အကြိမ်(၃၀)မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂


(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိမ်(၃၀)မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ(ခ) အဆင့်ပြိုင်ပွဲများ ကို ယနေ့နံနက်ပိုင်းက  နေပြည်တော်ရှိ   စစ်ကြောရေးနှင့်တည်းခိုရေး စခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။


ယနေ့နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ)အဆင့်ပြိုင်ပွဲတွင်   တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂)စစ်တီးဝိုင်းအသင်း၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု   အမှတ်(၁)  စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း အသင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီး ဝိုင်းအသင်း၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီး ဝိုင်းအသင်းနှင့်  အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့ပြင် ညနေပိုင်းတွင် (ခ) အဆင့်ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း တို့ ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော် (ကြည်း၊ ရေ၊ လေ)  စစ်တီးဝိုင်းပြိုင်ပွဲ   ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်စစ်ရေးချုပ်   ဗိုလ်မှူးချုပ် ထွန်းမြတ်‌ရွှေ၊ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့်   ဖိတ်ကြားထားသူများ   ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်