အခွန်အခြေတိုးချဲ့ဖော်ထုတ်ရေးနှင့် လွယ်ကူစွာ အခွန်ပေးဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပြီး အခွန်ရှောင်တိမ်းမှုများနှင့် မသမာမှုများကို ဖော်ထုတ်အရေးယူသွားကြရန်လို

နေပြည်တော်  ဒီဇင်ဘာ  ၆


စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ့စီးပွားရေးဘဏ်၏   ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်တွင်း အခွန်များဦးစီးဌာန၏ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း သည့်      ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း တက်ရောက် အမှာစကားပြောကြားသည်။  


ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ


မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ငွေထုတ် ယူမှု၊ ငွေသားလိုအပ်ချက်၊ ငွေသယ်ယူမှု၊ ပင်စင်လစာ ထုတ်ပေးမှုနှင့်   ATM စက်များတွင်   ငွေထုတ်ယူမှု စသည့်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်နှင့် သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊     ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်း၊     လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျ  ဝိုင်းဝန်း ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ပေးရန်     လိုအပ် ကြောင်း။


ဒေသအချို့၌    လုံခြုံရေးအခြေအနေကြောင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ  နှောင့်နှေးမှုများ ရှိနေသော်လည်း သက်ဆိုင်ရာ  ဒေသဆိုင်ရာ အာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်ငွေသွင်းငွေထုတ်ဆောင်ရွက်ရာတွင် မသမာမှု များမရှိစေရန်လိုအပ်ကြောင်း၊   ဘဏ်လုံခြုံရေးကို လည်း အထူးသတိထားဆောင်ရွက်ရန် မှာကြားလို ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် အရေးကြီး ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဘဏ်ဝန်ဆောင်မှုလုပ်ငန်း အခက်အခဲများကို ဘဏ် လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ သော    မြန်မာ့စီးပွားရေးဘဏ်    ဦးဆောင်ညွှန်ကြား ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေ မန်နေဂျာများနှင့် အွန်လိုင်းဖြင့် တက်ရောက်သည့် မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မန်နေဂျာများက တွေ့ကြုံနေရသည့် အခက်အခဲများ နှင့် ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ချက်များကို တင်ပြကြရာ  ပြည်ထောင်စုဝန်ကြီးက  ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
တိုးတက်ရောက်ရှိလာ


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အခွန် ကောက်ခံမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး သို့တက်ရောက်ပြီး မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် GDP အချိုးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊  အခွန်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို   ဆယ်စုနှစ် အတွင်း IMF အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာအကူအညီများ    ရယူဆောင်ရွက်ခဲ့ရာ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်အခွန်စနစ်သို့ တိုးတက်ရောက်ရှိလာကြောင်း။


 တန်ဖိုးဖြည့်အခွန်စနစ် (Value Added Tax - VAT) ဖြင့်  အခွန်တိုးမြှင့်ကောက်ခံရရှိနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အခွန်အခြေ (tax base) တိုးချဲ့ဖော်ထုတ်ရေးနှင့် လွယ်ကူစွာ အခွန်ပေးဆောင် နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပြီး အခွန်ရှောင် တိမ်းမှုများနှင့် မသမာမှုများကို ဖော်ထုတ်အရေးယူသွားကြရန်လိုကြောင်း၊   နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအတွက် ရသင့်ရထိုက်သည့် အခွန်ငွေ များ ပြည့်ပြည့်ဝဝကောက်ခံရရှိအောင် တီထွင်ကြံဆ ဆောင်ရွက်ကောက်ခံကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်ကောက်ခံမှုအပိုင်းတွင် အားနည်းချက်များကို စနစ်တကျ    ကွပ်ကဲကြပ်မတ်ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊  အွန်လိုင်းမှ  ရောင်းဝယ်ခြင်း Account Transfer ဖြင့် ငွေလွှဲပြောင်းပေးချေမှုများ တိုးတက်လာမှုကို အခွင့်ကောင်းယူ၍ အခွန်ကောက်ခံ ရရှိနိုင်မှုနည်းလမ်းများကို  ကြံဆဖော်ထုတ်ကြရန် တိုက်တွန်းလိုကြောင်း၊  အခွန်ကင်းလွတ်ခွင့်ပြုရေး တင်ပြခြင်းကို  စနစ်တကျ  စိစစ်သုံးသပ်တင်ပြ ကြရန်လိုကြောင်း ပြောကြားသည်။ 


ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံတော်ရငွေရရှိရေးကို အလေးထားဆောင်ရွက် သွားရန် ပြောကြားသည်။
ထို့နောက်   အစည်းအဝေးသို့   တက်ရောက် လာသော ပြည်တွင်းအခွန်များဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  အွန်လိုင်းဖြင့် တက်ရောက်သည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးများက တွေ့ကြုံနေရသည့် အခက် အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ချက် များကို  တင်ပြခဲ့ကြရာ   ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်