
အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့်ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကိုချဲ့ထွင်၍ ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှုတိုးတက်လာသည်ကိုတွေ့ရ
တာဝန်ရှိသည့်ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်က ရသင့်ရထိုက်သည့်အခွန်အခများကို ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံပေးရန်လို
နေပြည်တော် နိုဝင်ဘာ ၂
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း
ယုံကြည်မှုထား၍ ဆောင်ရွက်ပေးခဲ့
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြား ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ၌ MNDAA နှင့် TNLA ပူးပေါင်း အဖွဲ့များက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေး စခန်းများနှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက် လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ် တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံ ရေးစခန်းများအား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ် အေးချမ်းမှု ပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော် လည်း ၎င်းတို့အနေဖြင့် အင်အား အလွန်အကျွံသုံး၍ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့ အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက် ခဲ့ရကြောင်း။
မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြား ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးသည့်အချိန် တွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ ဆောင် ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ် တိုက်ခိုက် မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး
ကြပ်မတ်ဆောင်ရွက်
အစိုးရအဖွဲ့ဆိုသည်မှာ တိုင်းပြည်ကို တိုးတက် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ရာထူးများသည် နိုင်ငံရေးရာထူးများဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှချမှတ်ပေးသည့် မူဝါဒ များ၏ လုပ်ငန်းများကို အသေးစိတ်အကောင်အထည် ဖော်ရာတွင် အစိုးရဌာနမှ ဝန်ထမ်းအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရများအနေဖြင့် ပြောင်းလဲသော်လည်း အစိုးရ ဝန်ထမ်းများမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ အစိုးရ သက်တမ်းတစ်ခုတွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းနှင့် လုပ်ငန်းများအားလုံးကို မှတ်တမ်းတင်ထားပြီး ဝန်ကြီး ဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများက အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
နောက်ထပ်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ မူဝါဒများနှင့် ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ရာတွင်လည်း ရှေ့အစိုးရအဆက် ဆက်မှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် လုပ်ငန်း ရပ်များ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့် ပတ်သက် သည့် စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီ ချက်များ ရှိမည်ဖြစ်ကြောင်း၊ ၎င်းကိုနောက်တက်လာ မည့် အစိုးရကလည်း ၎င်းတို့၏မူဝါဒနှင့် ကိုက်ညှိ လျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ရကြောင်း၊ ဆောင်ရွက်မှု ရှိ/မရှိဆိုသည်ကို တည်ဆဲ အစိုးရက တာဝန်ယူ၊ တာဝန်ခံရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြီးခဲ့ သည့် အစိုးရနှင့် အစိုးရအဆက်ဆက်မှ ဆောင်ရွက် ခဲ့သည့် စီမံကိန်းများကိုအခြေခံ၍ တတ်နိုင်သမျှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် ရပ်တန့် နေရသည့် စီမံကိန်းနှင့်လုပ်ငန်းများ ပြန်လည်ဆောင် ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ပြန်လည်စိစစ်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အချို့စီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများနှင့် ညီညွတ်မှုမရှိဘဲ ဆောင်ရွက် နေခြင်းကြောင့် တာဝန်ရှိသူများကို အရေးယူဆောင် ရွက်ရခြင်းများရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ် တကျရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း။
မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်း
များအောင်မြင်စေရန်အတွက် မရရအောင်
လုပ်မည်ဆိုသည့်စိတ်မွေး၍ ဆောင်ရွက်
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကိုအခြေခံ၍ စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးတွင် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များဖြစ်ကြသည့် ကော်ဖီနှင့် ရော်ဘာစိုက်ပျိုးခြင်းများ၊ မွေးမြူရေးတွင် အဓိကစားသုံးကြသည့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်နှင့် ငါးများကို နိုင်ငံအတွင်းစိုက်ပျိုးမွေးမြူနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင် နေထိုင် ကြပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့် သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်း များကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကို အဓိက မောင်းနှင်နေသူများဖြစ်ပြီး ၎င်းတို့၏ ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက် ပေးရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာ သည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင် ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာ ကုန်ပစ္စည်းရောင်းဝယ်မှုများ ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း၊ သို့မှသာ ဆက်စပ်နှီးနွှယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေးရေးလုပ်ငန်း များ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော် အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေး ဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံ ငွေများ ထုတ်ပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင် ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အဆိုပါ လုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိ/မရှိ ပြန်လည် သုံးသပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်း များ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ် ဆောင်ရွက်ကြည့်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့် အတိုင်း နိုင်ငံစီးပွားတိုးတက်ရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရန်အတွက် မရရအောင် လုပ်မည်ဆိုသည့်စိတ်မွေး၍ ဆောင်ရွက်သွားမည် ဆိုပါက မျှော်မှန်းသည်ထက် ပိုမိုတိုးတက်အောင်မြင် နိုင်မည်ဖြစ်ကြောင်း။
စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးတွင်းကာလတွင် တစ်နိုင်ငံလုံး လယ်စပါး စိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးဧက ၁၃ ဒသမ ၁၇ သန်း စိုက်ပျိုးခဲ့ပြီး ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၇၄ ဒသမ ၈၃ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း၊ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၀၀ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လယ်စိုက်ပျိုးမှု၊ တောင်ယာ နှင့် အခြားမြေများ၌ စပါးစိုက်ပျိုးမှုများ အပါအဝင် စုစုပေါင်း စပါးစိုက်ပျိုးမှုမှာ ၁၄ ဒသမ ၉ သန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၇၃ ဒသမ ၁၁ သန်းဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း (၄) မျိုးကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်းများ ကောင်းမွန်မည်ဖြစ်ကြောင်း၊ အထွက်နှုန်း ကောင်းမွန် သည့် မျိုးများ စိုက်ပျိုးရန်လိုကြောင်း၊ မြေပြုပြင် ရာတွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် မြေဩဇာများ ရရှိရေးအတွက်လည်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို စနစ် တကျ အသုံးပြုရန်လိုကြောင်း။
မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် နှစ်များ အတွင်း မိုးတွင်းကာလများ၌ စိုက်ပျိုးရေးကို ထိခိုက် စေနိုင်သည့် ရေပြတ်လပ်မှုများ မရှိခဲ့ကြောင်း၊ မြေအနေဖြင့်လည်း ပြောစရာမရှိကြောင်း၊ သို့သော် စိုက်နည်းစနစ်များ မှန်ကန်စွာဖြင့် ကောက်ကွက်များ ပြည့်မီအောင် စိုက်ပျိုးရန်လိုကြောင်း၊ ကြဲပက်၍ စိုက်ပျိုးမည့်အစား အနည်းဆုံးတိုက်ရိုက် အစေ့ချ စနစ်ဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုများ အောင်မြင် တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ GDP များ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ GDP နည်းပါးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ယင်းကိုအခြေခံသည့် MSME များ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
လုပ်ငန်းများ အောင်မြင်စေရေး
စနစ်တကျဖြင့် ဆောင်ရွက်
လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ချင့်ချိန် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ လုပ်ငန်း များ ကြန့်ကြာမှုမရှိစေရေး တာဝန်ယူမှု၊ တာဝန်ခံမှု များဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို Check List များထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နှင့် နှီးနွှယ်နေသည့် လုပ်ငန်းရပ်များ အောင်မြင် စေရေး လူတိုင်းတွင်တာဝန်ရှိကြောင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ရှိရန်လည်းလိုကြောင်း။
ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းများ ရေးဆွဲ ရာတွင် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက် နိုင်သည့် စီမံကိန်းများကိုသာ ရေးဆွဲဆောင်ရွက် သွားရန်လိုကြောင်း၊ အကြောင်းကြောင်းကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက နိုင်ငံတော် အတွက် နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနများအတွင်း ရာထူးခန့်ထား ခြင်း၊ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းများ ခွင့်ပြုပေးခြင်း များနှင့်ပတ်သက်၍ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်မျဉ်း ဥပဒေများကို ကျော်လွန်ဆောင်ရွက်ခြင်း မပြုရန်လိုကြောင်း။
လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါ တွင် မိမိတို့လူမျိုးများအနေဖြင့် အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် မြေကိုအကျိုးရှိစွာအသုံး ချနိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်လျက်ရှိ ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်လာမည် ဆိုပါက ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ရေရရှိရေး နိုင်ငံ တော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင် သည့် တာဝန်ရှိသူများအနေဖြင့်လည်း နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေလျက် ရှိကြောင်း၊ ထို့ကြောင့် ထိုက်သင့်သည့် တိုးတက်မှုများ ရရှိရန်အတွက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အစိုးရ က ချမှတ်ထားသည့် မူဝါဒများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြား ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေရရှိရေးနှင့် ပတ်သက်၍ အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့် ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန် နယ်ပယ်ကို ချဲ့ထွင်၍ ထိထိရောက်ရောက် ဆောင် ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှုတိုးတက်လာသည် ကို တွေ့ရကြောင်း၊ အခွန်နှင့်ပတ်သက်ပြီး တာဝန်ရှိသည့်ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့် ဝဝရရှိအောင် ကောက်ခံပေးရန် လိုကြောင်း။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ထုတ်လုပ်ရသည့် လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် မထိခိုက် စေဘဲ ထုတ်လုပ်၍ရသည့် လုပ်ငန်းနှစ်မျိုးရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် မူတည်၍ ထုတ်လုပ် ရသည့် သယံဇာတပစ္စည်း ထုတ်လုပ်မှုများသည် သတိထားရပြီး နိုင်ငံတကာတွင်လည်း ကန့်သတ် ချက်များဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိဘဲ ထုတ်လုပ်ရနိုင် ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ အပေါ် အခြေခံပြီး ဆောင်ရွက်သည့် စက်ရုံများနှင့် ဝန်ကြီးဌာနပိုင် စက်ရုံ၊ အလုပ်ရုံများ ရှိကြောင်း၊ ယင်းစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု များကို အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း။
မျိုးဆက်သစ်များကို အမွေပေးနိုင်ရန်၊ တိုင်းချစ် ပြည်ချစ်စိတ်ရှိစေရန်၊ ဗလငါးတန် ကောင်းမွန်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလိုစိတ် ရှိလာစေရန် အဓိကရည်ရွယ်ပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးခဲ့ပါ ကြောင်း၊ ယခုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မိမိကိုယ်တိုင် အလေးထား တက်ရောက်အားပေးခဲ့ပါကြောင်း၊ အမျိုးသားရေးအရ ဆောင်ရွက်ရမည့်ပွဲကြီးဖြစ်သဖြင့် လူအား၊ ငွေအား၊ အချိန်အား များစွာစိုက်ထုတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို အမျိုးသားရေး အရ ဆောင်ရွက်ရသည့်ပွဲကြီးကို အားလုံးဝိုင်းဝန်း အားပေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်