
နေပြည်တော် ဖေဖော်ဝါရီ ၉
မြို့နယ် အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၈၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန၌ ကျင်းပ သည်။
တက်ရောက်
သင်တန်းဆင်းပွဲသို့ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် အရာထမ်း/အမှု ထမ်းများ တက်ရောက်ကြ သည်။
သင်တန်းဆင်းပွဲတွင် ဒုတိယ ဝန်ကြီးက ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ နှင့် စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများ၊ ခေတ် စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ နေသော အခွန်ဆိုင်ရာပြုပြင် ပြောင်းလဲမှုများ၊ အခွန်စည်းကြပ် ခြင်းနှင့်ဆက်စပ်နေသော စာရင်း ကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်း စစ်ဆေးခြင်း၊ ICT နည်းပညာကို အခြေခံ၍ အခွန်စည်းကြပ် ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ် များ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော ပင်စင်အမှုတွဲအမျိုးမျိုး တည် ဆောက်ပုံများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်စရာ များ၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဆိုင်ရာ သိမှတ်စရာများကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း။
လုပ်ငန်းသဘော သဘာဝ အရ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အခွန် ထမ်းပြည်သူများက ပေးဆောင် ရမည့် အခွန်ငွေများကို တာဝန် သိအခွန်ထမ်းပီသစွာ ပေးဆောင် လိုသည့် စိတ်ဆန္ဒရှိလာအောင် အကောင်းဆုံး ဝန်ဆောင်မှုပေး ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်း၌ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူ များကို ဆုများ ချီးမြှင့်ကာ သင်တန်းဆင်း အောင်လက်မှတ် များ ပေးအပ်သည်။
ရက်သတ္တ ရှစ်ပတ်ဖွင့်လှစ်
အဆိုပါသင်တန်းကို ရက် သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချ ခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၀ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်