြကြောင်း မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။  ဒီလိုဖြစ်စဉ်တွေ ဖြစ်လာရတဲ့ ဇာစ်မြစ် က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့  NUG အဖွဲ့ရဲ့ စေခိုင်းစီမံမှုတွေနဲ့ လှုံ့ဆော်မှုတွေအရ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေက     မြေပြင်မှာ ကျူးလွန်နေကြတာဖြစ်ပါတယ်။ ငြင်းလို့မရနိုင်တဲ့ အထောက်အထားတွေ၊   ခိုင်မာတဲ့  မှတ်တမ်းတွေ   အားလုံးရှိနေပြီး   ကမ္ဘာသိအောင်    သတင်းများ ထုတ်ပြန်ပေးနေသလို သက်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နိုင်ငံတကာအဖွဲ့အစည်း များနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့များကိုလည်း ထပ်ခါ တလဲလဲ အသိပေးထားပြီး ဖြစ်ပါတယ်။

 

စိတ်မကောင်းစရာက     နိုင်ငံတချို့ကတော့ အကြမ်းဖက်အုပ်စုအဖြစ်     ကြေညာထားသော CRPH ၊ NUG တွေနဲ့  ၎င်းတို့ရဲ့လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်သမားများက    အကြမ်းဖက် လူသတ်နေကြတဲ့    ဖြစ်စဉ်တွေကို   ကမ္ဘာ့မီဒီယာ
တွေပေါ်မှာ တက်မလာအောင် နည်းမျိုးစုံနဲ့ ထိန်းချုပ် ထားပြီး အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ 
CRPH နဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ထိတွေ့ဆက်ဆံ ကာ   အကြမ်းဖက်အားပေး    လုပ်နေကြတာကို တွေ့ရပါတယ်။  ဒီလိုမျိုး  ထိတွေ့ဆက်ဆံနေမှုတွေ ဟာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG  တွေနဲ့  ၎င်းတို့ရဲ့ လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို     အားပေးရာ ရောက်နေသလို မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွား နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ် မှုများကို ပိုဆိုးလာအောင် မီးထိုးပေးနေတဲ့   လုပ်ရပ် များပဲ ဖြစ်ပါတယ်။

 


နိုင်ငံတကာမှာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှု (Terrorism &  Terrorism Acts) ကို   အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ သို့သော်လည်း ဒီနေ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH၊ NUG     တို့နဲ့    ၎င်းတို့ရဲ့လက်ဝေခံ   PDF   အမည်ခံ
အကြမ်းဖက်တွေရဲ့လုပ်ရပ်တွေက တော်လှန်ရေး အမည်ခံပြီး နိုင်ငံရေးရပ်တည်ချက်မတူတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူ (Non-Comba-tants) တွေကို   ရည်ရွယ်ချက်ရှိရှိ  ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်နေရာမှာ        အရွယ်မရောက် 
သေးတဲ့ ကလေးသူငယ်များကိုပါမချန်  သတ်ဖြတ်နေကြပြီး    မည်သည့်ကမ္ဘာ့လူ့အဖွဲ့အစည်းကမှ 
လက်မခံနိုင်တဲ့ အကြမ်းဖက်မှုတွေ  ကျူးလွန်နေ ကြတယ်ဆိုတာကို      အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားသော CRPH ၊ NUG အကြမ်းဖက်အဖွဲ့ တွေနဲ့  ထိတွေ့ဆက်ဆံနေကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းနဲ့   နိုင်ငံများကို   ထပ်မံအသိပေးပြောကြား လိုပါတယ်။

 


ဒီလိုအရွယ်မရောက်သေးတဲ့    ကလေးသူငယ် များကို ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်  လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေဟာ ငါနဲ့မတူ ငါ့ရန်သူ အယူအဆအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH ၊ NUG  အဖွဲ့တွေရဲ့   စေခိုင်းချက် အရ PDF  အမည်ခံ  အကြမ်းဖက်သမားတွေက ကျူးလွန်ခဲ့ကြတဲ့   ရာဇဝတ်ပြစ်မှုကြီးတွေ ဖြစ်ပါ တယ်။  မြန်မာနိုင်ငံအစိုးရနဲ့   တပ်မတော်အနေနဲ့ ကတော့ နိုင်ငံတကာဥပဒေတွေအရကော၊ ပြည်တွင်း ဥပဒေတွေအရပါ   ကလေးသူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးကို    ကာကွယ်ရမယ့်တာဝန် အပြည့်အဝရှိတာကြောင့်    လိုအပ်တဲ့လုံခြုံရေး အစီအမံတွေချမှတ်ပြီး      အကြမ်းဖက်ရန်ကနေ  ကာကွယ်ပေးနေပါတယ်။  ဒီလိုရက်စက်ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့ တွေကို ငွေကြေးထောက်ပံ့ပြီး နိုင်ငံရေးအကြောင်း ပြချက်နဲ့   တိုက်ရိုက်   သို့မဟုတ်   သွယ်ဝိုက်ပြီး ထိတွေ့ဆက်ဆံနေကြတဲ့  နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ လူပုဂ္ဂိုလ်များ အနေနဲ့ အထူးဂရုပြု တွေးဆဆင်ခြင်နိုင်ဖို့အတွက်   ရင်ခွင်ပိုက်ကလေးပါမကျန်  သတ်ဖြတ်နေကြတဲ့  အကြမ်းဖက်အုပ်စုအဖြစ်   ကြေညာထားသော CRPH ၊ NUG တွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်တွေရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်နဲ့     အကြမ်းဖက်လုပ်ရပ်တွေကို   တင်ပြ ပေးလိုက်ရပါတယ်။     ။

 


ကျမ်းကိုးစာရင်း


Geneva Convention IV 1949, Additional Protocol I and II 1977, Geneva Declaration of the Rights of the Child 1924, Declaration of the Rights of the Child 1959။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ‘‘ကလေး
သူငယ်အခွင့်အရေးဆိုင်ရာဥပေဒ’’၊ ၂ဝ၁၉။