
ရန်ကုန် စက်တင်ဘာ ၂၆
အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့် ရေးခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တပ်မတော်ဆေး တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်း၊ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွန့်၊ တပ်မတော် ဆေးသုတေသနတပ် တပ်မှူး ဗိုလ်မှူးချုပ် ကြီးမြင့်၊ တပ်မတော်အရိုးရောဂါ အငြိမ်းစားပါမောက္ခ တပ်မှူး ကြီးများ၊ ဖိတ်ကြားထားသော တပ်မှူးကြီးများ၊ ဆေး တက္ကသိုလ်(၁) ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေး နှင့် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသား ခုနစ်ဦး၊ ဆေးတက္ကသိုလ်( ၂ ) ပါမောက္ခ ဒေါက်တာမျိုးမင်းဦးနှင့် ဘွဲ့လွန်ကျောင်းသား ခြောက်ဦး၊ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခ ဒေါက်တာစည်သူနှင့် ဘွဲ့လွန် ကျောင်းသား ငါးဦး၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခ ဒေါက်တာအောင်နိုင်နှင့် ဘွဲ့လွန် ကျောင်း သား နှစ်ဦး၊ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်စုစည်း ကျင်းပသူ တပ်မတော်ဆေးတက္ကသိုလ် အရိုး ရောဂါ ပညာဌာနမှ ဌာနမှူး/ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်းနှင့် ဘွဲ့လွန်ကျောင်းသား ၄၄ ဦး၊ ဆေးလက်တွေ့ပါရဂူကျောင်းသားများ၊ တပ်မတော် အရိုးရောဂါနယ်ပယ်မှ ပါရဂူကြီးများနှင့် မြန်မာနိုင်ငံ တစ်ဝန်းမှ တပ်မတော်သား အရိုးအထူးကုဆရာဝန် များ၊ ပန်းလှိုင်အပြည်ပြည်ဆိုင်ရာဆေးရုံမှ အတိုင်ပင်ခံ အရိုးအထူးကုဆရာဝန်ကြီး တစ်ဦး၊ အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားသော လက်ပိုင်းဆိုင်ရာ ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှာမားနှင့် အခြားဖိတ်ကြားထားသော တပ်မတော်မှ ပါရဂူကြီး များ စုစုပေါင်း ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် စာပေရေးရာဆပ်ကော် မတီ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်း က အမှာစကားပြောကြားသည်။
ထို့နောက် အရိုးရောဂါပညာဌာနမှ နာယက ပါမောက္ခ ဗိုလ်မှူးချုပ်ထွန်းထွန်းက ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာကဏ္ဍများနှင့် စပ်လျဉ်း၍ ပါမောက္ခ/ ဌာနမှူး ဒုတိယဗိုလ်မှူး ကြီး ဟိန်းလတ်ဝင်းက ယနေ့အလုပ်ရုံဆွေးနွေးပွဲ သည် ဆေးပညာနှီးနှောဖလှယ်ပွဲ စာပေရေးရာဆပ် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆင့်ဆင့်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အရိုးရောဂါပညာဌာန၏ နိုင်ငံတကာ အဆင့် ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲဖြစ် ၍ ယခုလိုကျင်းပနိုင်မှုသည် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ နှစ်ရက်ကြာ ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် သက်မဲ့ဆရာ(SilentMentor) များအသုံးပြု၍ သင်ကြားနိုင်ရန် ပါမောက္ခချုပ်နှင့် စာပေရေးရာ ကော်မတီအဖွဲ့ဝင်များမှ အထူးကြိုးစား ဆောင်ရွက်ခဲ့ကြောင်း။
Workshop တွင် အသုံးပြုမည့် Surgical Gloves, Blades, Sutures နှင့် Instruments များကိုလည်း ကြိုတင်စုဆောင်းပြီး Course Curriculum ကိုလည်း နိုင်ငံတကာအဆင့်နှင့်အညီ Update ဖြစ်စေရေး အတွက် ပါမောက္ခ/ဌာနမှူးများ၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့ ၏ Combat Medical Care တွင် အဓိကလိုအပ်နေ သော Flap Surgery in Combat Medical Care ကို အရိုးရောဂါဆရာဝန်များ ကျွမ်းကျင်စွာ တတ်မြောက် ခြင်း ဖြင့် တပ်မတော်သားတို့၏ စစ်မြေပြင်ဆေးအကာ အကွယ်လုပ်ငန်းကို အထောက်အကူရရှိစေမည့်အပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးပညာအဆင့် အတန်းသည်လည်း မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတကာမှ ဆေးပညာရှင်များကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာပေရေးရာဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းက ပါမောက္ခ/ဌာနမှူးများကိုယ်စား ပါမောက္ခ/ဌာနမှူး ဦးအောင်သိန်းဌေးအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။
အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၃ ခုနှစ် အောက် တိုဘာ ၃ ရက်မှ ၅ ရက်အထိ ပြင်ဦးလွင်မြို့ အမှတ် ( ၁ ) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)တွင် ကျင်းပ သွားမည်ဖြစ်ပြီး အကြိမ် (၃၀) မြောက် Pre-Conference တွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံ ရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီးများက တက် ရောက်လာကြသူများအားလုံးကို ပြုပြင်အစားထိုး ခွဲစိတ်ကုသမှုနည်းစနစ်များနှင့် အယူအဆအတွေး အခေါ်ပိုင်းကိုအခြေခံ၍ လက်တွေ့လုပ်ကိုင်နိုင်သည် အထိ သက်မဲ့ဆရာ(Silent Mentor)များကိုအသုံးပြု၍ လက်တွေ့သရုပ်ပြ သင်ကြားဆွေးနွေးခြင်းကို Online မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရိုးဆရာ ဝန်များအား Webinar တွင် တိုက်ရိုက်ထုတ်လွှင့် ၍ သင်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ အရိုးပါရဂူ ငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စစ်ဘက်၊ နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပမှ ပညာရှင်ကြီးများနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေး သင်ကြားနိုင်မည့်အပြင် သက်မဲ့ဆရာ (Silent Mentor)ကို အသုံးပြု၍ လက်တွေ့ လေ့ကျင့်နိုင်ခဲ့ခြင်း ကြောင့် အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှု နယ်ပယ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းကုသ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်